Part 11 (ZG)

295 2 0
                                    

မနက်ခင်းရဲ့ အလင်းရောင် တောက်တောက် က သူ့ရဲ့ မျက်နှာပေါ်ကို ကျရောက်နေတယ် ။

တိုင်း ပြုံးလိုက်မိတယ် ၊ သူ့ရင်ဘက်ထဲက နွေးထွေးနေတဲ့ ကိုယ်လုံးလေးက သူ့ကို နေ့တိုင်း ပြုံးပျော်စေတယ် ။ နှာတံဆင်းဆင်းလေး ၊ သူတစ်ခုခု စလိုက်တိုင်း ဒေါသထွက်ပြီး နီရဲနေတဲ့ ပါးပြင်နဲ့ နှုတ်ခမ်း။ သူ့က တည်ရဲ့ အရာအားလုံးကို ချစ်တာ

ပါးပြင်လေးအား ငုံ့နမ်းလိုက်ကာ

"ကျုပ်မာနတံတိုင်းက ခင်ဗျားကို ၁၀နှစ်သားအရွယ်ကတည်းက လိုချင်တက်မက်တာ သိရဲ့လား ခင်ဗျားရယ် "

အိပ်ယာက ထ ပြီး သူ့တည်လေးကို ‌ရေဘက်လေး တိုက်ပေး၊ အင်္ကျီအသစ်လဲပေး လုပ်ပေးလိုက်တာ
အချိန် နည်းနည်း ကြာသွားတယ် ။

ကြက်ရိုးလေးကို မှာပြီး ကြက်ရိုးစွပ်ပြုတ်လေးချက် ။

ညက လှဲထားတဲ့ အိပ်ယာခင်း ကို လျှော် ။ တည်အင်္ကျီလေးကို ရော လျှော်။

တစ်မနက်ခင်းလုံး သူ စင်ဒရဲလား လုပ်နေလိုက်တယ် ။

....
အချိန်အားဖြင့် နေ့လယ် ၂ နာရီ

"တည်တံ့နိုးပီလား မသိဘူး "

အိမ်ပေါ်ကို အမြန်သွားကြည့်ရတယ် ။

တံခါးပေါက်နားအရောက်

ဟော ကြားနေရပီ တည်တံ့စိုးစံရဲ့ အလုပ်များ အရှုပ်တော်ပုံ ။ သူတစ်ခါတစ်လေ စိတ်တိုရတယ် သူ‌ယူထားတာ အလုပ်သရဲကိုလား ဆိုပြီး ပြောပြောနေရတယ် ။

ကြယ်ကို ပြောနေတာ သူ့အလုပ်အကြောင်းတွေ ၊ ကြယ်က လဲ ဖြောင့်ဖြရှာပါတယ် ။ ဒါကို သူလုပ်မယ် လုပ်နေတာ။ နေပါအုံး နောက်နေ့ကျ လက်တွေပါ မလှုပ်နိုင်အောင် F**k ပစ်အုံးမယ်။

‌ကျီ ချောက်

"တည်တံ့ နိုးပီလား "

တည်က အခန်းထဲကို အင်္ကျီ ဂျိုင်းပြတ်နဲ့ ၀င်လာတဲ့ တိုင်းကို ကြည့်ရင်း

"နေကောင်းတာက မကြာသေးဘူး ပြန်ဖြစ်ချင်နေတာလား မင်း "

"တည်တံ့ကလည်း အဖိုးကြီးလိုပဲ "

"ဘာပြောတယ် "

"ထထ စွပ်ပြုတ်လေး ဖြစ်ဖြစ် သောက်လိုက်အုံးနော် "

မောင်ပိုင်စည်းပါရစေWhere stories live. Discover now