Part 6

85 10 1
                                    

JungHwanတို့နှစ်ယောက် Hyungအသေးလေးတို့သူငယ်ချင်းနှစ်ယောက်နဲ့အတူ စာလုပ်ကြတာ အခုဆို JungHwanတို့ အထက်တန်းတတိယနှစ်တွေ အတန်းတင်ဖြေရမယ့်အချိန်တောင်ရောက်လာပြီ။

ကျောင်းဖွင့်ရက်ဆို ကန်တင်းမှာ စားရင်းသောက်ရင်းနဲ့ စာကြည့်ရင်ကြည့်..ဒါမှမဟုတ် စာကြည့်တိုက်မှာစာသွားလုပ်တတ်ကြသည်။
ပိတ်ရက်ဆိုရင်တော့ JungHwanအိမ်နဲ့ JeongWooအိမ် တလှည့်စီ လေးယောက်စုပြီးစာလုပ်တတ်ကြသည်။
ဒီနေ့လဲ ပိတ်ရက်ဖြစ်တာမို့ JeongWooအိမ်မှာ လေးယောက်သား စာအတူလုပ်နေကြသည်။

ဒီအတောအတွင်းမှာJungHwanနဲ့ Hyungအသေးလေးရဲ့ ဆက်ဆံရေးကလဲ အရင်လိုမဟုတ်တော့ဘဲ အများကြီးတိုးတက်လာတယ်ပြောရမှာပေါ့....
ဘယ်လောက်ထိ တိုးတက်သွားတာလဲဆိုရင် Brother Zoneထဲရောက်သွားတဲ့အထိပါပဲ...

မမတို့ပဲစဥ်းစားကြည့်ဗျာ...ကိုယ့်crushက ကိုယ့်ကို ညီငယ်လေးလိုမြင်နေတာ ဘယ်လောက်တောင် စိတ်ညစ်ဖို့ကောင်းလိုက်လဲဆိုတာ...
ဟော..တစ်ခါတစ်ခါ စာရှင်းပြပေးရင်းနဲ့ ခေါင်းကိုပုတ်လိုက်တာတို့ ပါးကိုချစ်စနိုးနဲ့ဆွဲတာတို့တွေလုပ်သေးပြန်တာ...
မရင်းနှီးခင်တုန်းကကျ ကိုယ့်တွေ့တာနဲ့ ပတ်ပြေးနေလို့... ရင်းနှီးသွားပြန်တော့ ကိုယ့်ကို ကလေးလိုဆက်ဆံနေပြန်ပြီ... ခက်တယ် တော်တော့်ကိုခက်တယ် ဟူး.....

အခုလဲ မနက်ဖြန် JungHwan တို့စာမေးပွဲအတွက် Hyungအသေးလေးတို့က စာဝိုင်းကူလုပ်ပေးနေတယ်လေ။
JungHwanကိုက Hyungအသေးလေးက စာရှင်းပြပေးနေပြီး JeongWooကတော့ JaeHyukie Hyungဆီမှာ စာဆိုနေရသည်။

"JungHwan na..Hyungပြောပြတာ နားလည်လား JungHwan na..."DoYoung မှာ မိမိရှင်းပြနေသည့်စာကိုလိုက်မကြည့်ပါဘဲ မိမိမျက်နှာအားငေးလို့ အတွေးနယ်ချဲ့နေပုံရသည့်ကောင်လေးအား လက်မောင်းကို အသာလှုပ်ကာ ခေါ်လိုက်မှ..

"ဟင်..Hyung ဘာ..ဘာလဲ"JungHwan ဘယ်လောက်တောင် အတွေးလွန်သွားသည်မသိ..Hyung အသေးလေးခေါ်သံကြားမှပဲ အသိပြန်ကပ်တော့သည်။

"ဒီကောင်လေးတော့..Hyungရှင်းပြတာ နားလည်လားလို့်မေးနေတာ ...စာထဲမှာအာရုံနှစ်ထားအုံးလေ... JungHwanရဲ့"

"ဟုတ်ကဲ့ Hyung"

"အင်း...လိမ္မာတယ် အဲ့ဒါဆို နောက်အပုဒ်တွေဆက်တွက်ကြည့်နော် မရရင် Hyungကိုမေး ကြားလား"

He Is My Baby Hyungie Where stories live. Discover now