4

464 90 0
                                    

#Unicode
အခန်း(၄)
ဆေးလိပ်မသောက်နဲ့
<<<<<

ဤအဆောက်အဦးတွင် နေထိုင်ကြသူအများကြီးမရှိ၍ အလွှာတိုင်းတွင်ရှိသော အခန်းအများစုက ဗလာကျင်းနေကြပြီး ကြော်ငြာစာရွက်များစွာက တံခါးအဟကြားတွင် ပြွတ်သိပ်နေကြသည်။

ရှည်လျားလှသော ကော်ရစ်တာ၏အဆုံးနှစ်ဖက်တွင် ပြတင်းပေါက်တစ်ချပ်ဆီရှိနေသည်။ အပြင်ဘက်ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေပြီး သစ်ပင်ကြီးများက အလင်းရောင်ကိုကွယ်ထားသဖြင့် ကော်ရစ်တာကိုပိုမိုမဲမှောင်နေစေသည်။

ချင်ကျိုးက ကော်ရစ်တာအဆုံးတစ်ဖက်မှ ပြတင်းပေါက်နားတွင် မတ်တတ်ရပ်နေပြီး ယန်းရှီးယွီလိမ်ချိုးထားသော သူ၏ညာဘက်ပခုံးကို ပွတ်နေကာ သူ့နောက်တွင်ရှိသော လူကိုကြည့်ပြီးမေးလိုက်သည်။
"ဒီမှာဘာလာလုပ်နေတာလဲ?"

လာရုံတင်မက ထိုသို့ပင် ဝတ်စားထားသေးသည်။

အနက်ရောင် ဘေ့စ်ဘောဦးထုပ်၊ အနက်ရောင် ဂျာကင်အတို၊ အနက်ရောင် ဘောင်းဘီနှင့် အနက်ရောင်မာတင် ဖိနပ်များကို ဝတ်ဆင်ထား၍ မသင့်တော်၍သာမဟုတ်လျှင် ချင်ကျိုးက ယန်းရှီးယွီကို အနက်ရောင်အတွင်းခံပင် ဝတ်ထားသေးလားဟု မေးလိုက်ချင်သည်။

သို့သော်လည်း တရားသူကြီးဝတ်ရုံလို လျော့ရဲကာ ကြီးမားနေသည်မဟုတ်၍ ထိုဝတ်စုံက ယန်းရှီးယွီ၏ ပခုံးပြင်ကျယ်ကျယ်၊ ခါးသွယ်သွယ်နှင့် ခြေတံရှည်များကို ပေါ်လွင်နေစေ၍ အတော်လေးချောမောခန့်ညားနေစေသည်။

"ငါကမှ မင်းကို အဲ့မေးခွန်းမေးရမှာလားလို့?"
ယန်းရှီးယွီက ချင်ကျိုးတစ်ယောက် သူ၏ဝတ်စားပုံကို စေ့စေ့စပ်စပ်ကြည့်နေကြောင်း မသိနေပေ။ သူ့မျက်နှာက ပြတင်းပေါက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး ချင်ကျိုးကို လှမ်းကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးတို့ကဘေ့စ်ဘောဦးထုပ်အောက်တွင် ဖုံးကွယ်နေ၍ မည်သည့် ခံစားချက်မှ ပေါ်ထွက်မနေချေ။

ဤမေးခွန်းကိုသာပြန်မေးခံလိုက်ရ၍ ချင်ကျိုးလည်း ရယ်ချင်သလိုလိုဖြစ်သွားရသည်။ ယန်းရှီးယွီက လူတွေကိုစနောက်ရတာ ကြိုက်တယ်ဆိုတာ သူဘယ်လိုလုပ် သတိမထားမိခဲ့ပါလိမ့်?

Blank Charge (Myanmar Translation)Where stories live. Discover now