Part14

863 13 0
                                    

"အဟုတ်''
အိဖြူကမျက်လုံးပြူးမျက်ဆံပြူးဖြင့်အံသြနေသည်။ခေး ကိုကြည့်လိုက်တော့စိတ်တိုနေတာလားကြေကွဲနေတာလားမသဲကွဲပေ။
"တကယ်ပါဆို ငါလဲအရမ်းအံသြသွားတာဟ မာမီကတွေ့ခိုင်းလို့သာသွားတွေ့ရတာလူလဲမမြင်ဖူးဘူးပိုဆိုးတာကမာမီကနာမည်တောင်မပြောဘူးလေသူ့မိတ်ဆွေဒေါ်ကေသီတင့်ရဲ့သားဆိုပြီးပဲပြောတာ ခစ်ခ်အစ်ကိုညကိုလဲမြင်ရောအံသြဝမ်းသာဖြစ်သွားတာ''
သင်ဇာကတော့အရင်နေ့ကအစ်ကိုညနဲ့တွေ့လာတဲ့အကြောင်းကိုရေပက်မဝင်ပြောနေတော့သည်။ ခေး ဆက်ပြီးနားထောင်ချင်စိတ်မရှိတော့ပေ။
"အိဖြူ ငါခေါင်းကိုက်လာလို့အတန်းထဲသွားနှင့်တော့မယ်နော်''
"အော် အေးအေး''
အိဖြူကအကြောင်းသိဆိုတော့ဘာမှမမေးမြန်းတော့ပဲခေါင်းငြိမ့်လိုက်သော်လဲသင်ဇာကတော့
"ခေးကဘာဖြစ်သွားတာလဲ ခေါင်းကိုက်နေတာဆိုငါ့မှာဆေးပါတယ်လေ''ခေးကိုလည်ပင်းလေးဆန့်ကြည့်ရင်းပြောသည်။
"ရပါတယ် သူသက်သာသွားလိမ့်မယ်''
"ဟာ ခေး ''
အပင်ရိပ်လေးအောက်မှာတစ်ယောက်ထဲထိုင်နေသောခေးအနားသို့မြင့်မားရောက်လာသည်။
"ခေး ဘာထိုင်လုပ်နေတာလဲ''
"ဘာမှမလုပ်ပါဘူး အတန်းမတက်ချင်လို့ ''
"မျက်နှာလဲမကောင်းဘူးနော်ဘာဖြစ်နေတာလဲအစ်ကို့ကိုပြောပြလေ''
"ထားလိုက်ပါအစ်ကိုရာယ် ဘာမှမဟုတ်ပါဘူး''
"ကဲ ဟုတ်ပါပြီ ခေးမပြောချင်ရင်လဲအစ်ကိုမမေးတော့ပါဘူး ညစ်နေတာတွေပျောက်သွားအောင်ခေးဘာလုပ်ချင်လဲဘယ်သွားချင်လဲပြောလေ အစ်ကိုလိုက်ပို့ပေးမယ်''
ဒီလိုဂရုစိုက်ပေးတော့လဲအစ်ကိုမြင့်မားကမဆိုးဘူးပဲ။
"တကယ်ပြောတာလား''
ခေး မျက်နှာလေးအရောင်လက်သွားသည်။
"တကယ်ပြောတာပေါ့''
"ဒါဆို ခေးကို ရုပ်ရှင်ရုံတို့ကစားကွင်းတို့ Shipping center တို့လိုက်ပို့နော်''
"ဟုတ်ကဲ့ပါဗျာ ဆရာမကြီးသဘောတိုင်းပါဗျ''
"ဟီး ''
မျက်နှာလေးရွှင်ရွှင်လန်းလန်းဖြစ်သွားသည့်ခေး ကိုကြည့်ပြီးမြင့်မားလဲပျော်ရသည်။
တကယ်တော့ ကျွန်တော့အချစ်ကကိုယ့်ကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ ကိုယ်ကသူ့ကိုချစ်နေရရုံနဲ့တင်ကျေနပ်နေတာမျိုး။တခြားသူကြောင့်သူမပျော်ရွှင်ရရင် ကျွန်တော်ကပျော်အောင်ဖန်တီးပေးမယ်။တခြားသူနဲ့သူပျော်နေရင်တော့ သူမလေးကိုကြည့်ပြီးကျွန်တော်ပါ လိုက်ပြီးပျော်မယ်။မပိုင်ဆိုင်ရရင်လဲ ကျေနပ်ပါတယ်။လိုနေချိန်မှာ သတိတရဆက်မယ့် သူမရဲ့Ph callလေးတစ်ခုအဖြစ် ဒါမှမဟုတ် သူမအတွက်အပျင်းပြေစကားပြောဖော် အစ်ကိုတစ်ယောက် အဖြစ် ရှိနေရခြင်းကိုက ကျွန်တော့်အတွက် ဆုလာဘ်ပါပဲ။ဖွင့်ပြောဖြစ်ဖို့ကတော့ အချိန်တွေပိုကြာသွားမလားဆိုတာ ကျွန်တော်ကိုယ်တိုင်လဲမသေချာ။
"အစ်ကိုမြင့်မား သွားကြရအောင်လေ''
"အင်း သွားမယ်လေ ဪ ဒါနဲ့ အစ်မပျိုကိုမပြောတော့ဘူးလား သူကခေးကိုကျောင်းထဲမှာစောင့်နေတာမဟုတ်ဘူးလား ဖုန်းဆက်ပြီးအသိပေးလိုက်လေ ''
"မဟုတ်ဘူးအစ်ကိုမြင့်မားရဲ့ သူကအိမ်ပြန်သွားပြီ စောစောကပဲ ခေးကိုဖုန်းဆက်ပြောတာ အမေလာမှာမလို့ လို့တော့ပြောတာပဲ''
ခေးကမျက်နှာဆူပုတ်ပုတ်လေးဖြင့်ပြောတော့
"အဲ့ဒါဘာဖြစ်လို့လဲခေးရဲ့''
"ဘာဖြစ်ရမှာလဲ အေမကသူဒီလာမှာကို ခေးကျအရင်အသိမပေးဘူး သူ့တူမကိုအရင်ပြောလို့လေ ''
မကြီးပျိုကိုစိတ်မရှည်ဘူးစိတ်မရှည်ဘူးဆိုပြီး အမေကဂရုစိုက်တတ်သည်။တူမနဲ့သမီးဆို တူမကိုပဲအရင်သတိရတတ်သည်ကြောင့် ခေး အမေ့ကိုစိတ်ဆိုးနေတာဖြစ်သည်။
"ခေးကလဲ အဝေးကအလည်လာတဲ့အမေကိုစိတ်ဆိုးနေတယ် ခေးမေမေက ခေးကိုသတိရလို့ပဲ ဒီထိလိုက်လာတာပေါ့ ''
"ထားလိုက်ပါတော့ ''
"ဒါဆိုခုက အိမ်ပြန်မှာလား လျှောက်လည်ဦးမှာလား''
"အိမ်မပြန်သေးဘူး လျှောက်လည်မယ် ''
"ဟုတ်ပါပြီ လာ သွားကြစို့''
~~~~~~~~~
"ဒေါ်လေး ပိန်သွားလိုက်တာ ''
ဒေါ်မြနှစ်ရှေ့အအေးခွက်လေးချပေးရင်း ပျိုကပြောလိုက်ခြင်းဖြစ်သည်။ဒေါ်မြနှစ်ကအအေးခွက်လေးအားအမောပြေတစ်ငုံမော့သောက်လိုက်ပြီးမှ
"ထမင်းဆိုင်ကအရင်းပြုတ်သွားပြီ မိပျိုရာယ်''
"ဟမ် ဘယ်လိုဖြစ်ရတာလဲ ဒေါ်လေးရဲ့ ''
ပျိုက စိတ်ပူပန်စွာမေးလေသည်။
"အင်း ငါညည်းနေရာမှာအစားထိုးဖို့ လူငှါးလိုက်တာကစတာပဲအေ
သူက အရမ်းချောင်ခိုတယ် ပြီးတော့ စျေးဝယ်ခိုင်းလိုက်ရင်လဲ ညည်းလိုမဟုတ်ဘူး ကြားထဲကနေသူကဘတ်တာ ပစ္စည်းဝယ်ရင်လဲ အရေးသွေးမကောင်းတာတွေစျေးပေါတာတွေဝယ်တော့ ငါ့ဆိုင်လက်ရာပျက် မိတ်လဲပျက်ကုန်တာ ငါလဲ သူ့ကိုအလုပ်ဖြုတ်ပစ်လိုက်တယ် ခုထမင်းဆိုင်ကလဲငါတစ်ယောက်ထဲဆိုတော့မဖွင့်တော့ဘူး''
ဒေါ်လေးကသေချာရှင်းပြလေသည်။ ပျို ကတော့ဒေါ်လေးထမင်းဆိုင်လေးအတွက်စိတ်မကောင်းဖြစ်နေရသည်။ပျိုနဲ့ဒေါ်လေးနဲ့ရောင်းတုန်းကဆိုဆိုင်လေးကနာမည်ကြီးသလိုစားသုံးသူလဲမပျက်ပေ။ခုတော့
"ငါ့တူမရောသုံးစရာရှိရဲ့လား''
ဒေါ်လေးဆီက ငါ့တူမ ဆိုတဲ့အသုံးနှုန်းကတခါတရံမှသာကြားရတတ်သည်။ဒေါ်လေးကစိတ်မရှည်တတ်သူမို့ ''ညည်း'' ဟုသာအများဆုံးသုံးလေသည်။
တကယ်ဆိုကိုယ့်မှာသွေးသားဆွေမျိုးဆိုလို့ သူမလေးသာကျန်တော့သည်။ သူမဘဝတက်လမ်းအတွက်ကိုယ်ဘာမှလုပ်မပေးနိုင်တာကိုလဲစိတ်မကောင်းဖြစ်မိသည်။ပျို ကအူတူတူအတတ နိုင်ပေမယ့်လဲ ဖြူစင်သည်၊။ဆွေမျိုးလဲမက်ရှာသည်။ဒါကြောင့်လဲ ခေး နောက်ကိုလိုက်နေတာပေါ့။ခေး က မိပျိုကိုသဘောမကျမှန်းသိသော်လည်း မိပျိုနဲ့ပဲခေးကိုစိတ်ချသည်မို့ခုလိုစီစဉ်ပေးရခြင်းဖြစ်သည်။ခေးကခုချိန်ထိကလေးစိတ်လေးဖြစ်သည်။ကောင်းကောင်းနေကောင်းကောင်းစားပြီးအပေါင်းသင်းမက်အပျော်ပါးမက်သည်။ဒါတွေကြောင့်ပဲခေးကိုစိတ်မချရခြင်းဖြစ်သည်။မိပျိုရှိနေတော့ ပျိုကဘာမှမပြောရင်တောင်မှအနားမှာအမြဲလိုက်ကပ်နေတော့ သူ့လိုပဲစိတ်မရှည်တတ်သည်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရင်လုပ်ဖြစ်မှာမဟုတ်တော့ပေ။ ခုလိုကိုယ့်သားသမီးအတွက်ကြောင့်နဲ့ မိပျို ဘဝတတ်လမ်းပိတ်သလိုဖြစ်နေသည်ကို ဒေါ်မြနစ်တော်တော်စိတ်မကောင်းဖြစ်မိသည်။
"ရော့ သုံးစရာရှိတာသုံးရအောင်လို့ယူထားလိုက် ''
လက်ထဲသို့ပိုက်ဆံငါးသောင်းထဲ့ပေးလိုက်သည်။ပျိုက ဒေါ်မြနှစ်လက်ထဲသို့ပြန်ထည့်ပေးကာ
"ပျိုကထွေထွေထူးထူးမှမလိုတာ ဒေါ်လေးပဲပြန်ယူထားလိုက်နော်''
"ဘာကိုမလိုရမှာလဲအေ ညည်းလဲသုံးစရာလေးဘာလေးရှိဦးမှာပေါ့ခေးဆီကလက်ဖြန့်တောင်းနေလို့လဲအဆင်မှမပြေတာ''
အဲ့ဒါလည်းဟုတ်သည်။ခေး ဆီကတောင်းရင် ဘာလုပ်မှာလဲ ဘာဝယ်မှာလဲ ဆိုပြီးစစ်ဆေးနေတတ်သည်။တစ်ကိုယ်ရည်သုံးအတွက်တောင်မှတောင်းလို့မကောင်းပေ။
"ပြီးတော့ ငါ့တူမအတွက်အလုပ်လေးဘာလေးလိုက်အပ်ပေးမလို့''
"ဟမ် ခေးကဘယ်လိုလုပ်မလဲ''
ဒေါ်မြနှစ်ကခဏစဉ်းစားလိုက်ပြီးမှ
"ခေးကို ကျောင်းထဲမှာထိုင်စောင့်နေရတာမလား အလုပ်ဆင်းချိန်ကျဝင်စောင့်နေလိုက်လေ ''
"ဒေါ်လေးကစိတ်မချလို့တောင်မှ ပျို့ ကို ခေးနဲ့လိုက်နေခိုင်းတာမဟုတ်လား ဖြစ်ပါ့မလားဒေါ်လေးရာယ်''
"ဟုတ်တော့လဲဟုတ်တယ် ဟင်းး ငါထပ်စဉ်းစားကြည့်လိုက်ပါ့ဦးမယ်အေ အော် ဒါနဲ့ ညည်းအသက်လဲမငယ်တော့ဘူး အိမ်ထောင်ပြုဖို့လဲစဉ်းစားဦးဒါမှမှီခိုစရာရမှာ ပြီးတော့ငါလဲညည်းအတွက်ရင်အေးရမှာ မဟုတ်ရင်ညည်းဘယ်လိုမဟုတ်တစ်ရုတ်တွေနဲ့တွေ့မလဲလို့စိုးရိမ်နေရတာ သမီးအတွက်ပူရတာတစ်မျိုး တူမအတွက်ပူရတာတစ်မျိုးနဲ့''
"ပျို့အတွက်တော့စိတ်မပူပါနဲ့ဒေါ်လေးရာယ်ပျိုကအိမ်ထောင်မပြုပါဘူး ဒေါ်လေးနဲ့ပဲတစ်သက်လုံးနေမှာ''
"အဲ့ဒါက ညည်းချစ်ရမယ့်သူမတွေ့သေးလို့ပါအေ ချစ်ရမယ့်သူသာတွေ့ကြည့် ငါ့ကိုပါတခါတည်းထားခဲ့မှာ ''
ဒေါ်လေးနဲ့ပျိုကစကားတွေခုမှလက်ဆုံကျပြောရင်းရယ်မိကြသည်။

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now