Part4

1.1K 15 0
                                    

"ဖြစ်ပါ့မလားဒေါ်လေးရာယ် ပျို့ကိုခေးကခေါ်ချင်ပါ့မလား ပျို့ကြောင့်ခေးကိုစိတ်မညစ်စေချင်ဘူး''
"လျှာရှည်လိုက်တာ မိပျိုရာယ် ငါကငါ့သမီးကိုတစ်ယောက်ထဲစိတ်မချလို့ ညည်း ကိုထည့်နေတာ ထည့်ချင်လွန်းလို့ထင်မနေနဲ့ညည်းမရှိရင်ဆိုင်ကိုငါတစ်ယောက်ထဲမနိုင်ဘူးလူငှါးရမှာ''
"အဲ့ဒါကြောင့်ပျို မလိုက်ဘဲဒေါ်လေးနဲ့''
ပျို့စကားမဆုံးသေးခင်ပဲဒေါ်လေးက
"မလိုက်လို့မဖြစ်ဘူးမိပျို ရန်ကုန်လို့ငါ့မျက်စိကွယ်ရာကိုငါ့သမီးတစ်ယောက်ထဲမထားနိုင်ဘူး ညည်း လဲဟိုရောက်ရင်ဒီကလောက်ပင်ပန်းမှာမဟုတ်ပါဘူး ငါ့သမီးနဲ့အတူတူနေပြီးလိုအပ်တာလေးလုပ်ပေးရုံပါပဲ''
"''
တကယ်ဆို ပျိုဘယ်ကိုမှမသွားချင်ပေ။ပတ်ဝန်းကျင်အသစ်လူအသစ်တွေနဲ့နောက်ထပ်တစ်ကြိမ်နေသားတကျဖြစ်ဖို့ဆိုတာပျို့အတွက်ခက်ခဲလှသည်။ပျို့ရဲ့မှိုင်ထွေနေသည့်ရုပ်အားဒေါ်လေးကမြင်ကာ
"အဲ့လောက်လဲမှိုင်မနေပါနဲ့ဟယ် ခေးကမခေါ်ချင်လဲဒေါ်လေးကတော့ထည့်ပေးချင်တယ် ခေးကခုမှတက္ကသိုလ်ဆိုတာကိုစတတ်ရမယ့်သူ ပြီးတော့နယ်မြေသစ်မှာလူသစ်တွေနဲံတွေ့ရမှာ''
ဒေါ်လေးကစကားကိုခဏရပ်ကာဒေါ်လေးခြေထောက်တွေကိုနှိပ်ပေးနေသည့် ပျို့လက်တွေကိုယူကာ
"ခေးကိုပျိုနဲ့ပဲစိတ်ချနိုင်မယ်ကွယ် ခေးက ကလေးဆိုတော့ပြောမှားဆိုမှားရှိရင်သည်းခံပြီးနေပေးပါနော် ခေးရဲ့ပညာရေးကြောင့်သာအဝေးလွှတ်ရမှာ ''
ဒေါ်လေးကခေးကိုစိတ်ပူပန်ကာ ပျို့အားတောင်းပန်သည့်မျက်နှာထားလေးဖြင့်မှာနေရှာသည်။
"ဟုတ်ကဲ့ပါ ပျို ခေးနဲ့အဖော်လိုက်သွားပါ့မယ် ပြီးတော့ခေးကိုလဲစောင့်ရှောက်ပါ့မယ်''ထိုအခါမှဒေါ်လေးကစိတ်သက်သာရာရသွားသည်ထင်၏ မျက်နှာလေးရွှင်လာသည်။
ဒေါ်လေး မမွာလဲ ပျို ခေးကိုဂရုစိုက်မှာပါ။ဒေါ်လေးစကားကိုနားထောင်လို့ဆိုလဲဟုတ်တယ်၊ခေးကိုသံယောဇဉ်ရှိလို့ဆိုလဲဟုတ်တယ်။ပျို့ မှာဆွေမျိုးရင်းချာဆိုလို့ဒေါ်လေးတို့သားမိသာကျန်တော့သည်။ဒေါ်လေးကစိတ်မရှည်တက်သူမို့ပျို့ကိုဆူလိုက်ငှေါက်လိုက်လုပ်ပေမယ့်သံယောဇဉ်တော့ရှိရှာသည်။ပျိုကမှတ်ဥာဏ်မကောင်းလို့ကိုးတန်းနဲ့ကျောင်းထွက်လိုက်ရသည်။ပျို့ ဖေဖေနဲ့မေမေက ပျိုခုနှစ်တန်းလောက်ကဆုံးသွားကြတော့ ပျိုကို အဲ့အချိန်ကတည်းကဒေါ်လေးကစောင့်ရှောက်ကြည့်ရှုခဲ့သည်။ကျောင်းထွက်ပြီးနောက်ပိုင်းဒေါ်လေးထမင်းဆိုင်မှာပဲကူလုပ်ပေးရင်းနေခဲ့သည်။တခြားအလုပ်လဲ ပျိုနဲ့မဖြစ်လို့ဆိုပြီးဒေါ်လေးကမခိုင်းပေ။ခေးက ကလေးမို့ ပျို့ကိုတခါတလေပြန်အော်တတ်သည်။ခေးဘယ်လိုပဲအော်အော် ပျိုကတော့ခေးကိုချစ်သည်။ပျိုက တစ်ဦးတည်းသောသမီးဖြစ်ခဲ့တော့ ခေးလိုဂျစ်ကန်ကန်ညီမလေးတစ်ယောက်ရတာကိုပဲပျော်လို့မဆုံးဖြစ်နေသည်။ခေး နဲ့ရန်ကုန်ကိုလိုက်ရမှာ ပျို့အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ပင်။ဘာလို့ဆို ဒီနယ်မှာတောင်မှပျိုသွားဖူးတာစျေးနဲ့ထမင်းဆိုင်နဲ့အိမ်ပဲရှိသည်။နေရာသစ်မှာလူသစ်တွေနဲ့ကျောင်းတတ်သွားရမည့် ခေးကတော့စိတ်လှုပ်ရှားသလားမသိ ပျိုကတော့စိတ်လှုပ်ရှားလွန်းလို့အိပ်၍ပင်မပျော်ချေ။
"ကဲ ဒါသမီးတို့နေရမယ့်တိုက်ခန်းပဲ''
အမေ့ရဲ့ရန်ကုန်ကအမျိုးတစ်ယောက် အကူအညီနဲ့ခေးတို့ကိုတိုက်ခန်းတစ်ခုလိုက်ပြသည်။အမေကအဆောင်မှာစိတ်မချလို့တိုက်ခန်းငှါးပြီးနေခိုင်းခြင်းဖြစ်သည်။တိုက်ခန်းဆိုပေမယ့်လူတွေပိတ်သိပ်နေသည့်အထပ်လိုက်တိုက်ခန်းတွဲကြီးတွေမဟုတ်ပေ။စျေးနှုန်းကိုတော့ ခေးမသိ ခေးကိုမပြောပေ။မေမေနဲ့ပဲရှင်းလိုက်ပါ့မယ်ဟုအဒေါ်ကပြောသည် အခန်းခကိုခေးလဲစိတ်မဝင်စားပါ။ခေးစိတ်ဝင်စားတာကခုလိုသပ်သပ်ရပ်ရပ်တိုက်ခန်းလေးဖြင့်နေကာကျော့ကျော့မော့မော့လေးကျောင်းတတ်ရမည်ဆိုတာကိုသာဖြစ်သည်။တိုက်ခန်းလေးကရေချိုးခန်းနှင့်အိမ်သာပါတွဲလျှက်ပါသည်။အခန်းတွေကလဲကျယ်ကျယ်ဝန်းဝန်းရှိလှသည်။ကျောင်းနဲ့လဲအရမ်းကြီးမဝေးဘူးဟုသိရသည်။ခေး အတွက်ကတော့နတ်ဘုံခန်းဝါပါပဲ။အဲ့ဒေါ်လေးရဲ့သမီးကလဲ ခေးနဲ့ရွယ်တူဆိုတော့ပိုအဆင်ပြေသွားသည်။အဲဒီထက်အဆင်ပြေတာက ခေးလက်ထဲမှာ ဟိုအစ်ကိုမြင့်မားရဲ့ဖုန်းနံပါတ်ရှိနေသည်။အစစအရာရာသူကူညီမယ်လို့ပြောထားတော့ ကျောင်းမှာယောင်ယောင်လည်လည်မဖြစ်တော့မှာသေချာသည်။တကယ်တမ်းကျ ခေးတောင်းချင်တာ အစ်ကိုမြင့်မားရဲ့ဖုန်းနံပါတ်မဟုတ်။အစ်ကိုည ရဲ့ဖုန်းနံပါတ်ဖြစ်သည်။ဒါပေမယ့်သူကအနေတည်လွန်းသည်။အဲ့ဒါလေးကိုက သူ့ရဲ့ဆွဲဆောင်မှုလေးပါပဲလေ။မြင့်မားလွန်းသည့်အရပ်က ခေးနဲ့ဆိုခေးကသူ့ရင်ခွင်မှီအရပ်ကလေးပင်။အသားအရည်ကျတော့လဲ အရမ်းကြီးဖြူတဲ့ဘက်မရောက်သလိုညိုတဲ့ဘက်လဲမရောက်ပေ။ပြောချင်တာကယောကျာ်းဆနိတဲ့အသားအရည်ပေါ့လေ။ခေးကခပ်ဖြူဖြူလေးဆိုတော့နေနဲ့လ ရွှေနဲ့
"ခေး မမပျို ဒီအထုတ်ကြီးတွေဘယ်နားချလိုက်ရမလဲ''
ခေးအဝတ်စားထုပ်ရောသူ့အဝတ်စားထုတ်ပါဆွဲပြီးနောက်ကပါလာတဲ့မကြီးပျိုကိုခေးမေ့သွားသည်။တိုက်ခန်းထဲရောက်နေတာတောင်အထုပ်ကြီးနှစ်ထုပ်ကိုတစ်ဖက်တချက်ကိုင်လျှက်ရပ်နေကာ ဘယ်နားထားရမှန်းမသိဖြစ်နေသည့်မကြီးပျိုကို ခေးကအမြင်ကပ်နေမိသည်။
"မကြီးပျိုကလဲကြည့်ကြပ်ချလိုက်ပါ့လား အကုန်ခေးကိုပဲမေးနေမှာလား ကိုယ့်ဦးနှောက်နဲ့ကိုယ်လဲအလုပ်လုပ်ဦး ဒါကြောင့်လဲ ကိုးတန်းတောင်မပြီးတာ ဟွန့်''
မဲ့ကာရွဲ့ကာဖြင့်အားမနာတမ်းပြောနေသည့် ခေးကို ပျို ဘာမှမပြောပဲခဏကြည့်နေမိသည်။မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကော့နက်နေသည့်မျက်တောင်လေးကလိုက်ဖက်လွန်းလှသည်။မျက်ခုံးလေးကလဲမထူမပါးလေး။နှုတ်ခမ်းပါးပါးလေးကရဲတောက်နေအောင်ဆိုးထားသည့်နှုတ်ခမ်းနီကြောင့်အလှပျက်နေသည်။ကလေးတစ်ယောက်လိုဖြူစင်နုနယ်သည့် ခေးရဲ့ပုံစံလေးနှင့်ခုလိုမဲ့ရွဲ့ပြောဆိုနေတာတွေနှင့်တကယ်ကိုမလိုက်ဖက်လှပေ။
"ခေးကိုပဲရပ်ကြည့်နေတော့မှာလား ဘယ်တော့ပစ္စည်းတွေချမှာလဲ ခေးဗိုက်ဆာနေပြီ အပြင်ထွက်ပြီးထမင်းစားမလို့ လိုက်မှာဆိုအဝတ်တွေအမြန်ထည့်ထားလိုက် ခေးရေချိုးလိုက်ဦးမယ်''
"အော် အင်းပါ မမပျို သေချာထည့်ထားလိုက်မယ်ခေးရေချိုးနှင့်လေ ခေးပြီးတာနဲ့ပြီးစေရမယ်''
"အင်း အော် ဒါနဲ့ ခေးအဝတ်တွေနဲ့မကြီးပျိုရဲ့အဝတ်တွေမရောနဲ့နော် မကြီးပျိုရဲ့အဝတ်တွေကဖြင့်အရောင်မရှိအဆင်းမရှိနဲ့''
ထိုသို့ပြောကာ သဘက်လေးခြုံလျှက်ရေချိုးခန်းသို့ဝင်သွားသည်။ပျိုကတော့ ကလေးနဲ့ပြိုင်ပြီးစကားနိုင်လုမနေချင်ပါ။ဒါကြောင်သူပြောသလိုအဝတ်တွေကိုသာသေချာသိမ်းဆည်းနေမိတော့သည်။နာရီဝက်လောက်ကြာတော့ခေးကရေချိုပြီးလို့အပြင်ထွက်လာသည်။
"အဝတ်တွေထည့်လို့ပြီးပြီလားမကြီးပျို''
"ပြီးပြီခေးရဲ့ ခေးဘာဝတ်မလဲမကြီးပျိုထုတ်ပေးရမလား''
"ရတယ်ရတယ် ကိုယ့်ဖာသာထုတ်မယ် သွားပြီးရေချိုးလိုက်ဦး မကြီးပျိုရဲ့ဒီပုံစံကြီးနဲ့တော့ခေးတူတူထမင်းသွားမစားချင်ဘူး''
အလှအပမက်လွန်းတဲ့ခေးက ခေါင်းစီးထားတာကပြေလျော့လျော့ဖြစ်ကာဆံပင်ဖရိုဖရဲနှင့် ပျို့ကိုကြည့်ပြီးရေချိုးခိုင်းလေသည်။
"အဲ့ဒါဆိုမမပျို ရေမြန်မြန်သွားချိုးလိုက်ဦးမယ်နော်''
"အင်း အင်း မြန်မြန်လုပ်နော် ခေးအလှပြင်ပြီးလို့မှမပြီးရင်ထားခဲ့မှာ''
ရေချိုးခန်းထဲဝင်သွားသည့် ပျို့ကိုခေးကအသံခပ်ကျယ်ကျယ်လေးဖြင့်အော်ပြောသည်။''အင်းပါ ခေး မမပျိုမြန်မြန်လုပ်ပါ့မယ်''
"ဟွန်း ကြာလိုက်တာနော်''
"ခေး ဘယ်သူ့ကိုစောင့်နေတာလဲဟင် ခေးဗိုက်ဆာနေတယ်ထင်လို့မမပျိုတောင်အမြန်ရေချိုးလာတာ ခေး''
ပျိုစကားမဆုံးသေးခင် ခေးက
"နားညီးလိုက်တာမကြီးပျိုရာ ပါးစပ်လေးပိတ်ပြီးစောင့်နေပါ ဟိုလူမလာလို့စိတ်တိုပါတယ်ဆိုမကြီးပျိုကတစ်မျိုး''
ခေးကလဲဒေါ်လေးသမီးပီပီစိတ်မရှည်တတ်သူမို့ ပျို ဘာမှထပ်ပြီးစောဒကတက်မနေတော့ပေ။သူစောင့်နေတဲ့လူကိုသာလိုက်စောင့်နေလိုက်သည်။ခဏလောက်နေတော့ သူတို့ရှေ့သို့ပြိုင်ကားအနီရောင်လေးတစ်စီးရောက်လာသည်။
"အရမ်းကြာသွားလား ခေး အစ်ကိုကိစ္စလေးတစ်ခုရှင်းနေရလို့နည်းနည်းကြာသွားတယ်''
ကားထဲမွထြက္လာသူက မြင့်မား
"ရပါတယ်အစ်ကိုရဲ့ ခေးတို့ကိုတကူးတကတောင်လိုက်ပို့ပေးရမှာကို ဟီး ရန်ကုန်မြေရောက်တာနဲ့အစ်ကို့ကိုတန်းသတိရသွားတာ ဒုက္ခပေးမိသလိုများဖြစ်နေပြီလားမသိဘူးနော်''
မြင့်မားကတော့ဝမ်းသာလုံးစို့နေသည့်မျက်နှာကိုမနည်းအောင့်အီးထားရသည်။
"မဟုတ္တာ ခေးရာယ် ခေးကိုကူညီရတာကိုပဲအစ်ကိုကပျော်နေတာ ခုကစပြီးဘာပဲလိုလိုအစ်ကို့ကိုသာခေါ်လိုက်သိလား''
"ဟုတ်ကဲ့ ကျေးဇူးပါပဲအစ်ကိုရာယ်''
"ဪ ဒါကခေးအိမ်ကထဲ့ပေးလိုက်တဲ့လူပိုတစ်ယောက်ဆိုတာလား''
ခေးနဲ့စကားပြောပြီးကာမှ ခေးဘေးမှာရပ်နေသောအမျိုးသမီးအားသတိရ၍မေးလိုက်သည်။
"အင်း ဟုတ်တယ် မေမေထည့်ပေးလိုက်တာလေ တောက်တိုမယ်ရခိုင်းလို့ရအောင်တဲ့လေ''
"အော် ကျွန်တော်မှတ်မိပြီ အစ်မကဆိုင်ကယ်ဦးထုပ်အစ်မ မလား ကျွန်တော်ကဆေးရုံမှာတခါ အစ်မတို့ဆိုင်မှာတခါတွေ့ဖူးတဲ့သူတွေထဲကပါ နာမည်ကမြင့်မားပါအစ်မ''
မြင့်မားက မှတ်မိသွားလို့ဝမ်းသာအားရနှုတ်ဆတ်နေသည်ကို ခေးကတော့နည်းနည်းလေးမှသဘောမကျပေ။မကြီးပျိုကိုမှတ်မှတ်ထင်ထင်ဖြင့်မှတ်မိနေတာကိုလဲမလိုလားပေ။အဲ့ထက်ဆိုးတာက ကိုမြင့်မားကိုမမှတ်မိသလိုလိုမှတ်မိသလိုလိုစဉ်းစားဟန်လုပ်နေသည့် မကြီးပျိုရဲ့ပုံစံကိုပိုမကြိုက်ပေ။လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်ကမှတွေ့ထားသည့်လူကိုမေ့နေတယ်ဆိုတာဖြစ်နိုင်လို့လား။ပြီးတော့ကိုမြင့်မားလိုလူကိုမမှတ်မိဘူးဆိုတာပိုပြီးတောင်မဖြစ်နိုင်သေး။ကိုမြင့်မားဆိုတာ ခေးရဲ့ ကိုညလောက်မချောပေမယ့်သူလဲရုပ်ရည်အသင့်အတင့်ရှိသည်။အသားအရည်ကတော့ ကိုညထက်ဖြူသည်။ပြီးတော့ကိုညထက်လဲဖော်ရွေသည်နှုတ်ရွှင်သည်။ဒီလိုလူမျိုးကိုမမှတ်မိဘူးဆိုတာ အလကားသက်သက် မကြီးပျိုမာယာများတာ။ထို့ကြောင့်ပဲ မကြီးပျိုရဲ့ ''အော် သိပြီ ဘယ်သူ''ဆိုတဲ့အပြောကိုစောင့်နေသော အစ်ကိုမြင့်မားအား
"အစ်ကိုမြင့်မား ခေးဗိုက်ဆာနေပြီ နေ့လည်စာကခုထိမစားရသေးဘူး''ထိုသို့စကားစဖြတ်လိုက်သည်။
"အာ ဟုတ်သားပဲsorryကြာ ခေး ကဲလာတက်အစ်ကိုဒကာခံပြီးနေ့လည်စာကျွေးမယ် ဘယ္လိုလဲ''
မျက်ခုံးတစ်ဖက်ပင့်ပြီးမေးတဲ့မြင့်မားအမေးအားခေးက
"ရေးး ဒါမှ ဒို့အစ်ကိုကွ''
ကလေးငယ်လေးတစ်ယောက်နှယ်လက်သီးဆုပ်လေးမြှောက်ကာဟစ်ကြွေးလေတော့ မြင့်မားရဲ့ရင်ခုန်နှုန်းတွေ ဒီရေမြင့်တက်လျှက်ဘောင်ဘင်ခက်နေတော့သည်။ပျိုကတော့ကားနောက်ခန်းထဲမှာငြိမ်သက်တိတ်ဆိတ်စွာလိုက်ပါလျှက်။
"ည ရေ ည ''
ကားလေးကိုပေါ်တီအောက်ရပ်ပြီးသည်နှင့်မြင့်မားကအိမ်ထဲဝင်ရင်း ညကိုတကြော်ကြော်အော်ခေါ်လေသည်။
"လာပြီဟေး လာပြီ အတင်းကိုအော်နေတော့တာပဲ''
ဧည့်ခန်းထဲတွင်ငုတ်တုတ်ထိုင်လျှက်တကြော်ကြော်အော်ခေါ်နေသောမြင့်မားဆီသို့ ည ကအသံပေးပြီးရောက်လာသည်။
"ဘယ်ကနေလှည့်လာတာလဲ ပုံစံကလဲသားသားနားနားနဲ့ပါလား''
မေးနေတာကိုမြင့်မားကပြုံးပြုံးကြီးလုပ်နေကာတော်ရုံဖြင့်မဖြေသေး
"မေးနေတာကိုမဖြေဘဲ အဲ့မှိုရလာတဲ့မျက်ခွက်ကဘာအဓိပ္ပါယ်လဲ ငါ့ကိုအဖက်လေးလုပ်ပြီးရှင်းဦးဟ''
ည ရဲ့စိတ်မရှည်တရှည်အမေးကြားမှမြင့်မားက
"ငါဒီနေ့ဘယ်သူနဲ့တွေ့လာတယ်ထင်လဲ''
"မသိလို့မေးနေပါတယ်ဆိုမှပဲလာရစ်နေတယ် မပြောချင်လဲနေကွာ''
ည ကနားမထောင်တော့တဲ့ပုံစံမျိုးဖြင့်ဟိုဘက်လှည့်ထိုင်လိုက်မှ
"အော် အဲ့ လိုမဟုတ်ပါဘူး ငါ့မယ်ကြွားချင်လွန်းလို့ကိုမင်းဆီအပြေးလာရတာကို ''
"အဲ့ဒါဆိုလဲပြော''
"ငါ ခေးနဲ့တွေ့လာတယ်ကွ''
"ဟမ် မင်းရဲ့ခေးလား''
"အေးလေ ငါ့ရဲ့ခေးပေါ့ကွ သူနဲ့တွေ့လာတာ''
"နေပါဦး မင်းကဘယ်လိုလုပ်သူနဲ့တွေတာလဲ''
"ဖုန်းဆက်ပြီးခေါ်တာလေ''
မြင့်မား သူတို့တွေ့လာတာကိုကျကျနနလေးအရသာခံရှင်းပြလေသည်။
"အော် ဒါကြောင့်မင်းမျက်နှာကဒီလိုမြူးထူးတက်ကြွနေတာပေါ့ဟုတ်လား''
"ဒါပေါ့ကွာ သူကပြောတယ်သိလား ရန်ကုန်ရောက်တာနဲ့ငါ့ကိုတန်းသတိရတာတဲ့ အဟီး အဲ့ဒါသူ့မသိစိတ်ထဲကနေငါ့ကိုချစ်နေတာနေမှာ''
မြင့်မားကပြုံးပြုံးကြီးဖြင့်ပြောတော့
"ဟား ဟား အေး အေး မင်းလဲဒါနဲ့ရူးမှာပဲ''
"အချစ်ရူးလေးပါဗျာ''
"ကလင် ကလင် ''
ည ဆီကဖုန်းသံကြောင့် ညဖုန်းကိုင်လိုက်သည်။
တစ်ဖက်မှလူကြီးတစ်ယောက်အသံကြားရသည်။
"ဟယ်လို ''
"ညအက္ခရာလား ''
"ဟုတ်ပါတယ်ဗျ ဘယ်သူလဲမသိဘူး''
"ည အန်ကယ်မျိုးပါ''
အန်ကယ်မျိုးဆိုတာနိုင်လေး၏အဖေဖြစ်သည်။
"အန်ကယ် ဘာကိစ္စရှိလို့လဲဗျ''
"အေး မင်းသူငယ်ချင်းမင်းတို့အိမ်လာသေးလား''
"မလာပါဘူးအန်ကယ် နိုင်လေးကဘာဖြစ်လို့လဲအန်ကယ်''
"ခွေးဇာတ်ခင်းသွားတာ မိဘမျက်နှာကိုအိုးမဲသုတ်သွားတာ အေး မင်းတို့သူငယ်ချင်းနဲ့အဆက်အသွယ်ရရင်အန်ကယ့်အစားတခါထဲပြောပေးစမ်းပါ သူ့လိုအရှက်မရှိတဲ့သားမျိုးကို ငါကသားလို့မသတ်မှတ်တော့ဘူးလို့ အိမ်ပေါ်ကဆင်းသွားပြီးမှပြန်တက်မလာနဲ့လို့တစ်သက်စာသေခန်းပြတ်ပြီလို့သတင်းစာထဲကလဲကြေငြာထည့်မှာ ကိုယ့်လုပ်ရပ်ကိုရှက်ရကောင်းမှန်းသိတဲ့နေ့ရောက်မှအိမ်ပြန်လာခဲ့လို့ပြောလိုက်''
"ဟမ် အဲ ဟို အန်ကယ်အဲ့လိုတော့မလုပ်''
စကားကမဆုံးသေးဘူးတစ်ဖက်ကဖုန်းချသွားသည်။ည ကကြောင်တောင်ဖြင့်ကျန်ခဲ့တာကိုကြည့်ပြီး မြင့်မားကဘယ်သူနဲ့ဘာတွေပြောတာလဲသိချင်နေသည်။
"ဟေ့ဟျောင့် ဘယ်သူလဲ နိုင်လေးဆိုတာကြားလိုက်တယ် နိုင်လေးဘာဖြစ်တာလဲ''
ည ကနိုင်လေးအဖေပြောတာတွေကိုပြန်ပြောပြတော့ မြင့်မားလဲအံသြလို့မဆုံးဖြစ်နေသည်။နိုင်လေးကသူအိမ်မှာမနေချင်ကြောင်းသိထားသော်လည်းအခုလိုတကယ်ထွက်သွားမည်ထင်မထားပေ။ပိုဆိုးတာကသူ့အဖေကအမွေဖြတ်ရလောက်အောင် နိုင်လေးကဘာတွေလုပ်ခဲ့ပြီးအိမ်ကထွက်သွားတာပါလိမ့်။ည နှင့်မြင့်မား ခေါင်းချင်းဆိုင်၍စဉ်းစားခန်းထုတ်နေသော်လည်း တကယ်တော့ဘာမှန်းမသိချေ။
နိုင်လေး ရေ မင်းဘာတွေလုပ်ပြီးဘယ်တွေရောက်နေတာလဲကွာ။

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now