Colourless (Part 16)

676 59 4
                                    

သာမန်ထက် လူပိုစုံနေသော Church ကျောင်းငယ် အတွင်းတွင် ကြားနေကျ ခိုးညည်းသံတို့က ထူးဆန်းစွာ တိတ်ဆိတ်၍ နေသည်။

မကြာခင်မှာပင် ရုတ်တရက် ထွက်ပေါ်လာသော ခေါင်းလောင်းသံ ကျယ်ကျယ်ကြောင့် မှောင်ရိပ်ခိုနေသော ခိုငယ်တို့က အလန့်တကြား ထပျံသန်းကြသည်။

သို့သော်လည်း ‌လေထဲတွင် တွဲလဲခိုနေသော မိုးပျံပူဖောင်း ဖြူလွလွတို့သည် ခိုငယ်၏ ပျံသန်းရေး ကို အကြီးအကျယ် အနှောင့်အယှက် ပေးနေ‌သဖြင့် တိတ်ဆိတ်နေသော ခိုညည်းသံက မြိုင်လာပြီး တောင်ပံခတ်သံ တဖျတ်ဖျတ်ကလဲ လေထုကို ကြီးစိုးလိုက်လေသည်။

သူ အခန်းမ အတွင်းသို့ ခြေချလိုက်သည်နှင့် ခိုငယ်တို့နှင့် အပြိုင် ညည်းတွားနေသည့် လူအားလုံး၏ အာရုံသည် သူဆီသို့ စုပုံလာသည်။

(စောဂျွန် ငါတို့ လက်ထပ်တဲ့အခါကျရင်လေ မင်္ဂလာပွဲ အခမ်းအနားကို ငါ ကိုယ်တိုင်ပဲ ပြင်ဆင်မယ် သိလား)

ခုံတန်းတွင် အသီးသီးနေရာယူထားသော လူအုပ်ကြား၌ စာ‌ဖတ်နေသော ဆယ်ကျော်သက် အရွယ် သူ၏ လက်မောင်းကို မရမက မှီတွယ်ရင်း စကားတတွတ်တွတ် ပြောနေသော ကြိုးလေးက သူ့အမြင်အာ ရုံထဲသို့ တိုးဝင်လာသည်။

(ငါ့စိတ်ကူးကို ပြောပြမှာမို့ နင် မျက်လုံးလေး မှိတ်ပြီး မြင်ယောင်ကြည့်နော်)

ဆယ်ကျော်သက် အရွယ်သူသည် စိတ်ရှုပ်လေဟန် မပြဘဲ ဖတ်လက်စ စာအုပ်ကို ပိတ်လိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။

( အရင်ဆုံး အဖြူဆွတ်ဆွတ် မိုးပျံပူဖောင်းတွေက ငါတို့နှစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အဖြူရောင် တိမ်တိုက်ကြီးလို လွင့်မျောနေမယ်)

သူ့ခေါင်းထက်တွင် ဝေ့ဝဲနေသော အဖြူရောင် မိုးပျံပူဖောင်းများကို မော့ကြည့်လိုက်သည့်အခါ သူ့အမြင် အာရုံသည် ရုတ်ချည်း ဝေဝါးသွားသည်။

(နောက်ပြီး သူများတွေလို ကော်ဇာလျှောက်လမ်း ပေါ်မှာ ပန်းမကြဲဘူး။

စံပယ်ပန်းသက်သက်နဲ့ လျှောက်လမ်းကြီး လုပ်မှာ။ ဒါပေမဲ့ နင် ပန်းကလေးအပေါ် ဖွဖွလေးပဲ လျှောက်ရမယ်နော်၊ ငါလဲ ဖွဖွလေးပဲ လျှောက်မှာ)

Colourless (အရောင်မဲ့သော) (Completed)Where stories live. Discover now