"Kim DoYoung!.. အိပ်ရာခုထိမထသေးဘူးလား ?"
ဒီအသံကတော့ Kim မိသားစုအိမ်ကလေးရဲ့ မနက်ခင်းတိုင်းကြားနေကျ မာမားကင်မ်ရဲ့အသံဖြစ်သည်။
သစ်ပင်ပန်းမန်တွေနဲ့စိမ်းစိုနေတဲ့ခြံဝန်းလေးရယ်
နေချင်စဖွယ် အဖြူရောင်နှစ်ထပ်တိုက်လေးမှာ ကင်မ်မိသားစုနေထိုင်သည်။မိသားစုဝင်သုံးယောက်ထဲရှိပြီး ပါပါးကင်မ်ကKim Group CEO၊ မာမားကင်မ်ကတော့ အိမ်ရှင်မပေါ့။
တစ်ဦးတည်းသောသားဖြစ်သည့်Kim DoYoung မှာအထက်တန်းကျောင်းသားပင်ဖြစ်နေလေပြီ။
ဘယ်လိုပင်အရွယ်ကြီးလာပါစေ ကလေးဆန်နေတုန်းဖြစ်သည့် Kim DoYoung မှာ မိဘနှစ်ပါးအား ကပ်ချွဲကောင်းတုန်းပင်။"ရား...Kim DoYoung! ''
DoYoung မာမားအော်သံကိုကြားပေမဲ့
နားကိုခေါင်းအုံးနဲ့ပိတ်ကာ ပြန်အိပ်လိုက်သည်။
မာမားကင်မ်မှာ ဒီလောက်အော်နှိုးနေတာတောင်အိပ်ရာကထမလာသည့်သားတော်မောင်ကြောင့်
ချက်လက်စဟင်းအိုးကိုမီးပိတ်လို့ ယောင်းမကိုင်ကာ အပေါ်ထပ်အိပ်ခန်းဆီတက်လာလိုက်သည်။"DoYoungie's Roomဆိုသည့်Name tagလေးနဲ့အခန်းတံခါးကိုဖွင့်လိုက်တော့ တွေ့ပါပြီ။
အရုပ်တွေကြားမြုပ်နေသည့်အပြင် ခေါင်းအုံးနဲ့နားကိုအုပ်ကာအိပ်နေသည့်သားဖြစ်သူရဲ့ လုံးထွက်နေသည့်တင်ပါးအား ယောင်းမနဲ့ တစ်ချက်ဆော်ထည့်လိုက်သည်။အဲ့တော့မှ
"အား..မာမား! နာတယ်လို့ "အရိုက်ခံလိုက်ရ၍နာသွားသောတင်ပါးလေးအား ပွတ်ကာ အိပ်ရာထက်ထထိုင်လာတဲ့ သူမရဲ့ သားပေါက်စ။''ထတော့ အောက်မှာ ပါပါးကမနက်စာစားဖို့်စောင့်နေပြီ ထ မျက်နှာသစ် ရေမိုးချိုးပြီးဆင်းခဲ့
ကျောင်းလဲသွားရအုံးမှာကို ထတော့ ""ဟုတ် မာမား"ဟုဆိုကာ အိပ်ချင်မူးတူးဖြင့် ရေချိုးခန်းထဲဝင်သွားတဲ့ သားကိုကြည့်ပြီး မာမားကင်မ်မှာ ပြုံးကြည့်နေမိပြီးမှ သားအိပ်ရာကိုသိမ်းပေးနေလိုက်သည်။
ရေချိုးပြီးရင် ဝတ်ရမယ့်ကျောင်းဝတ်စုံကိုပါထုတ်ပေးခဲ့ပြီး အောက်ထပ်ပြန်ဆင်းလာလိုက်သည်။မီးဖိုခန်းထဲဝင်လာတော့ ထမင်းစားပွဲမှာထိုင်စောင့်နေတဲ့ ပါပါးကင်မ်က
YOU ARE READING
He Is My Baby Hyungie
Short StoryJust my imagination! So,Don't blame my idols (Burmese not english)