Chapter - 3

197 32 2
                                    

[song recommendation: meaning of you// IU(feat Kim Chang Wan]

ဒီအပတ်အတွင်းအပြီးလုပ်ရမယ့် ပရောဂျက်ကိစ္စတွေကြောင့် ဂျီအွန်းတို့တစ်ဖွဲ့လုံး လုံးဝမအားကြ။ လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က အမှုနဲ့ပတ်သက်ပြီး လုပ်ရတဲ့ပရောဂျက်ဖြစ်၍ info တွေရှာရခက်တာကြောင့် တစ်ချို့ရက်တွေဆိုရင် နယ်ဝေးအထိသွားရသည်။ ဒီနေ့လည်း သောကြာနေ့ဖြစ်သည့်တိုင် ညမိုးချုပ်မှပြန်ရောက်တာကြောင့် ကျောင်းမှာထားခဲ့တဲ့ စက်ဘီးကိုယူပြီး မက်သရူးဆီချက်ချင်းသွားခဲ့တာတောင် အလုပ်ဆင်းသွားပြီဆိုသောစကားမှာ အမောဆို့ရသည်။

မက်သရူးနဲ့ပတ်သက်ပြီး ဂျီအွန်းသိတာဆိုလို့ နာမည်ရယ်၊ သောကြာနေ့တိုင်းသီချင်းလာဆိုသောနေရာရယ်၊ တစ်ခါသာဆုံခဲ့ဖူးသောကော်ဖီဆိုင်ရယ်သာရှိသည်။ အဖွဲ့လိုက်ပရောဂျက်ဖြစ်တာကြောင့် ကျောင်းနဲ့နီးသည့်သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာပဲစုအိပ်ဖြစ်ကြတော့ ကော်ဖီဆိုင်ကိုလည်းမရောက်ဖြစ်ပါ။ တစ်ခါတစ်ရံ အဝတ်အစားယူရန် အိမ်ပြန်တဲ့အခါကျတော့လည်း မက်သရူးကမရှိတော့။

ဂျီအွန်း ကိုယ့်အဖြစ်ကိုပြန်တွေးပြီး ရယ်ချင်မိသည်။ တစ်ဖက်လူရဲ့ ဦးနှောက်ထဲမှာ သူကမှတ်ဥာဏ်သေးသေးလေးအနေနဲ့ တစ်နေရာလောက်ယူထားဖို့တောင် ရာခိုင်နှုန်းအလွန်နည်းနေပေမယ့် သူ့ရဲ့နေ့ရက်တွေကိုတော့ ထိုတစ်စုံတစ်ယောက်က လွှမ်းမိုးထားသည်တဲ့။ အစပိုင်းတော့ သူကိုယ်တိုင်လည်းလက်မခံချင်ခဲ့ပါ။ သို့သော် ဂျီအွန်း အိပ်မက်တွေအထိ ရဲရဲတင်းတင်းဝင်လာပြီး စိတ်နှလုံးအစုံက အနီးကပ်မြင်ဖူးခဲ့သော မှဲ့နက်တွေဆီ အလည်ရောက်သွားတဲ့အခါတိုင်း ပေါက်ဖွားလာတဲ့ရင်ခုန်သံတွေကို ငြင်းမရအောင် သူ့နှလုံးသားက မက်သရူးဆိုတဲ့အမည်နာမကိုရင်းနှီးနေပြီဖြစ်သည်။

အချိန်အားဖြင့် နောက်ကျနေပြီဖြစ်သော်လည်း နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ အကြည့်ကိုဖြန့်ကြက်ထားသော်လည်း အရိပ်အယောင်နဲ့တူတာလေးတောင်မတွေ့။ သို့သော် ပြန်ချင်စိတ်လည်းမရှိသေးတာကြောင့် ဆက်ရှာနေမိတာပဲ မှန်သွားတယ် ပြောရမည်။ ဖြတ်ကျော်လာခဲ့တဲ့ ဘယ်နှစ်ခုမြောက်မှန်း မသိတော့တဲ့ မှတ်တိုင်တစ်ခုမှာတော့ ထိုင်ခုံထောင့်မှာ လွယ်အိတ်ကိုပိုက်ပြီး အိပ်ငိုက်နေသော ဆော့မက်သရူးကိုတွေ့လိုက်ရသည်လေ။

ApricityWhere stories live. Discover now