20.1

261 39 6
                                    

#Unicode
အခန်း(၂၀)
ငါ့ခါးကျိုးတော့မယ်ဟ
<<<<<

ရေချိုးသန့်စင်ပြီးနောက်တွင် ချင်ကျိုးက ဆိုဖာပေါ်တွင်လှဲလျောင်းနေပြီး ယန်းရှီးယွီထုတ်ပေးထားသော စောင်ပါးတစ်ထည်ကို ခြုံလွှမ်း၍နေနေလေသည်။

ယန်းရှီးယွီက ဖိုင်တွဲများကြားတွင် လှန်လှောရင်း အသေအချာလေ့လာနေသဖြင့် အလုပ်လုပ်ရန် တစ်ပုံကြီးရှိနေပုံ ပေါ်နေသည်။ တံခါးအဟကြားမှ စိမ့်ထွက်လာသော အလင်းမှိန်မှိန်တို့နှင့်အတူ စာရွက်လှန်သံဖျော့ဖျော့တို့က ချင်ကျိုးကို ချော့သိပ်နေသလိုဖြစ်နေ၍ အလျှင်အမြန် အိပ်ပျော်သွားရသည်။

ခြုံစောင်ပေါ်တွင် ယန်းရှီးယွီ၏ အငွေ့အသက်တို့ သယ်ဆောင်ထားလျက်ရှိသော်လည်း သေးငယ်လှသောဆိုဖာလေးပေါ်တွင် အိပ်စက်ရန်မှာ သက်တောင့်သက်သာမရှိလှပေ။

သိပ်မကြာခင်တွင် ချင်ကျိုးတစ်ယောက် အပေါ့သွားချင်စိတ် ပြင်းပြလာသည်။ ရီဝေဝေဖြင့် ထလိုက်ပြီး အိမ်သာသို့သွားကာ အပေါ့သွားလိုက်သော်လည်း ဆိုဖာပေါ်ပြန်သွားအိပ်မည့်အစား အမှောင်ထုတို့ဖုံးလွှမ်းနေသော တံခါးလက်ကိုင်ပေါ်သို့ လက်တင်လိုက်လေသည်။

တံခါးလက်ကိုင်ကို လှည့်ဖွင့်လိုက်သော်လည်း တံခါးက သော့ချထားခြင်းခံရလေသည်။ ၎င်းက ယန်းရှီးယွီ၏ စာဖတ်ခန်းဖြစ်သည်။

ချင်ကျိုး လှည့်ထွက်သွားလိုက်ကာ နောက်ထပ် တံခါးတစ်ခုရှေ့သို့သွားလိုက်သည်။ ထိုအချိန်တွင် ထိုအခန်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်လေတော့သည်။

ယန်းရှီးယွီက ကုတင်ပေါ်တွင် ဘေးတစောင်းလှဲလျောင်းနေပြီး ပြတင်းပေါက်ဘက်သို့ မျက်နှာမူထားသည်။ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် ထိုသူ၏ ခန္ဓာကိုယ်က ငြင်သာစွာဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး အိပ်မောကျနေကြောင်း ဖော်ပြနေသည်။

ချင်ကျိုးက အိမ်သာသွားရန် ခဏမျှထလာခြင်းဖြစ်ပြီး အိပ်ရမည့် အိပ်ရာကို မသိစိတ်အရ လိုက်ရှာနေခြင်းဖြစ်သည်။ အိပ်ချင်မူးတူးဖြင့် စောင်ကို မတင်လိုက်ပြီး ယန်းရှီးယွီ၏အနောက်သို့ တိုးကပ်ကာ အိပ်လိုက်ပြီး တစ်ဖက်လူကို သက်တောင့်သက်သာဖြင့် ထွေးပွေ့လိုက်သည်။

Blank Charge (Myanmar Translation)Where stories live. Discover now