အညိုရင့်ရောင် မြက်ရိုးတံမှာ စိတ်အေးလက်အေး အနားယူနေတဲ့ ကိုရွှေနှံကောင်နားကို ကျွန်မ အသာလေး တိုးကပ်သွားလိုက်သည်။
ဦးမျှင်လေး တထောင်ထောင်နဲ့ အမောင်နှံကောင်ကတော့ ကျွန်မကို တွေ့မြင်ပုံမရသေး။
"ဟေး မိပြီကွ"
အသံကုန်ဟစ်ကာ အော်လိုက်တော့ နှံကောင်မုဆိုး သူငယ်ချင်း ရောင်းရင်းများကလည်း အလျှိုလျှို ကျွန်မ နားသို့ ပြေးလာကြသည်။
"အညိုရောင်ကြီး"
"အကောင်အကြီးကြီးပဲဟေ့"
"မိနှောင်းက တော်တယ်ဟေ့"
တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြသော သူငယ်ချင်းများ၏ စကားကို မျက်နှာလေး မော်ချီကာ နားထောင်ပြီးနောက် သူမ လက်တွင်း၌ ဟိုခုန်ဒီခုန် ဖြစ်နေသော ကိုယ်တော်ချောကို ပြန်လွှတ်ပေးလိုက်သည်။
ကဲ နောက်တစ်ကောင် ထပ်ရှာရပေမဦးပေါ့.......
••••••••••••••••••••••••••••••••••••••••••••••••••••
"မိနှောင်းက ငါးကောင်၊ ငါက သုံးကောင်၊ ဖိုးထူးက လေးကောင်၊ နောက်ပြီး အေးမွန်က သုံးကောင်"
ယမုံစကားအဆုံးမှာ ကျွန်မ မျက်နှာလေး ဝင်းလက်သွားသလောက် တခြားသူများ၏ မျက်နှာမှာ အိုကျသွားသည်။
ဆောင်အကုန် နွေအကူး အမောင်နှံကောင်တို့ မြူးချိန်တွင် ကျွန်မတို့ သူငယ်ချင်း တစ်အုပ်သည် ကျောင်းနှင့်ကပ်ရပ်တွင် ရှိသော church ဝင်းထဲတွင်သာ အချိန်ကုန်ကြသည်။
ကျောင်းလွှတ်သည်နှင့် အိမ်သို့မပြန်ဘဲ church ကျောင်းရှေ့ မြက်ခင်းပြင်တွင် နှံကောင်ဖမ်း ပြိုင်ပွဲကို အားတက်သရော ဆင်နွှဲကြပြီး အနိုင်ရသူကို မုန့်ဝယ်ကျွေးတမ်း ကစားကြသည်။
လက်သွက်ခြေသွက်ရုံသာမက တကိုယ်လုံးပါ သွက်သော ကျွန်မကို နိုင်သည်ဟူ၍ မရှိ။
YOU ARE READING
Colourless (အရောင်မဲ့သော) (Completed)
Randomကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။......... Zawgyi ကျွန်ုပ်သည် ထိုလူသားအား အရောင်မဲ့သော ချစ်ခြင်း တရား ဖြင့်သာ အတိုင်းထက်လွန် ချစ်မြတ်နိုး မိခဲ့ပါသည်။.........