Final

145 9 2
                                    

"ဟူး...ပျင်းလိုက်တာ"JungHwanတစ်ယောက် ကုတင်ထက်ထိုင်ရင်း ငြီးတွားနေခြင်း...
JungHwanတို့စာမေးပွဲပြီးတာ ဒီနေ့နဲ့ဆို သုံးပတ်နီးပါးဖြစ်နေပြီဖြစ်သည်။
အပြင်ထွက်လည်ဖို့ကျ Hyungအသေးလေးနဲ့မှသွားချင်တာမို့ Hyungအသေးလေးစာမေးပွဲအပြီးကိုစောင့်နေရတာကြောင့် အိမ်မှာပဲ ပိန်လိမ်ကာနေနေခြင်းဖြစ်သည်။

Hyungအသေးလေးတို့နောက်ဆုံးနှစ်တွေရဲ့စာမေးပွဲက JungHwanတို့ဖြေပြီး နှစ်ပတ်မြောက်မှစဖြေရတာဖြစ်ကာ ဒီနေ့ဆိုရင်တော့ နောက်ဆုံးဘာသာရပ်ဖြေရမည့်နေ့ဖြစ်တာမို့ ညနေလောက်ကျမှ Hyungအသေးလေးကို ဖုန်းလှမ်းဆက်ရမည်။
စာမေးပွဲကဖြေပြီးပြန်ရတာမို့ နေ့လည်လောက် Hyungအသေးလေးဆီ လှမ်းဆက်လဲရပေမဲ့ ပင်ပန်းနေလောက်တာမို့ ကိုယ်ကအလိုက်သိပေးရမယ်လေ။
အခုလောလောဆယ်တော့ ဗိုက်ဆာလာတာကြောင့် ဘာစားစရာရှိလဲဆိုပြီး အောက်ထပ်ကိုဆင်းလာလိုက်တော့ ဧည့်ခန်းထဲ ရုပ်ရှင်ထိုင်ကြည့်နေတဲ့ Ommaအားတွေ့ရသည်။

JungHwanလဲ Ommaနားသွားလိုက်ပြီး

"Omma..သားဗိုက်ဆာတယ်"JungHwanဗိုက်ကိုပွတ်ပြရင်း သနားစဖွယ်ပြောလိုက်တော့ Ommaက အံ့သြတကြီး လှည့်ကြည့်လာကာပြောသည်။

"ဟမ်??..သားနေ့လည်စာစားထားတာ တစ်နာရီတောင်မကြာသေးဘူးလေ အဲ့ဒါကိုအခုဗိုက်ဆာတယ်??"JungHwan ခေါင်းငြှိမ့်ပြလိုက်ပြီး

"သားနေ့လည်စာ နည်းနည်းလေးပဲ စားထားတော့ အခုဗိုက်ပြန်ဆာလာတာနေမယ် Ommaရဲ့"

JungHwanရဲ့ 'နေ့လည်စာနည်းနည်းပဲစားထားတော့..'ဆိုတဲ့ စကားမှာ JungHwanie Ommaပါးစပ်ဟသွားမိသည်..ဘာလို့ဆို နေ့လည်စာကို ထမင်းသုပ်တစ်ဇလုံအပြည့်အပြင် နောက်ထပ်တောင်ထပ်စားခဲ့သေးတာကို နည်းနည်းလေးတဲ့...အမယ်လေးဘုရား ဘုရား..
ဘယ်လိုပဲဖြစ်ဖြစ်ပါ..သားကဗိုက်ဆာနေတာဆိုတော့လဲ မအေလုပ်တဲ့သူမကကျွေးရမှာပေါ့။

"ကဲ...အဲ့ဒါဆို အခု သားဘာစားမလဲ? ထမင်းစားမလား Ommaပြင်ပေးမယ်"

"သားထမင်းမစားချင်ဘူး..ပဲခေါက်ဆွဲစားချင်တာ"

"ဟုတ်ပြီ..Ommaသွားလုပ်ပေးမယ် သားကဒီမှာနေခဲ့ ရရင်ခေါ်လိုက်မယ် ဟုတ်ပြီလား"

He Is My Baby Hyungie Where stories live. Discover now