3

505 97 1
                                    

#Unicode
အခန်း(၃)
ဘယ်လိုလုပ်မင်းဖြစ်နေရတာလဲ
<<<<<

ချင်ကျိုး၏ ကားပြင်ဆိုင်လေးမှာ လူထုတရားရုံးနှင့် ဆယ်မိနစ်မျှသာ လမ်းလျှောက်ရသော အကွာအဝေးရှိသည့် လမ်းဟောင်းဧရိယာတွင် တည်ရှိနေသည်။

ညနေခင်းအချိန်တိုင်းတွင် အိမ်ပြန်ကြသော ရုံးဝန်ထမ်းများအပါအဝင် ခွေးနှင့်လမ်းလျှောက်ထွက်သော အဘိုးအိုများပါ သူ့ဆိုင်ရှေ့မှ ဖြတ်သွားကြလေသည်။

ချင်ကျိုးက ဒုတိယထပ်ရှိ ဥပဒေအကျိုးဆောင်ကုမ္ပဏီ၏ ပြတင်းပေါက်တွင် နေ့ခင်းပိုင်း၌ ယန်းရှီးယွီကြောင့် ထွက်ခဲ့ရသည့်ဒေါသများကို ဆေးလိပ်သောက်ရင်း ဖြေလျှော့နေသည်။ အောက်ဘက်မှ လူများကိုကြည့်ရင်း တစ်ခါတစ်ရံတွင် သူရင်းနှီးနေသော မျက်နှာအချို့ကို ဖြတ်သွားဖြတ်လာအဖြစ် မြင်ရသော်လည်း ထိုသူတို့ကို သိနေသည်ဟု မခံစားနေပေ။

ခဏအကြာတွင် စွန်းရီက သူ့လက်ထဲမှ တက်ဘလက်ကို ချင်ကျိုးလက်ထဲထည့်လိုက်ပြီး ပုံတစ်ခုကိုချဲ့ပြရင်း မေးလိုက်သည်။
"ဒီလူလား?"

ချင်ကျိုးက တစ်ချက်မျှစောင်းငဲ့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်..."

ထိုပုံမှာ လူအုပ်ထဲပစ်ချလိုက်လျှင်ပင် ပေါ်လွင်ထင်ရှားခြင်းမရှိသော အသက်လေးဆယ်အရွယ် ယောက်ျားတစ်ယောက်၏ ID ဓာတ်ပုံပင်ဖြစ်သည်။

"ဒါ သတင်းထဲက ကုန်တင်ကားဒရိုက်ဘာမဟုတ်လား?"
စွန်းရီက web pageတစ်ခုကို နှိပ်လိုက်ပြီး မနက်ခင်းသတင်း၏ ခေါင်းစီးပိုင်းသတင်းကို ဖွင့်လိုက်သည်။ သူက သတင်းပါအကြောင်းအရာများကို ဖတ်ပြီး ချင်ကျိုးကို ကြည့်ရင်းပြောလိုက်သည်။
"ဒါဆို တရားသူကြီး ချင်ဝေ့ဆိုတာက..."

"သူက ငါ့အဖေ..."
ချင်ကျိုးက အတည်ပြုပေးလိုက်သည်။
"ဒီကုန်တင်ကားဒရိုက်ဘာက ငါ့မိဘတွေကိုသတ်ခဲ့တာ..."

စွန်းရီက ထိုစကားကိုကြားပြီး ထိုစိတ်မကောင်းစရာသတင်းကို မည်သို့တုန့်ပြန်ရမလဲ မသိတော့သည့်ပုံဖြင့် နံရံ တခြားတစ်ဖက်ကို မှီလိုက်ရသည်။ အချိန်အတော်ကြာတော့မှ စကားတစ်ခွန်းပြောလိုက်နိုင်သည်။
"ချင်ကျိုး... မင်းအဖေက တရားသူကြီးတစ်ယောက်မှန်း ငါမသိခဲ့ဘူး..."

Blank Charge (Myanmar Translation)Where stories live. Discover now