15

339 77 0
                                    

#Unicode

အခန်း(၁၅)
ဒီနေ့ည ကျွန်တော်နဲ့အတူတူ အိပ်ပါလား
<<<<<

ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားခဲ့၍ ယန်းရှီးယွီက သိသိသာသာကို အံ့အားသင့်သွားပုံပေါ်လေသည်။ ခဏအကြာတွင်မှ ယန်းရှီးယွီက မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျော့ပြီး ပေါ့ပေါ့ပါးပါးပြန်မေးလာသည်။
"မင်းရဲ့ အခန်းကရော သန့်ရှင်းသပ်ရပ်နေလို့လား?"

လွန်ခဲ့သည့် ကိုးနှစ်ကို ပြန်သွားကြည့်မည်ဆိုလျှင် ချင်ကျိုး၏အခန်းက အမြဲတမ်း သပ်ရပ်သန့်ရှင်းနေခြင်းမရှိခဲ့ပေ။

အဝတ်အစားများ ခြေအိတ်များက အိပ်ရာပေါ်သို့ ဖြစ်သလို ပစ်တင်ခြင်းခံရသလို တစ်ခါတစ်ရံတွင် စားပွဲခုံက အလွန်ရှုပ်ပွနေတတ်ပြီး သူ့ကို စာပြရန်နေရာပင်မရှိဖြစ်တတ်၍ ယန်းရှီးယွီက ချင်ကျိုးကို သန့်ရှင်းရေးလုပ်ရန် အမြဲပြောရလေ့ရှိသည်။

ယန်းရှီးယွီ ချင်ကျိုး၏အခန်းကို သန့်ရှင်းရေးလုပ်ပေးနေချိန်တိုင်း ချင်ကျိုးက အိပ်ရာပေါ်တွင် ပျင်းတိပျင်းတွဲလှဲလျောင်းရင်း ယန်းရှီးယွီကို ကြည့်နေရင်း ပြန်ပြောတတ်သည်။
"ဆရာလေးယန်းကတော့ အရမ်းကို အလုပ်ကြိုးစားတာပဲ..."

ထို့နောက်တွင် ယန်းရှီးယွီက ချင်ကျိုးကို ဤကဲ့သို့ ပြန်ပြောပေလိမ့်မည်။
"မင်းဘာသာမင်း သန့်ရှင်းရေးလုပ်တတ်ဖို့ သင်မှဖြစ်မှာ...."

တစ်ယောက်တည်းနေသည့် ပထမနှစ်အနည်းငယ်အတွင်းတွင် ချင်ကျိုး၏အိမ်က ခွေးလှောင်အိမ်တစ်လုံးလို ညစ်ပတ်ရှုပ်ပွနေတတ်သည်။ အဝတ်အစားများကို တစ်ပတ်ကျော်သည်အထိ မလျှော်ဘဲ အပုံလိုက်ပစ်ထားတတ်သည်။

သို့သော်လည်း ဘဝထဲတွင် ရှိသောအရာများစွာက ရုတ်တရက်ပြောင်းလဲသွားတတ်သည်။ ဥပမာဆိုရလျှင် ရုတ်တရက်ဆိုသလို ဂိမ်းများမဆော့တော့ခြင်း၊ ရုတ်တရက်ဆိုသလို စာလေ့လာချင်လာခြင်း၊ ရုတ်တရက်ဆိုလို အခန်းသန့်ရှင်းရေးလုပ်နည်းကို သင်ယူချင်လာခြင်းနှင့် ရုတ်တရက်ဆိုသလို စဉ်းစားတွေးခေါ်တတ်လာခြင်းတို့ပင် ဖြစ်ကြသည်။

Blank Charge (Myanmar Translation)Where stories live. Discover now