"Hey..Hyungအသေးလေး.."ဆိုသည့် အနောက်ပါးဆီက ထွက်လာတဲ့ခေါ်သံကြောင့် DoYoung လန့်သွားကာ ခြေလှမ်းတွေကိုအရှိန်မြှင့်ပြီး အတန်းရှိရာဆီပြေးမိတော့သည်။
အဲ့အသံပိုင်ရှင်ကိုတော့ လှည့်ကြည့်စရာမလိုဘဲနဲ့ကိုသိပါသည်။
ဂျူနီယာတန်းကကောင်လေး.. So JungHwan.. တစ်ကျောင်းလုံးမှာ အဲ့ကောင်လေးကို မသိသူမရှိ..So Groupရဲ့ တစ်ဦးတည်းသောသားဖြစ်ကာ ရုပ်ရှိရေလျှံ ဥစ္စာပေါရုပ်ချော ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖိုက်တာကောင်လေးဖြစ်သည်။အဲ့ကောင်လေးက လတ်တလော DoYoungကို ဘာလို့မျက်စိကျနေသည်မသိ..အတင်းဝင်ရောကာ မထိတထိလိုက်စနောက်နေတတ်သည်။
မနေ့ကတော့ အဆိုးဆုံးပင်..ဘာလို့ဆို DoYoung ကိုရည်းစားစကားပြောလိုက်တာကြောင့်ပင်ဖြစ်သည်။အရင်ကထဲက ဖိုက်တာလူဆို်းဆိုတဲ့ သူ့ဂုဏ်ပုဒ်ကြီးကိုကြောက်ရတဲ့အထဲ အခုဆို ရည်းစားစကားအပြောခံထားရလို့ ရှက်တာပါထပ်ပေါင်းလိုက်လေတော့ ရှက်ကြောက်ကြီးဖြစ်နေကာ လူကိုမမြင်ရရင်တောင် အသံကြားတာနဲ့တင် DoYoungကွေ့ပတ်ရှောင်ပါသည်။
သူ့အနားမှာ ဒီလောက်ထိ အချောအလှလေးတွေပေါနေတာကို ဘာလို့များ DoYoungကိုရွေးလိုက်သလဲ စဥ်းစားလို့ကိုမရဘူး။
ဘာလို့ဆို DoYoung ကရုပ်မှမချောဘဲနဲ့ကို...
(A/N-ရှင်ပဲပြောတော့...ဆျာဒိုရေ)"ဟာ...."JungHwanမှာ Hyungအသေးလေးရဲ့ လွယ်အိတ်ကနေ Key Chainလေးပြုတ်ကျကျန်နေခဲ့တာတွေ့လို့ ကောက်ပြီးပြန်ပေးမလို့ လှမ်းခေါ်လိုက်တာကို ကိုယ်ခေါ်လိုက်ကာမှ ခြေလှမ်းတွေ၂ဆမြှင့်ကာ စာသင်ခန်းတွေဘက်ပြေးသွားလေတဲ့ Hyungအသေးလေးကြောင့် အာမေဋိတ်အသံတောင်ထွက်သွားရသည့်အပြင် နှစ်ခြိုက်စွာနဲ့လဲ ပြုံးမိသွားရသည်...Hyungပေါက်စပြေးသွားတာများ လုံးနေတာပဲ ယုန်ပေါက်ကလေးကျလို့ ချစ်စရာလေး။
JungHwan Hyungအသေးလေးပြေးသွားတဲ့ဘက်အား ကြည့်နေစဥ် အနောက်ကနေ ရုတ်တရက် ကျောပြင်ဗျောတင်ခံလိုက်ရတာကြောင့် 'အုံး'ဆိုသည့်အသံနဲ့အတူ လူကအရှေ့ပါယိုင်သွားရသည်။
အသားနာရင် စိတ်တိုတတ်တဲ့ကောင်မို့ရိုက်တဲ့ကောင်ကို ဆွဲထိုးဖို့ လက်သီးရွယ်ကာ အနောက်လှည့်လိုက်လျှင် အထိုးခံရမှာစိုးလို့ လက်နဲ့ကာနေပါသော JeongWoo
YOU ARE READING
He Is My Baby Hyungie
Short StoryJust my imagination! So,Don't blame my idols (Burmese not english)