22.1

250 38 0
                                    

#Unicode
အခန်း (၂၂)
တရားခွင်မှ နှင်ထုတ်ခံရခြင်း
<<<<<

တစ်လဆိုသည်မှာ သည်းခံရန် အလွန်ခက်ခဲလှပေသည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ချင်ကျိုး စတင်နောင်တ ရမိလာတော့သည်။ သူ အလှတရားကြောင့် မျက်လုံးကန်းသွားခဲ့ရသည်။ ယန်းရှီးယွီက သူ့ကို အနည်းငယ်ပိုကြာအောင် နမ်းခဲ့ရုံဖြင့် သူက တစ်လစာတန်သည့် အနမ်းဟု သဘောတူမိခဲ့သည်။ ဤသည်က ဒစ်စ်ကောင့် အကြီးကြီး ပေးလိုက်မိသလိုပင်။

ချင်ကျိုး ယန်းရှီးယွီကို မတွေ့ရသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ တစ်နေ့သော နေ့လည်ခင်းတွင် သူ၏ လိမ်ညာ၍ကြေငြာခြင်းအမှုမှ တရားခွင်အတွက် သက်သေများကို ပြင်ဆင်ပြီးနောက်တွင် တရားရုံးသို့တင်ပြရန် စီစဉ်လိုက်သည်။

သူ ကားပြင်ဆိုင်ထဲမှထွက်လာချိန်တွင် ဘတ်စ်ကားမှတ်တိုင်ရှိ ကြော်ငြာစခရင်တွင် ပြသနေသော အရာတစ်ခုကိုသတိထားလိုက်မိသည်။ ထိုအရာက ရဲဌာနမှ အဆောက်အဦးဟောင်းကြီးတွင် ဖြစ်သွားခဲ့သည့် လူသတ်မှုတွင် သက်သေများကိုရှာပေးနိုင်လျှင် ယွမ်တစ်သောင်းဆုချမည်ဆိုသည့် သတင်းပင်ဖြစ်သည်။

"သူတို့အခုထိ တရားခံကို မမိကြသေးဘူးလား..."
ချင်ကျိုး တီးတိုးရေရွတ်လိုက်မိသည်။

တရားရုံးသို့ရောက်ပြီး သက်သေများကိုတင်ပြသည်က မိနစ်အနည်းငယ်သာကြာပေသည်။ သတင်းပြန်တမ်းမျက်နှာပြင်တွင် ယန်းရှီးယွီက လက်ရှိတွင် သေနတ်အတုအပပြုလုပ်မှုကို စစ်ဆေးနေသည်ဟု ပြသနေသဖြင့် လတ်တလော အားလပ်နေသည်ဖြစ်သောချင်ကျိုးလည်း ယန်းရှီးယွီရှိရာ တရားခွင်သို့ ချီတက်သွားလေတော့သည်။

တရားသူကြီးဝတ်ရုံ ဝတ်ထားသော ယန်းရှီးယွီက ခပ်တန်းတန်းခံစားချက်ကိုပေးစွမ်းနေပြီး လူများကို သူ့အနားမကပ်ရဲဖြစ်စေသည်။

သို့သော်လည်း အနာမကျက်သေးသည့် သူ၏နှုတ်ခမ်းကို ထိနေရင်း ချင်ကျိုးက ယန်းရှီးယွီကို တရားသူကြီးထိုင်ခုံပေါ်သို့ ဖိထားသည့် မလျော်မကန်ပုံရိပ်တို့ကို မြင်ယောင်လာမိလေသည်။

Blank Charge (Myanmar Translation)Where stories live. Discover now