Colourless (Part 2)

1.6K 90 0
                                    

"ဟားဟား"

"​အောက်​အီးအီးအွတ်​"

ကြက်​တွန်​သံနှင့်​အပြိုင်​ ထွက်​​ပေါ်တတ်​​သော ရယ်​သံကို ကျွန်​မ ရင်းနှီးကျွမ်းဝင်​ခဲ့သည်​မှာ ၆လ ​လောက်​ပင်​ ရှိ​ရော့မည်​။

ဖုန်းကို လိုက်​စမ်းရင်း အချိန်​ကို ကြည့်​မိ​တော့ ထင်​ထားသည့်​အတိုင်း ၆နာရီခွဲ အတိ။

တခါမှ မမှားယွင်းဖူး​သော ကျွန်​မ၏ သက်​ရှိနှိုးစက်​ကြီး....

အိပ်​စက်​ပုံ ညင်​သာ​သော ကျွန်​မ​ကြောင့်​ ​ခြေ​ရင်း​ရောက်​​နေ​သော ​ခေါင်းအုံးကို ​နေရာပြန်​ချ၊ ခြင်​​ထောင်​ အပြင်​ဘက်တွင်​ လဲ​လျောင်း​နေ​သော ​စောင်​ကို ​သေချာပြန်​​ခေါက်လိုက်​သည်​။

ကျွတ်​စီကျွတ်​စီ ထွက်​​ပေါ်​နေ​သော အသံများ​ကြောင့် အိမ်​၏ မျက်​နှာစာတွင်​ တွဲကာ ဖွင့်​ထား​သော လက်​ဖက်​ရည်​ ဆိုင်​​လေးတွင်​ လူအ​တော်​ကျ​နေပြီ ဖြစ်​​ကြောင်း ကျွန်​မ သိလိုက်​သည်​။

"အိပ်​ပုတ်​မကြီး"

ခြေသံတဒုန်းဒုန်းနှင့်​ ငှက်​ဆိုးသံက လူမမြင်​ရခင်​မှာပင်​ ကျွန်​မကို မည်​သူ ဖြစ်​​ကြောင်း သတင်းပို့နှင့်​​နေပြီး။

"​နေဖင်​ထိုး​နေပြီ အခုထိ မထ​သေးဘူးလား၊ ​မေ​မေနဲ့ ​ဖေ​ဖေ​တောင်​ အ​စောကြီး ထပြီး အလုပ်​လုပ်​​နေပြီ။ နင်​က အခုထိ အိပ်​​ကောင်းတုန်း၊ နင့်​ကို ​​ဖေ​ဖေတို့နဲ့ ဘယ်​လိုလုပ်​ စိတ်​ချထားရမလဲ"

အနှီလူသားသည်​ ပါးစပ်​ကလဲ စက်​​သေနတ်​ ပစ်​သလို တရစပ်​​ပြောရင်း လက်​က​လဲ ​ခြင်​​ထောင်​ကြိုးကို ဖြုတ်​ကာ ​ခေါက်​ပင်​ ​ခေါက်​ပြီး​သား။

မန်းမှုတ်​ခြင်း အတတ်​ပညာကို ​မေ​မေ့ဆီမှ အ​မွေစားအ​မွေခံ ရရှိထား​သော ​မောင်​​တော်​ ၏ မနက်​ခင်း ​တေးသံသာ​​ကြောင့်​ မပွင့်​​ချင်​​သေး​သော မျက်​လုံးများပင်​ ဇီးကွက်​ မျက်​လုံးအလား ပြူးကျယ်​သွားရသည်​။

"သားသား နင်​ အပျို​လေး အိပ်​​တဲ့ ​နေရာကို ဇွတ်​ဝင်​လာစရာလား၊ အဲ့တာ လူကြီး လူ​ကောင်း မပီသဘူး သိရဲ့လား"

Colourless (အရောင်မဲ့သော) (Completed)Donde viven las historias. Descúbrelo ahora