17

340 72 5
                                    

#Unicode
အခန်း(၁၇)
ငါတို့နှစ်ယောက် ချိန်းတွေ့နေကြတာနဲ့ တူတယ်လို့ မထင်မိဘူးလား?
<<<<<

ယန်းရှီးယွီက တရားသူကြီးမင်းတစ်ဦးနှင့် သက်ဆိုင်သည့် ပညာတတ်တစ်ဦးကဲ့သို့ ရောင်ဝါမျိုး လုံးလုံးလျားလျား ကင်းမဲ့နေသော အနက်ရောင် ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ခဲ့သည်။

ချင်ကျိုးအတွက် ထိုဝတ်စုံနှင့် ယှဉ်လျှင် ယန်းရှီးယွီကို ခန့်ညားထည်ဝါကာ မည်သူမှထိမရသော ခံစားချက်ကို ပေးစွမ်းသည့်  တရားသူကြီးဝတ်ရုံ ဝတ်ထားသည်ကို ပိုမိုနှစ်သက်သည်။ သူ မထိနိုင်လျှင် မည်သူ့ကိုမှလည်းမထိစေချင်ပေ။

သို့သော်လည်းချင်ကျိုး၏ ဒုတိယအတွေးတွင် ယန်းရှီးယွီတစ်ယောက် ထိုကဲ့သို့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်ကို မြင်ဖူးသည့်လူက သူတစ်ယောက်တည်းသာဖြစ်နိုင်၍ အတော်လေး ကောင်းမွန်လှသည်ဟု ခံစားနေရသည်။

နှစ်ယောက်သား လှေကားမှဆင်းလာချိန်တွင် နေဝင်သွားပြီးပြီဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး သာမန်အိမ်ထောင်စုများ၏ မိသားစုဆန်ဆန်လေထုတို့ဖြင့် ပြည့်နှက်နေလေသည်။

သူတို့နှစ်ယောက် ယန်းရှီးယွီ၏ ပေါ်လွင်ထင်ရှားခြင်းမရှိသော ကားဆီသို့ ရောက်ချိန်တွင် ချင်ကျိုးက ယာဉ်မောင်းထိုင်ခုံရှိရာ တံခါးနားသို့ လက်ဦးမှုအရယူ၍သွားလိုက်ပြီး ယန်းရှီးယွီဘက်သို့ ညာဘက်လက်ကိုဆန့်တန်းလိုက်သည်။
"သော့ပေး..."

တည်နေရာကို သိသူက ချင်ကျိုးတစ်ယောက်တည်းသာရှိပြီး သူ့တွင် ယန်းရှီးယွီကို ပြောပြရန် ရည်ရွယ်ချက် လုံးဝမရှိပေ။

ကားသော့ကို ကိုင်ထားသော ယန်းရှီးယွီက လုံးဝမလှုပ်ရှားလာသေးပေ။
"ငါ့ကားကို မတိုက်မိစေနဲ့... ယာဉ်စည်းကမ်းလည်း တစ်ခုမှ မချိုးဖောက်နဲ့..."

ဆေးလိပ် မသောက်ခိုင်းခြင်းနှင့် မကောင်းသည့် လူများနှင့် သူငယ်ချင်းမလုပ်ခိုင်းခြင်း ဟူသော အမိန့်များအပြင် ချင်ကျိုးက ယန်းရှီးယွီထံမှ အခြားသော အမိန့်အသစ်တစ်ခုကို သော့ဖွင့်လိုက်နိုင်ခဲ့သည်။ သူ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
"ဟုတ်ကဲ့ပါ တရားသူကြီးမင်းခင်ဗျာ... ကျွန်တော်မျိုး လိုက်နာပါ့မယ်...."

Blank Charge (Myanmar Translation)Where stories live. Discover now