ဒီနေ့ JungHwanတို့ အထက်တန်းတတိယနှစ်တွေ စာမေးပွဲ စဖြေရတဲ့ရက်ဖြစ်သည်။
စာမေးပွဲခန်းထဲ မဝင်ရသေးခင် ကော်ရစ်ဒါတစ်လျှောက် စာကြည့်နေကြတဲ့ ကျောင်းသား၊ကျောင်းသူလေးတွေ...ထိုအထဲတွင် JungHwanတို့သူငယ်ချင်းနှစ်ယောက်လဲအပါအဝင်ဖြစ်သည်။JungHwan စာအုပ်အားငုံ့ဖတ်ရင်း အရေးကြီးတဲ့အချက်တွေပြန်မှတ်နေတုန်း အရှေ့မှာ လာရပ်တဲ့ ခြေဖဝါးဖွေးဖွေးလေးတစ်စုံကြောင့် မော့ကြည့်မိတော့ JungHwanရဲ့Hyungအသေးလေးနဲ့JaeHyuk Hyungကိုတွေ့လိုက်ရသည်။
HyungအသေးလေးကJungHwanအားပြုံးပြရင်း လက်ထဲက နွားနို့ဘူးလေးအား ကမ်းပေးလာတာမို့ JungHwanလဲ လှမ်းယူလိုက်ပြီး
"ကျေးဇူး..Hyungအသေးလေး"
"ခေါ်ပြန်ပြီလား...ဒီနေ့ကစာမေးပွဲရက်မို့ ခွင့်လွှတ်လိုက်တယ်မှတ်ပါ နောက်မခေါ်နဲ့နော်"
"Nae.."
"အင်း..စာမေးပွဲအတွက်အရမ်းစိတ်လှုပ်ရှားနေလား JungHwanie"
"ဟုတ်..နည်းနည်းတော့လှုပ်ရှားတယ်"
"အဲ့တာကိုသိလို့ Hyungက နွားနို့လေးသောက်ပြီး စိတ်ငြိမ်အောင်လုပ်ခိုင်းတာ လုပ်..အခုသောက်ချည် JeongWooရော.."JeongWooလဲ JaeHyuk Hyungကမ်းပေးတဲ့ နွားနို့ဘူးကိုယူရင်း
"Nae.."ဟုဆိုကာ JungHwanတို့သူငယ်ချင်းနှစ်ယောက်လုံး နွားနို့ဘူးကိုဖောက်ကာသောက်လိုက်ကြသည်။
"မင်းတို့လဲသောက်လို့ပြီးပြီဆိုတော့ Hyungတို့လဲ အတန်းပြန်တော့မယ် ကျောင်းလဲတက်တော့မှာဆိုတော့...သေချာဖြေခဲ့ကြနော် အရမ်းကြီးမလောနဲ့ ဖြေပြီးရင်လဲ သေချာပြန်စစ်ကြဖို့မမေ့နဲ့အုံး"DoYoungပြောလိုက်တော့ JungHwanတို့သူငယ်ချင်းနှစ်ယောက်လုံးက ခေါင်းငြှိမ့်ပြသည်။
"အဲ့ဒါဆို Hyungတို့သွားတော့မယ် Fighting"DoYoung Fighting လုပ်တော့ JungHwanတို့ကလဲ Fighting ပြန်လုပ်ပြကြသည်။
DoYoung တို့ သွားခါနီးမှ JaeHyuk က JeongWooအား
"Park JeongWoo..မနေ့ကမရတဲ့အပုဒ်ရပြီလား
အဲ့အပုဒ်က အမှတ်များနိုင်တယ်နော်""ရပါပြီ..JaeHyukie Hyungရဲ့ "
"အေး..မင်းရဲ့ အဲ့ဒီ ရပါပြီ ဆိုတာကိုပဲ ငါကြောက်တာ..သေချာဖြေခဲ့ မင်း....JungHwanကတော့ သိပ်ပြောစရာမလိုဘူး မင်းပဲ "
YOU ARE READING
He Is My Baby Hyungie
Short StoryJust my imagination! So,Don't blame my idols (Burmese not english)