Part18

877 15 0
                                    


"အစ်ကိုမြင့်မား ရောက်နေတာကြာပြီလား''
"မကြာသေးပါဘူး ခေး ရဲ့ အစ်မပျိုရော ပါလာတာပဲ''
ပျိုက ခေါင်းလေးငြိမ့်ပြသည်။ခေးနဲ့ပျို ဝင်ထိုင်လိုက်ပြီး မြင့်မားက သူတို့အတွက် စားစရာတွေ မှာပေးလေသည်။ခေးနောက်ကို အစ်မပျိုရော လိုက်လာတတ်တာကို မြင့်မားမေ့သွားသည်။ဘယ်က ဘယ်လိုချစ်ရေးဆိုရပါ့မလဲ။
"ခေးကိုချိန်းတာ ဘာကိစ္စလဲအစ်ကိုမြင့်မားရဲ့''
"လာမယ့်စနေနေ့ကျရင် ည တို့အိမ်မှာ ပါတီပွဲလေးလုပ်ဖို့ ရှိတယ် အဲ့ဒါ ည ကခေးကိုဖိတ်ခိုင်းလိုက်လို့''
ခေး ဝမ်းသာသွားရသည်။ အစ်ကိုည က သူ့ကိုသတိတရဖိတ်တယ်ဆိုတော့ ခေး ပျော်သွားရသည်။
မြင့်မားကတော့ ပျိုနဲ့ခေးကို ဘယ်လိုလူခွဲရမလဲ စဉ်းစားရကြပ်နေလေသည်။ခေးက လျှောက်ပြီးလည်ပက်ရန် ပူဆာလေတော့ မြင့်မားလဲ ခေး ရဲ့အလိုကျနေရာစုံ လိုက်ပို့ပေးလေသည်။ ပြောချင်တဲ့စကားကျ ပြောဖို့အခွင့်ရေးကမရ။ဟိုအစ်မက တစ်ချိန်လုံး ခေးအနားမှာရှိနေသည်။ဒီလိုဖြင့် ကစားကွင်းသို့ရောက်လာကြသည်။
ဒါနဲ့တစ်နေကုန်တော့မည်။ စုဆောင်းထားသမျှ သတ္တိတွေလဲ အရည်ပျော်စပြုနေလေပြီ။တစ်ခုခုတော့ကြံမှဖြစ်မည်။
"အစ်ကိုမြင့်မား ခေး Roller Coasterစီးချင်တယ်''
ခေး က ကလေးတစ်ယောက်လိုပူဆာ၍ လက်ညှိုးလေးထိုးပြသည်။မြင့်မားမျက်လုံးများက တစ်စုံတစ်ယောက်ကို လိုက်ရှာလျှက်...
"အော်....ခေးက စီးချင်လို့လား အဲ့ဒါဆိုစီးမယ်လေ''
"ရေး:::::::''
ခေးကပျော်မြူးကာ ရှေ့မှ ဦးဆောင်ပြီးထွက်သွားလေသည်။
"ခေး•••အစ်မပျို ကိုရော မခေါ်တော့ဘူးလား''
မြင့်မားက ခေးကိုလှမ်းမေးသည်။
"အစ်မက မစီးရဲ့လို့မလိုက်တော့ဘူး''
"သူမှ မစီးရဲတာ ထားခဲ့လိုက်စမ်းပါ လာပါမြန်မြန်''
ခေးက စိတ်မရှည်သလိုလေး ပြောရင်း မြင့်မားအား လှမ်းခေါ်တော့ ခေး နောက်ကိုမြင့်မားလိုက်ရလေသည်။မြင့်မားက မသိမသာလေးပြုံးလိုက်သည်။
ခေးတို့ စီးနေတာကို မလှမ်းမကမ်းမှ ပျို ရပ်ကြည့်နေတုန်း တစ်စုံတစ်ယောက်က ပျို့လက်ကို လာကိုင်သည်။ကြည့်လိုက်တော့••••
"ဟင်......မင်း''
ညအက္ခရာ ဆိုသည့်ကောင်လေးပင်။သူမဒီမှာရှိတာကို ဘယ်လိုလုပ်သိတာပါလိမ့်။ သူမကစဉ်းစားခန်းထုတ်နေတုန်း သူက သူမလက်ကလေးအားဆွဲကာ တစ်နေရာသို့ ခေါ်သွားလေသည်။
ပျို ကြောက်လန့်တကြားလေးဖြင့် သူ့လက်မှရုန်းလေသည်။
"မင်း ဘာလုပ်တာလဲ လက်ကိုလွှတ်''
သူက သွားနေတာလဲမရပ်သလို ပျိုရဲ့ လက်ကလေးကိုလဲ လွှတ်မပေးဘဲ ပိုပြီးတင်းတင်းကြပ်ကြပ်လေး ဆွဲပြီးခေါ်သွားသည်။ပျို့ မှာတော့ ဘာမသိညာမသိဖြင့် သူခေါ်ရာနောက်လိုက်လာခဲ့ရသည်။လူအရမ်းကြီးမရှုပ်တဲ့ နေရာလေးအရောက်မှာ သူမလက်ကိုလွှတ်ပေးသည်။
"ရော့••••လာမယ့် စနေနေ့ ကျွန်တော့်အိမ်ကပါတီပွဲမှာ ဒီဝတ်စုံလေးဝတ်ပြီးတတ်ပေးနိုင်မလား''
သူကမ်းပေးတဲ့ အထုတ်လေးကို ပျိုမယူပဲ သူ့အားခပ်စိမ်းစိမ်းကြည့်လိုက်သည်။
"လက်မခံနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး••••မင်းရဲ့ပါတီပွဲကိုတော့ မင်းဖိတ်လို့မဟုတ်ပဲ ခေးကိုစောင့်ရှောက်ဖို့အတွက်လာရမှာ''
"စိတ်မကောင်းရင်လဲ လက်ခံလိုက်လေ''
သူက သူမလက်အား ပိုင်စိုးပိုင်နင်းထပ်ပြီး ဆွဲယူကာ ဝတ်စုံထုတ်အားထည့်ပေးလေသည်။ပျိုက သူ့လက်ထဲသို့တစ်ဖန်ပြန်ထည့်ပေးလိုက်သည်။
"ဘာလဲ ကျွန်တော်ပေးတဲ့ ဝတ်စုံက ခင်ဗျား ကလပ်မှာတုန်းကဝတ်သလို ပေါ်ပေါ်ရော်ရော်တွေ မဖြစ်မှာဆိုးလို့လား''
ကလပ်က အကြောင်းပြောလိုက်တော့ သူမ မျက်နှာချင်ချင်းဆိုသလို နီမြန်းသွားရသည်။ဒီကိစ္စကို ဘာကြောင့်လာအစဖော်နေမှန်းမသိ။
"မင်း ဘာစကားပြောတာလဲ''
"လူစကားပါပဲ..လက်ခံလိုက်ပါ ကျွန်တော်ပေးတာကို ငြင်းဖူးတာ ခင်ဗျားပထမဆုံးပဲ''
လူကို ဘယ်လိုအတန်းစားများ ထင်နေသည်မသိ။ သူ့ကိုယ်သူဘဝင်ရူးလှသည့် ဤကောင်လေးအား သူမ စိတ်ပျက်လက်ပျက်ဖြင့်ကြည့်ကာ
"မင်းပေးတိုင်းယူပြီး မင်းအသားယူတိုင်းငြိမ်နေမယ့်အထဲမှာ ငါမပါဘူး တခါတည်းပြောထားမယ် နောက်ထပ်ငါ့ကိုလာမပက်သက်ပါနဲ့''
ပျို လူတစ်ယောက်ကို စိတ်ဆိုးစိတ်တိုပြီး ရင့်ရင့်သီးသီး ပြောဖူးတာ ဒါပထမဆုံးဖြစ်သည်။ခေး ပြောသလိုပဲ ဒီကောင်လေးဟာ လူရှုပ်လူပွေတစ်ယောက်ဆိုတာ ပျို ယုံလိုက်သည်။
"မရဘူး ခင်ဗျားက မပတ်သက်နဲ့လို့ပြောလည်း ကျွန်တော့်မှာ ခင်ဗျားနဲ့ပက်သတ်စရာတွေ အများကြီးရှိနေသေးတယ်''
စိတ်တိုနေသည့် သူမမျက်နှာလေးအား သေချာစူးစိုက်ကြည့်ပြီး ပြောနေသူက ည။ပြုံးစစ ဖြင့် ပျို့ မျက်နှာလေးအား စူးစူးရှရှကြည့်နေသော သူ့အကြည့်သူ့အပြုံးတွေအောက်မှာ ပျို အနေရခက်လာသည်။ဒါကြောင့် ပျို သူ့ရှေ့မှ လှည့်ထွက်လာခဲ့သည်။ ဒါကိုပဲ သူက နောက်တစ်ကြိမ် ပျို့လက်ကို လှမ်းဆွဲလေသည်။ ပျိုက ဆောင့်ရုန်းလိုက်တော့ သူ့လက်မှလွတ်သွားသည်။
"ကျွန်တော်ပေးတာကို တကယ်မယူတာလား''
"မင်းနဲ့ငါက စနောက်နေရမယ့်ဆက်ဆံရေးမလို့လား''
ပျိုက ခပ်စိမ်းစိမ်းကြည့်ပြီး ဘာမှထပ်မပြောတော့ပဲ သူ့အနားမှ ခပ်သွက်သွက်လေး ထွက်လာခဲ့သည်။သူနောက်ကလိုက်မလာလို့ ပျို ရင်အေးသွားရသည်။
သူပေးတာကို အလွယ်တကူလက်ခံမှာပဲလို့ ည တွေးထားတာတွေက ခုတော့ ပြောင်းပြန် ဖြစ်လျှက်။ သူမက သူ့အပေါ်မှာ တော်တော်လေးကို အမြင့်မကြည်နေသလိုပဲ။ သူ့ကိုမမှတ်မိတဲ့အပြင် မုန်းပါ မုန်းနေတာလား။သူ့လိုမျိုး အဘက်ဘက်က ပြည့်စုံတဲ့ လူမျိုးကို သူမက အဖက်မလုပ်တာလား။ ည နည်းနည်းတော့ စိတ်တို သွားရသည်။သူ့ဘက်ကပဲ အရမ်းရင်းနှီးနေလွန်းလို့လား။သူမ မျက်လုံးတွေထဲမှာ ည ကိုအထင်သေးလွန်းသည့် အကြည့်တွေတွေ့လိုက်ရသည်။ ကိုယ့်ဘက်က ချစ်ကြောင်းတောင်မှမပြောရသေးဘူး သူမဘက်က လုံးဝခါးသီးစိမ်းသက်ပြနေသည်။ မိန်းမတွေများ နည်းနည်းလောက် ခယ လိုက်တာနဲ့ မာန်ကတက်နေပြီ။ ည တစ်ယောက်ထဲ တွေးလိုက် စိတ်တိုလိုက်ဖြင့် ကျန်နေခဲ့ရသည်။
"ခေး....ဘယ်လိုလဲ စီးရတာပျော်ရဲ့လား''
ဟူးး ဘယ်ကဘယ်လိုစရပါ့မလဲ။
"အင်း အရမ်းသဘောကျတာပဲ ဟီး''
"ဟိုလေ•••ခေးကို......''
"ဟမ် မကြီးပျိုက ဘယ်ရောက်သွားတာလဲ''
ခေး က မကြီးပျိုကို မတွေ့လို့တောင်ကြည့်မြောက်ကြည့် ကြည့်နေလေ၏။တကယ်တော့ မြင့်မား ညကိုဖုန်းဆက်ပြီး ခေါ်လိုက်ခြင်းဖြစ်သည်။ည ကတော့အဆင်ပြေနေလောက်ပြီ။ သူကတော့ ခုထိ introတောင်မဝင်ရသေး
"မြင့်မား မင်း သတ္တိမွေးလိုက်စမ်းပါ''
ကိုယ့်ကိုယ်ကို ပြန်ပြီးအားပေးနေရသည်။
"သူလဲမုန့်လေးဘာလေးစားချင်လို့သွားဝယ်တာ နေမှာပေါ့ခေးရဲ့ ဒါမှမဟုတ် Toilet တွေဘာတွေ သွားတာဖြစ်မှာပေါ့''
"မဖြစ်နိုင်ပါဘူး''
မကြီးပျိုက ခေးကို တစ်ယောက်ထဲထားပြီးမှ ထွက်မသွားတတ်တာ။ဘယ်ရောက်သွားပါလိမ့်။ ခေး မကြီးပျို အပေါ်အကောင်းမြင်စိတ်လေး ဝင်နေ၍လားမသိ စိတ်ပူနေမိသည်။မကြီးပျိုက မေ့လဲမေ့တတ်တော့ တစ်ခုခုဆိုရင်ခက်ခဲနေမှာ။ ခေးက ဟိုကြည့်သည်ကြည့်ဖြင့် လိုက်ရှာနေသည်။
"ဟို.......ခေးကိုလေ ကိုယ် ပြောစရာရှိတယ်''
ခေးက အစ်မပျိုကို လိုက်ရှာနေရာက သူ့ဆီမျက်လုံးရောက်လာကာ''ဘာလဲ'' ဟူသည့်အကြည့်ဖြင့်အာရုံစိုက်ပြီးနားထောင်လေသည်။
"ဟို ဟိုဟာ ကိုယ် ကိုယ် ခေးကို''
"ခေး.....''
"သွားပါပြီ''မြင့်မား၏ တိတ်တဆိတ် ညည်းညူသံဖြစ်သည်။ဘာလို့ဆို အစ်မပျို ပြန်ရောက်လာ၍ ဖြစ်သည်။ဟိုကောင် ည ကလဲ ကိုယ့်လူကိုယ် အပိုင်ချုပ်မထားဘူးကွာ။
"မကြီးပျို ဘယ်ရောက်နေတာလဲ''
ခေးက စစ်ဆေးသည့်အကြည့်လေးဖြင့် မေးတော့ ပျို မလုံမလဲ ဖြစ်သွားရသည်။
"မကြီးပျို toilet ခဏသွားတာပါ''
စူးစမ်းနေသည့် ခေး မျက်ဝန်းတွေဖြင့် ရင်မဆိုင်ရဲပဲ အကြည့်လွှဲလိုက်သည်။
"ကိုယ်ပြောပါတယ် Toilet သွားတာနေမှာပါလို့''
မြင့်မားက ပျို့ စကားကိုဝင်ထောက်ခံလိုက်သည်။လုံးဝမဖြစ်နိုင်ဘူး။ မကြီးပျိုလိမ်နေတာ။ မကြီးပျို ဘယ်သူနဲ့တွေ့ခဲ့တာလဲ ခေးရဲ့ သိချင်စိတ်တွေ အထွဋ်ထိပ်သို့ရောက်နေသော်လည်း ဖြေသူမဲ့သော မေးခွန်းများသည် လေဟာနယ် ထဲတွင်သာ ပျောက်ရှကုန်၏။
~~~~~~
"ဘယ်လိုလဲ Okကြရဲ့လား''
ညနဲ့မြင့်မားအား နိုင်လေးက မေးလိုက်ခြင်းဖြစ်သည်။ မြင့်မားကတော့ သက်ပြင်းတစ်ချက်ချကာ သူ့ရှေ့တွင်ချထားသော အအေးအား ပိုက်ဖြင့်သောက်နေလေသည်။ ည ကတော့ စိတ်တိုနေသည့်အမူအရာဖြင့် ဘာမှမပြောပဲနေလေ၏။မေးတဲ့သူကမေးနေသော်လည်း နှစ်ယောက်စလုံးက နှုတ်ပိတ်နေသောအခါ နိုင်လေးက စိတ်မရှည်တော့သည့် လေသံဖြင့်
"ဘာလဲ နှစ်ကောင်လုံး အဆင်မပြေဘူးလား''
"ငါက အစလေးပျိုး နေတုန်းရှိသေးတယ် ဒီကောင်ပေါ့ သူ့လူကိုအပိုင်ချုပ်မထားတော့ အစ်မပျိုရောက်လာတာနဲ့ငါမပြောလိုက်ရဘူး''
မြင့်မားက ည အားအပြစ်တင်ရင်း ညည်းညူနေလေသည်။
"ဟျောင့် ည. မင်းကရော ဘယ်လိုဖြစ်တာလဲ''
"ဘာဖြစ်ကမှာလဲ ပါတီပွဲဖိတ်တာလေးတောင်မှအငြင်းခံလိုက်ရတာလေ ငါပေးတဲ့ဝတ်စုံကိုလဲ ငြင်းလွှတ်လိုက်တာ ချစ်တယ်များ ပြောရင် ဒီမိန်းမ သွေးတက်နေမလားပဲ''
ည ရဲ့အပြောကို နိုင်လေးနဲ့မြင့်မားက မျက်လုံးပြူးမျက်ဆံပြူးဖြစ်လျှက်
"မင်းကလဲ မ ကနေ ဒီမိန်းမတွေ ဘာတွေဖြစ်ကုန်ပြီ''
"အေးလေ သူပေးတာမယူတာနဲ့ပဲ ဇွတ်ကိုစိတ်တွေတိုနေတယ် မိန်းကလေးပဲကွ သူငြင်းချင်ငြင်းမှာပေါ့''
"အေး....ငါကလဲ အဲ့လိုငြင်းလွှတ်လို့ကိုစိတ်တိုနေတာ ငါ့လိုလူကို ခါးခါးသီးသီး ဖြစ်ပြီး မဆက်ဆံချင်သလိုပုံစံမျိုးငြင်းလွှတ်တာ ငါ့လိုအရာရာပြီးပြည့်စုံနေတဲ့ သူတစ်ယောက်ကိုတောင်မှသူ့အကြည့်က''
ည က ပြောရင်းစိတ်ကတစ်ဖန်တိုလာပြန်သည်။အဲ့နေ့က သူမရဲ့ စိမ်းသက်ခါးသီးတဲ့ အကြည့်တွေက ည မျက်လုံးထဲမှာ စွဲထင်လျှက်
"မင်းကလဲ စိတ်လဲလျော့ပါဦး ကိုယ်ချစ်တဲ့သူပဲကွာ နည်းနည်းပါးပါးသည်းခံလိုက်ပါ သူ့ကို မင်းပိုင်တာမှမဟုတ်တာ သူ့မှာကိုယ်ကိုင်ဆုံးဖြတ်ခွင့်ရှိတာပဲ မင်းဘယ်လိုလူဆိုတာ သူသိချင်မှသိမှာ သိရင်လဲ ထည့်တွက်ချင်မှတွက်မှာ''
မြင့်မားရဲ့အပြောကြောင့် နိုင်လေးက မြင့်မားနားလေးကပ်ပြီး
"မင်းက ဖျောင်းဖျနေတာလား စိတ်တိုအောင်သွားဆွ နေတာလားဟ''
"ငါပြောတာအဲ့လိုဖြစ်သွားလား''
တစ်ဝိုင်းထဲထိုင်နေပြီး နိုင်လေးနဲ့မြင့်မားက တီးတိုးပုံစံပြောနေသော်လည်း အသံတွေက တိုးတိုးလေး မဟုတ်တော့ ည အကုန်ကြားနေရသည်။
"မင်းတို့က တိုးတိုးတိတ်တိတ်ပြောနေတာလား ငါကြားအောင်တမင်ပြောနေတာလား''
ည က ခပ်ရွဲ့ရွဲ့လေးမေးတော့ မြင့်မားနဲ့နိုင်လေးက ရယ်ကျဲကျဲလေးလုပ်နေသည်။
"ဘာလဲ မင်းက အခုသူ့ကိုမုန်းသွားပြီလား''
"ဘယ်သူကပြောလဲ''
"မသိဘူးလေ မင်းကစိတ်တွေတိုပြီး ဒီမိန်းမတွေဘာတွေဆိုတော့''
မြင့်မားနဲ့ နိုင်လေးက အူကြောင်ကြောင်ပုံစံဖြင့်ပြောလေသည်။
"မသိရင်လဲ အသာနေလိုက် သူ့ကိုမုန်းဖို့ ငါ့မှာအစီစဉ်မရှိဘူး''
မြင့်မားနဲ့နိုင်လေးက ညရဲ့စိတ်ကိုနားမလည်သော်လည်း ပါးစပ်ပိတ်သွားရသည်။
ပါတီမှာ ခင်ဗျားနဲ့ကျွန်တော် ဆုံရဦးမှာပါ ''နွေရိပ်ပျို''
ခင်ဗျားပဲ ကျွန်တော့်ကို ရှောင်နိုင်မလား ကျွန်တော်ပဲ ခင်ဗျားကို ဖမ်းထားနိုင်မလား စောင့်ကြည့်နေလိုက်::::::။
Part19
မျှော်😍😍😍

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now