Hello everyone! Christmas ကာလ နီးပြီဆိုတော့ စောဂျွန်နဲ့ နှောင်းတို့ကို သတိရလာလို့ လာနှုတ်ဆက်တာပါ။
ဒီ ဇာတ်လမ်းလေးကို ရေးခဲ့တာ ဘာလိုလိုနဲ့ လေးနှစ်တောင် ရှိခဲ့ပါပြီ။ ကိုယ့် အသက် ၁၈ နှစ်တုန်းက ရေးသားခဲ့တာ ဖြစ်လို့ ကလေးဆန်ကောင်းဆန်နေနိုင်သလို လိုအပ်ချက်တွေလဲ အများကြီး ရှိနေပါသေးတယ်။
ကိုယ် တမင် ထိမ်ချန်ထားခဲ့ဟာတွေ၊ ဆက်ရေးမယ်လို့ ရည်ရွယ်ထားခဲ့တာတွေလဲ ရှိခဲ့ပါတယ်။ အခု လေးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်သလို ကိုယ် ကိုယ်တိုင်ကလဲ Ree အဖြစ် အချိန်ပေးနိုင်တာ တဖြည်းဖြည်း နည်းပါးလာခဲ့တော့ စောဂျွန်ရဲ့ အကြောင်းကို နည်းနည်းလေး ဆက်ပြောချင်ပါတယ်။
ဒီဇာတ်လမ်းကို စရေးတုန်းက 'စစ်ဘေးရှောင် ကလေးငယ်' တွေရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းကို ရေးပြချင်တယ်လို့ တွေးပြီး စောဂျွန်ရဲ့ ငယ်ဘဝကို တမင် sequel အနေနဲ့ ဆက်ရေးမယ်လို့ တွေးခဲ့ပါတယ်။
စောဂျွန်က စစ်ဘေးရှောင် ကလေးငယ် တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာ ကိုယ် အစပိုင်းမှာကတည်းက ရေးပြထားခဲ့ပါတယ်။
အားလုံးမသိသေးတဲ့ အချက်အနေနဲ့ စောဂျွန်က တစ်ဦးတည်းသော သား မဟုတ်ပါဘူး။ စောဂျွန်မှာ ညီမလေး တစ်ယောက် ရှိပါတယ်။
စောဂျွန်ရဲ့ ညီမလေးက လသားအရွယ်လေးမှာ စစ်ရှောင်ဖို့ ပြေးရင်းလွှားရင်းနဲ့ နာမကျန်းဖြစ်ပြီး ဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။
စောဂျွန်က အပါးကတော့ ညီမလေး မဆုံးခင်ကတည်းက မိုင်းထိ သေဆုံးသွားခဲ့တာ ဖြစ်ပြီး အမေကတော့ သမီးစိတ်နဲ့လဲပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တာပဲ ဖြစ်ပါတယ်။
ညီမလေးကို မကယ်တင်နိုင်ခဲ့တဲ့၊ မကာကွယ်နိုင်ခဲ့တဲ့ စောဂျွန်မှာ စိတ်ဒဏ်ရာကြီးကြီးမားမား ရှိခဲ့ပါတယ်။ အဲ့တာကြောင့် နန်းမယ်ရီကို သူ့ညီမလေးအစား ပိုပြီး အတွယ်အတာပိုခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအချက်လေးက စောဂျွန် ဘာလို့ ဒီလောက်တောင် ဆုံးဖြတ်ချက် ပြတ်သားရသလဲ၊ ဘာလို့ နန်းမယ်ရီကို ကာကွယ်ပေးဖို့ အဆုံးတိုင် ရွေးချယ်ခဲ့သလဲဆိုတာကို ပိုပြီး နားလည်သွားစေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဒါကတော့ ကိုယ် ဆက်ရေးမယ်လို့ ရည်ရွယ်ထားပြီး ချန်လှပ်ထားခဲ့တဲ့ စောဂျွန်ရဲ့ ငယ်ဘဝ တစ်စိတ်တစ်ပိုင်း အကြောင်းပါ။
ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး သိချင်တာလေးတွေ ရှိရင်လဲ ကိုယ့်ကို မေးလို့ရပါတယ်။
ကဲ ကိုယ်ကတော့ ဒီလောက်နဲ့ပဲ နှုတ်ဆက်စကား ဆိုရပါစေ...
အားလုံးပဲ ကောင်းသောနေ့လေး ဖြစ်ပါစေ...
YOU ARE READING
Colourless (အရောင်မဲ့သော) (Completed)
Randomကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။......... Zawgyi ကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။.........