Part 4

72 10 0
                                    

"ငါ ဘယ်လိုဆက်လုပ်ရမလဲ???"အတန်းထဲထိုင်နေရင်း အစမရှိအဆုံးမရှိထပြောလာတဲ့ JungHwanကြောင့် ဘေးက စာကျက်နေတဲ့
JeongWooမှာကြောင်သွားရသည်။

"မင်းဘယ်သူ့ကိုပြောနေတာလဲ "

"ငါ့နားမှာ မင်းအပြင် ဘယ်သူရှိသေးလို့လဲ မင်းကိုပြောနေတာပေါ့"

"မသိဘူးလေ..မင်းဟာက ရုတ်တရက်ကြီးဆိုတော့...ပြီးတော့ မင်းကဘာကိုဆက်လုပ်ဖို့်တွေးနေတာလဲ "

"ငါ့Hyungအသေးလေးဆီက အဖြေရဖို့ကိုပြောနေတာ ငါဘာဆက်လုပ်ရင်ကောင်းမလဲ ဟင်..JeongWoo"

"အဖြေရချင်တာများတောင်းလိုက်ပေါ့...ဘာခက်တာမှတ်လို့"
ဟုတ်တယ်...တကတည်း လူကို အာရုံလာစားနေတယ်...စာကျက်လို့်မရ,ရတဲ့ကြားထဲ သူကတစ်မျိုး။

"မင်းပြောတော့လွယ်လိုက်တာ...မင်းမသိတာလဲမဟုတ်ဘဲနဲ့ Hyungအသေးလေးက ငါ့တွေ့တာနဲ့ပြေးတာမှတန်းနေတာပဲ..."

"အဲ့တော့ ငါလဲမပြောတတ်ဘူး ဟေ့ရောင်...နော် စာလေးဘာလေးကြည့်ဖို့လုပ်အုံး အတန်းတင်ကနီးလာနေပြီ လူကျမကျဘဲ ခွေးကျ,ကျကုန်မယ် Ok?"JeongWoo ပြောလိုက်တော့ ဆရာသမားက တစ်ခုခုကို စဥ်းစားခန်းဖွင့်နေဟန် မေးစေ့ကို လက်ဖြင့်ပွတ်နေသည်..ပြီးမှ

"ဟုတ်ပြီ!!!"ရုတ်တရက် ထအော်ပြန်တဲ့ သကောင့်သားကြောင့် JeongWooလန့်သွားကာ လက်ထဲကိုင်ထားတဲ့ Text Bookကိုပါ ယောင်ယမ်းပြီးလွှင့်ပစ်မိသည်အထိ....

"ဟာ..Shii...ဘာထဖြစ်ပြန်ပြီလဲကွာ"

"ဟဲဟဲ...sorry သူငယ်ချင်း ငါideaတစ်ခုစဥ်းစားမိလို့"

"ပြောစမ်းပါအုံး..."JeongWoo မေးဆတ်ပြကာ မေးလိုက်တော့

"ဒီလိုကွာ...ငါတို့အတန်းတင်လဲနီးနေပြီမလား "

"အင်းလေ..အဲ့ဒါကြောင့် ငါမင်းကို စာကြည့်တော့ဖို့ပြောနေတာလေ ငါတောင် စာစကျက်နေပြီကို"

"အေး..အဲ့ဒါပဲ "

"ဘာကိုလဲ????"

"Hyungအသေးလေးကို စာသွားသွားမေးမယ်လေ ငါတို့််.."

"ငါတို့???..."JeongWoo သူ့ကိုယ်သူရော JungHwanကိုပါ လက်ညှိုးညွှန်ပြရင်း မေးလာတာမို့

He Is My Baby Hyungie Where stories live. Discover now