လေပြေ... ရေချိုးပြီးတော့ ... ပျင်းတာနဲ့ ရွာအဝင်က တမာတန်းတွေဘက် လမ်းလျောက်ထွက်ခဲ့လိုက်သည်။
အရမ်းလှတာပဲ... လမ်းပေါ်မှာ တမာရွက်ဝါဝါလေးတွေနဲ့ လက်ပံပွင့် နီနီလေးတွေကြွေကြနေတာက
စိတ်ထဲလဲ ဘာရယ်မဟုတ် လက်ပံပွင့်လေးတွေ ကောက်ချင်လာတာနဲ့ အပွင့်လေးတွေကောက်ပြီး အပင်တွေဘက်ကနေ လှည့်အထွက်မှာ
လူတစ်ယောက်နဲ့ တိုက်မိလိုက်တော့ မိမိ လက်ထဲမှ လက်ပံပွင့်လေးတွေမှာ ပြုတ်ကြကုန်သောကြောင့်...
* ဟာ...လူတစ်ယောက်လုံးတောင် မမြင်ဘူးလား လမ်းကိုဘယ်လိုလျောက်နေတာလဲ *
ပြောလာတဲ့သူကြောင့်
* Sorry sorry ကျတော်တောင်းပန်ပါတယ်*
အမြန်ပြန်တောင်ပန်ရင်း သူ့လက်ထဲက ကျသွားတဲ့ လက်ပံပွင့်လေးတွေကောက်ပေးရန် ကုန်းအကောက် တဖက်လူမှလဲ မော့အကြည့်
* ဟင်....မင်း ...မင်းးးး*
* ခင်....ခင်ဗျားကြီး*
* ဘာခင်ဗျားကြီးလဲ ...*
အောင်မလေး ဘယ်လိုရေစက်လဲ ဒီတစ်ယောက်နဲ့ဆုံလိုက်တိုင်း တိုက်မိနေတာချည်ပဲ....
ကျတော်လဲ လက်ပံပွင့်တွေ မကောက်တော့ဘဲ လှည့်ထွက်လာလိုက်တော့
ဒင်းတို့ကလဲနောက်ကပါလာသဖြင့်
* ဘာလို့ ငါ့နောက်လိုက်နေတာလဲ ကိုယ့်လမ်းကိုယ်သွားပါလား*
* ဗျာ....ကိုယ့်လမ်းကိုယ်သွားနေတာပါနော် ... ဖြစ်ရတယ် .. ခင်ဗျားနောက် ဘာလို့ကျတော်ကလိုက်ရမှာလဲ *
အဲ ဟုသားပဲ သူတို့လဲ ရွာကိုကြတာဆိုတော့ ဟီးးး ကျတော်လဲ ဘာမှမပြောဘဲ ရှေ့ကသာ မြန်မြန်လျောက်လာလိုက်သည်။
ကြည့်ရတာ မြို့ကနေလာကြတာနေမှာ ဟို... အရီးရဲ့တူလာဖို့ရှိတာများလား မဖြစ်နိုင်ပါဘူး သူတို့က နက်ဖြန်မှလာမှာကို
ဘာမှမတွေးပဲ သင်္ကြန်ကိစ္စတိုင်ပင်ဖို့ သူကြီးအိမ်သာ လှည့်ဝင်ခဲ့လိုက်သည်။
🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃
တိုက်ဆိုင်လိုက်တာဗျာ ... ဒီလူနဲ့မှ လာဆုံရတယ်လို့ .. နေပါအုံး သူက ဒီရွာကလား
YOU ARE READING
🌺 လေပြေရူးရဲ့နွေဦးအချစ် 🌺
Fantasyအားပေးကြအုံးနော် .....😘 ကျတော်ပြန်လာပါပြီဗျာ.......🥰 5th fic 😘 ( 1.3.2024)