Colourless (Final)

1.9K 79 18
                                    

Church ကျောင်းထံမှ ခေါင်းလောင်းသံသည် ယနေ့တွင်တော့ တက်ကြွနေသည့်ဟန်ဖြင့် ကျယ်လောင်စွာ မြည်ဟီးပြီး မြူခိုးဝေသော မနက်ခင်းကို အသက်သွင်းသည်။

အအေး အသည်းဆုံး ဖြစ်သည့် ဒီဇင်ဘာလ၏ မနက်ခင်းသည် တုန်ခိုက်နေအောင် ချမ်းအေးလှသော်လည်း ကျွန်မမှာမူ ချွေးအပြောက်ပြောက်ဖြင့်

ဒီနေ့က ဒီ‌ဇင်ဘာ 25 ရက်၊ ခရစ်တော် မွေးဖွားသောနေ့၊ တနည်းပြောရလျှင် မေတ္တာကြေးမုံတွင် အပင်ပန်းဆုံး နေ့များထဲမှ တစ်နေ့ ဖြစ်သည်။

မြူခိုးဝေသော ခရစ်စမတ် မနက်ခင်းတွင် ဤသို့ ခေါင်းလောင်းသံ ကြားလေတိုင်း ဒီနယ်ခံများ အော်တိုမတ်တစ် အထာပေါက်သည်က church ကျောင်းတွင် စတုဒီသာ အဆင်သင့်ဖြစ်လေပြီ။

"ဆရာမလေးရေ ဒီဘက်ကို လိုက်ပွဲတဲ့"

နဖူးပေါ်မှ ချွေးသီးတို့ကို မသုတ်နိုင်သေးမှာပင် အသံလာရာဘက်သို့ သုတ်ခြေတင်ကာ ပြေးရပြန်သည်။

ခရစ်စမတ်သစ်ပင်လဲ မရှိ၊ ခရစ်မတ်ဘိုးဘိုးလဲ မလာသော ဤမြို့တွင် ကျင်းပသော ခရစ်စမတ် ပွဲတော်သည် မာရသွန်ပြေးမည့်သူများ အတွက် လုပ်အားပေး ၀င်လုပ်ရန် အထူးသင့်တော်လှသည်။

"ဆရာမလေး မောနေပြီလား"

ကျွန်မထံသို့ အအေးတခွက် ကမ်းပေးကာ မေးသော အဒေါ်ကြီးကို ခေါင်းအသာ ခါယမ်းပြလိုက်သည်။

"ဒေါ်ဒေါ်လဲ မောရင် နားနော်၊ တစ်ယောက်ထဲ ပန်းကန်တွေ ဆေးနေတာ အတော်ကြာပြီ မဟုတ်လား။"

အဒေါ်သည်လဲ ပြုံးပြုံးလေးဖြင့် ကျွန်မကို ခေါင်းခါပြသည်။

"တနှစ်မှ တခါကြုံရတဲ့ ပွဲ‌ပဲလေ၊ အဒေါ် ဒီလို လူအများကြီးကြား မသွားရဲခဲ့တာ ကြာလှပေါ့။"

စစ္စတာကြီး ဦးဆောင်သော ဒီပွဲလေးသည် အလှူ သက်သက်အတွက် ရည်ရွယ်ထားခြင်း မဟုတ်။

မေတ္တာကြေးမုံတွင် ဆေးယူနေရသော ခုခံအားကျဆင်းမှု ရောဂါသည် အကုန်လုံးကို လုပ်အားပေးစေပြီး လူ့အသိုက်အ၀န်းနှင့် ပြန်လည် ထိတွေ့ပေးခြင်းက ဤပွဲလေး၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်။

Colourless (အရောင်မဲ့သော) (Completed)Tempat cerita menjadi hidup. Temukan sekarang