ဒီနေ့ ပညာရေးမှူးနဲ့တွေ့ဖို့ရယ် လိုအပ်တာတွေ ဝယ်ဖို့အပြင်သွားရန်ပြင်နေတုန်း
* အပြင်သွားဖို့လား...*
စစ်လွန်း အမေးကြောင့် ခေါင်းသာ ငြိမ့်ပြလိုက်ပြီး ဈေးဝယ်ဖို့ စာရင်းမမေ့အောင် အမြန်ရေးလိုက်သည်.....
* ငါလိုက်ပို့ပေးမယ်..... မင်းနဲ့အပြင်အတူတူမသွားရတာလဲကြာပြီကွာ*
*ရပါတယ် မင်း..... Company သွားရမယ်မလား *
* ငါ.... မင်းနဲ့ အပြင်မသွားရတာကြာပြီလေကွာ နော် ....နော်ပါလို့ *
ပြောပြီး ကလေးတယောက်လို လက်မောင်းခိုကာ ပူဆာနေတဲ့ စစ်လွန်းကြောင့် သဘောတူလိုက်သည်။
ဟုတ်ပါတယ် ... သူမြို့ကို မရောက်တာ 3နှစ်တောင်ရှိပြီဆိုတော့ သူလဲ ကျတော်နဲ့အတူတူသွားချင်မှာပဲ ....
အဲ့နောက် ကျတော်တို့နှစ်ယောက်ထွက်ခဲ့သည်။
အရာရာ ပြောင်းလဲ သွားတဲ့ မြို့လေး ...
အရင်က ဒီနေရာတေက သူသွားနေကြပေမယ့် .... ခုတော့ အတိတ်က အမှတ်တရတေပျောက်ကွယ်ပြီး အသစ်သစ်သောတေ ဖြစ်ကုန်ခဲ့ပြီ .... တနေရာသို့ အကြည့်ရောက်သွားတော့ ....* စစ်လွန်း.....ဟို နားက ဓာတ်ပုံဆိုင်လေးရော ....*
* ပြောင်းသွားပြီလေ ....*
* ဘယ်နားရောက်သွားတာလဲ *
* သူတို့က အဲ့ဆိုင်ရောင်းပြီး နိုင်ငံခြား ထွက်သွားတာတဲ့ *
* ဟုလားးးးဒါဆို .......*
ကျတော် အမှတ်တရတွေ တကယ်ကို ပျောက်ဆုံးသွားခဲ့ပြီပဲ ......
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
ဒီနေ့အတန်းမတက်ဘဲ ဥဩ ခေါ်လို့ ဈေးဝယ်လိုက်ပို့ခဲ့ရလေသည်။
* ဥဩ ... ငါမလိုက်တော့ဘူး နင့်ဖာသာ ဝယ်ပြီးတော့သာ လာခဲ့တော့ ငါဆိုင်က စောင့်နေမယ်ဟာ *
* ဟာ နင်ကလဲ.....ငါ့ကို အထုပ်ကူဆွဲပေးအုံးလေ *
* ဘာ.... ကျောင်းပျက်ပြီးတောင်လိုက်ပို့ပေးထားတာကို ဘာအထုပ်ဆွဲပေးရမှာလဲ *
* ဟယ် .... တိုးတိုးအော်ပါ နင်ကလဲ စိတ်ချည်ပဲ ငါက စတာပါ *
ကျတော့အော်သံ ကျယ်သွားတယ်ထင်တယ် ဘေးကဖျတ်သွားတဲ့သူတေပါလှည့်ကြည့်ကြတော့ ကျတော်လဲ နည်းနည်း ရှက်သွားပြီး ....
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)