Part 5

72 9 0
                                    

JungHwan Ideaရပြီးတဲ့နောက်နေ့မှာ စအကောင်အထည်ဖော်ဖို့ပြင်ဖြစ်သည်။
နေ့လည်ကန်တင်းရောက်တော့ Hyungအသေးလေးတို့ဝိုင်းကို သွားထိုင်လိုက်တော့ JungHwan ကိုမြင်တာနဲ့ လန့်တတ်တဲ့ Hyungအသေးလေးက အခုလဲ ထုံးစံအတိုင်းလန့်သွားပြန်လေသည်။
အဲ့ဒါကြောင့် Hyungအသေးလေးကို ယုန်ပေါက်လေးလို့ JungHwan တင်စားထားတာ..အရမ်းအသည်းငယ်လွန်းလို့လေ...ဒါပေမဲ့ ချစ်စရာလေး...

JungHwan မသိတာကတော့ သူ့Hyungအသေးလေးကသူ့(JH)တစ်ယောက်တည်းကိုပဲ ကွက်ပြီးလန့်နေတာဆိုတာကိုပေါ့။

ကိုယ်ဝင်ထိုင်လိုက်မှန်းသိတာတောင် အကြည့်တစ်ချက်ကလေးတောင် မပေးလာတဲ့ Hyungအသေးလေးအား JungHwan အရင်စခေါ်လိုက်ရသည်။

"Hyungအသေးလေး..."ခေါ်လိုက်တော့လဲ မျက်လုံးတစ်ချက်လှန်ကြည့်ကာ စာအုပ်ကိုပြန်အာရုံစိုက်သွားပြန်သည်။

"Hyungအသေးလေးလို့...."JungHwan နောက်တစ်ခေါက်ထပ်ခေါ်လိုက်မှ ခေါင်းထောင်ကာ JungHwan ကိုကြည့်လာသည်...ကြည့်တာတောင်မရဲတရဲလေးမို့ ချစ်ဖို့်ကောင်းနေသေးသည်။

"Hyungအသေးလေး..ကိုယ် အာ..ကျွန်တော်တို့ စာအတူလာလုပ်လို့ရမလား"JungHwanမေး
လိုက်တော့ Hyungအသေးလေးသာမက ဘေးက Hyungအသေးလေးရဲ့ သူငယ်ချင်းဖြစ်သူကပါ ခေါင်းထောင်လာပြီး နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့....
ဘာပြန်ဖြေရမလဲမသိဖြစ်နေပုံပေါ်သည်။

"ဒိီလိုပါ..စိီနီယာတို့ရယျ ကျွန်တော်တို့မှာ စာမေးဖို့လူမရှိတာရယ် စီနီယာတို့နဲ့ရင်းနှီးချင်တာရယ်ကြောင့်ပါ..ပြီးတော့ အတန်းထဲကလူတွေကိုမေးဖို့ကျတော့လဲ သူတို့က ကျွန်တော်တို့ကိုဆို မပြောပြချင်ကြဘူးမလို့ပါ။
ဟို..ကျွန်တော်တို့ကြောင့် စီနီယာတို့် စာကြည့်မပျက်စေရပါဘူး စိတ်ချပါခင်ဗျ"JeongWoo ထိုသို့ဝင်ပြောလိုက်တော့မှ DoYoungရော JaeHyukရော ခေါင်းတငြှိမ့်ငြှိမ့်နဲ့နားထောင်ပြီး JungHwanတို့အား သနားသွားဟန်လဲပေါ်သည်။

JungHwan မှာတော့ဖြင့် ချစ်သူငယ်ချင်း၏ Drama ခင်းမှုမှာ ပါးစပ်အဟောင်းသား...
သူတို့အတန်းထဲကလူတွေလား မပြောပြချင်ကြမှာ...ကိုယ်ကစကားတစ်ခွန်းဆို သူတို့ကဆယ်ခွန်းလောက်ပြန်ပြောမဲ့ဟာတွေကလေ...
အမယ်လေး...အံ့သြတယ်..Park JeongWooတို့မင်းသားလုပ်စား..Oscarတောင်ရမယ့်အမျိုး။
ဘယ်လိုပဲဖြစ်ဖြစ်..JeongWooတော်ကီမှာ မျောသွားရှာတဲ့ JungHwanရဲ့Hyungအသေးလေးတို့ သူငယ်ချင်းနှစ်ယောက်လုံးက သူတို့နဲ့အတူစာလာလုပ်ဖို့ သဘောတူပေးလိုက်ကြသည်။

He Is My Baby Hyungie Where stories live. Discover now