Part25

1K 15 0
                                    

အခန်းထဲရောက်တော့ စာအိတ်လေးအားဖွင့်ဖောက်ကြည့်လိုက်သည်။
"ဟမ်....ည''
ပြုံးရုံလေးပြုံးရင်းတစ်ဖက်က အမျိုးသမီးအားကြည့်နေသည့်ပုံဖြစ်သည်။ အမျိုးသမီးမျက်နှာကိုမမြင်ရပေ။ နောက်ကျောဘက်ကရိုက်ထားသည်မို့ ည မျက်နှာကိုသာအသေအချာမြင်နေရသည်။ ဒီပုံကို ဘယ်သူကမ်ား ပျို့ဆီပို့တာလဲ။ချက်ချင်းဆိုသလို သူမခေါင်းထဲမှာ အတွေးတွေပြည့်နှက်သွားရသည်။နောက်ကျောသာမြင်ရသည့် အမျိုးသမီးကလည်း နောက်ကျောဘက်ကကြည့်ရတာတောင် ပေါ်လွင်နေသည့် ခန္ဓာကိုယ်ကောက်ကြောင်းအလှက စွဲမက်စရာကောင်းလှသည်။ သူမကဘယ်သူလဲ။ ည ကဘာလို့ ထိုမိန်းကလေးနဲ့နှစ်ယောက်ထဲ ရှိနေရတညလဲ။ သူမကဝမ်းနည်းသလိုလို အားငယ်သလိုလိုဖြစ်မိသည်။ ဒီပုံပြပြီး ည ကို မေးကြည့်ရင်ကောင်းမလား။ သူကအမှန်တိုင်းဖြေပါ့မလား။ သူမမေးကြည့်သင့်သလား။ သူကဘာမှမဟုတ်ဘူးဆိုရင်လဲ ပျို ဘာတတ်နိုင်မှာတဲ့လဲ။ မမေးတာပဲကောင်းပါတယ်လေ။ ပျို ဇဝေဇဝါဖြင့် ဓာတ်ပုံလေးကို သာငေးမောနေမိသည်။ ပျို ထိုနေ့တစ်နေ့လုံး မှိုင်နေမိတော့သည်။ အန်တီဆူငှေါက်ရင်တောင် ပျိုဒီလောက် ဝမ်းနည်းသလိုမခံစားရပေ။ အန်တီဆူငှေါက်တာတွေနဲ့ပဲနေသားကျသွားလို့လား။ အခုဆို အန်တီက အိမ်မှာတင်မဟုတ် ဆိုင်မှာပါ ပျို့ကိုဆူလေသည်။ သင်စရာရှိရင်လဲ သင်ပါသည်။ သို့သော်စိတ်မရှည်ပေ။အန်တီ စိတ်မရှည်တိုင်း ပျိုက ဒေါ်လေးကိုသွားပြီးသတိရမိသလို လွမ်းမိသည်။ ဒီလိုနှင့် ည ပြန်လာတဲ့အထိ သူမဟိုဓာတ်ပုံထဲက မိန်းကလေးကိုသာပုံဖော်နေမိသည်။ ည ကေတာ့ သူမဘာဖြစ်နေတာ မသိပေ။
"ဟင်...မ...ညကြီးမိုးချုပ်ဘာတွေထရေးနေတာလဲ..''
အိပ်ချင်မူးတူးဖြစ်နေသည့် ည က စာရေးစားပွဲတွင်ထိုင်ကာ မီးရောင်မှိန်မှိန်ဖြင့် စာရေးနေသည့် ပျို့အားလှမ်းမေးလိုက်ခြင်းဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး အန်တီမှတ်ခိုင်းထားတဲ့ အထည်စားရင်းလေးတစ်ချို့ပါ....''
"အိပ်ရေးပျက်အောင် မ ရာယ် မနက်ကျမှမလုပ်ပဲ...''
"အင်း အိပ်တော့မလို့ပါ...''ထိုသို့ပြောကာ အိမ်ယာပေါ်သို့ဝင်အိပ်လိုက်သည်။
"ဒီနေ့တစ်နေ့လုံး မကိုပဲ လွမ်းနေတာ စာသင်ရတာစိတ်ကိုမပါဘူး....''
သူကထိုသို့ညည်းညူသလိုလေး ပြောရင်း ပျို့ကိုအနောက်မှသိုင်းဖက်ကာ ပျို့ဆံနွယ်လေးတွေအား တယုတယနမ်းရှိုက်နေတော့သည်။ ပျို့ရဲ့ ရင်ခုန်သံတွေကတော့ ခုန်နေကျအတိုင်းပဲ သူနဲ့နီးကပ်သမျှ စက္ကန့်တိုင်းမှာ ဆူညံစွာခုန်နေတော့သည်။
~~~~~~
"ဘယ်လိုလဲ....ငါပို့ခိုင်းတဲ့ပုံကိုရောက်အောင်ပို့လိုက်လား...''
"••••••••''
"ဟုတ်ပြီ....ဒီကိစ္စကိုငါကဆိုတာ ဘယ်သူမှမသိစေနဲ့နော်....''
"••••••••''
"ဒါဆိုဖုန်းချလိုက်တော့မယ် ငါ့ကိုဖုန်းမဆက်နဲ့ငါလိုမှခေါ်မယ်...''
ပြောပြီး မြဝတ်လွှာဖုန်းချလိုက်တော့သည်။
"ဟိုမိန်းမခုလောက်ဆို ဓာတ်ပုံတစ်ပုံအတွက်နဲ့ နှစ်ရက်သုံးရက်မကဦးစားနေလောက်ပြီ ဟား....ဟား...''
မြဝတ်လွှာ တစ်ယောက်ထဲပြောရင် သဘောတကျလေးရယ်နေမိသည်။
~~~~~~~
"ဟယ်.....ဒေါ်လေး ''
ပျိုက ခြံတံခါးလေးဖွင့်ပေးပြီး ဒေါ်လေးကိုဝမ်းသာအားရ အိမ်ထဲခေါ်လေသည်။
"ဒေါ်လေး ခေးက ကျောင်းမှာလေ အိမ်ပြန်မရောက်သေးဘူး..''
"အေး ငါသိပါတယ် ညည်းဆီကိုပဲအလည်လာတာပါ ဘာလဲ သူဋ္ဌေးကတော်ဖြစ်နေပြီဆိုတော့ ငါ့ကိုအလည်အလာမခံချင်တာလား....''
"မဟုတ်ပါဘူး.....အဲ့လိုမဟုတ်ပါဘူးဒေါ်လေးရာယ် ပျို ဒီရောက်ကတည်းက ဒေါ်လေးတစ်ခါမှမလာဖူးတော့ အံသြဝမ်းသာဖြစ်သွားလို့ပါ.....''
"အေးအေး ဝမ်းသာတာနောက်ထား ညည်းကို ဟိုမိန်းမအနိုင်ကျင့်တာတွေဘာတွေလုပ်သေးလား....''
"ဘယ်မိန်းမလဲ ဒေါ်လေးရဲ့...''
ဒေါ်မြနှစ် က ပျို့အားစိတ်မရှည်သလိုလေးကြည့်ကာ
"ညည်းယောက္ခမလေ.... ''
"အန်တီလား....အန်တီက ပျို့ကိုဘာမှမလုပ်ပါဘူး ဒေါ်လေးကကြံဖန်စိတ်ပူနေပြန်ပါပြီ.....''
ဒေါ်မြနှစ် က ပျို့အား အကဲခတ်သလိုလေးကြည့်လိုက်သည်။
"အေးပါ ဘာမလုပ်ဘူးဆိုရင်လဲတော်သေးတာပေါ့ ငါကမအူမလည်နဲ့ ညည်းအနိုင်ကျင့်ခံနေရမဆိုးလို့စိတ်ပူလို့ လာကြည့်တာ...''
"ပျိုအိမ်မှာရှိတာ ဒေါ်လေးဘယ်လိုလုပ်သိလဲ...''
"ခေး ကိုဖုန်းဆက်မေးကြည့်တာ မနက္က ညည်းဆိုင်မလိုက်ရဘူးလို့ကြားလိုက်တယ်ဆိုလို့လေ....''
"ဪ......''
ဘာပဲဖြစ်ဖြစ် ပျိုကတော့ ဒေါ်လေးခုလိုရောက်လာလို့ ဝမ်းသာမိတာတော့အမှန်ပင်။ ပျို့ မွာ ဆွေမျိုးဆိုလို့ ဒေါ်လေးပဲရှိတာမလား။
"ငါ့တူမက ကံကောင်းပါတယ်....''
"ဘာကိုလဲဒေါ်လေးရဲ့....''
"ယောကျာ်းရတာပြောတာလေ...ခုပဲကြည့် ယောကျာ်းရတာသိပ်မကြာသေးဘူး ရွှေတွဲလဲငွေတွဲလဲဖြစ်နေပြီ...''
"မဟုတ်ပါဘူး ဒါတွေက အန်တီဆင်ပေးထားတာပါ.....''
"ဘာပဲဖြစ်ဖြစ်လေ ငါ့တူမအပိုင်တွေမဟုတ်လား...''
သူမ မဝတ်ချင်သော်လည်း အန်တီကအတင်းဆင်ပေးထားသည်မို့ လက်ခံထားရသည့် လက်ဝတ်လက်စားတွေက ဒေါ်လေးပြောလိုက်မှ ပျို နေရထိုင်ရကြပ်သွားသည်။
"ငါ့တူမကေတာ့ ကံကောင်းပါတယ်လေ အဒေါ့်မှာတော့ အသက်ကြီးလာလေကံဆိုးလေပါပဲ အိုဇာတာမကောင်းဘူးထင်ပါရဲ့ကွယ်....''
ဒေါ်လေးကမျက်နှာမကောင်းစွာဖြင့် ထိုသို့ဆိုလေတော့ ပျိုစိုးရိမ်သွားရသည်။
"ဘာဖြစ်လို့လဲဒေါ်လေးရဲ့....''
"ဟင်းးး''
ဒေါ်လေးက သင်းပြင်းချပြီး ခေါင်းရမ်းနေလေတော့ ပျို ပိုလို့ပင်စိတ်ပူသွားရသည်။
"ဒေါ်လေးရာယ် ပျို့ကိုပြောပြပါဦး ဘာဖြစ်တာလဲလို့ ''
"ပြောပြလဲ ငါ့တူမကူညီနိုင်တာမှမဟုတ်ပဲ အလကားအပူပေးမိသလိုဖြစ်နေမယ်...''
"ပျို ကူညီနိုင်တာဆိုရင် ဘာပဲဖြစ်ဖြစ်ရပါတယ် ဒေါ်လေးရာယ် ပျို့ကိုပြောပြပါနော်....''
ထိုအခါမှဒေါ်လေးက မပြောချင်ပြောချင်ပုံစံဖြင့်ပြောပြလေသည်။
"ဒေါ်လေး ငွေတိုးပေးစားတာလဲသိပ်အဆင်မပြေဘူး အဲ့ဒါကြောင့်ထမင်းဆိုင်လေးပြန်ဖွင့်ဖို့ရင်းလိုက်တာ ခုတော့ ဒေါ်လေးထမင်းဆိုင်လေးအရင်းပြန်ပြုတ်သွားလို့ကွယ် အဲ့ဒါထမင်းဆိုင်ပြန်ဖွင့်ဖို့အရင်းအနှီးလေးလိုနေတာ ခေးရဲ့ကျောင်းစရိတ်အတွက်ကလဲရှိသေးတော့ ဒေါ်လေးဘယ်လိုလုပ်ရမယ်တောက်မသိတော့ပါဘူးကွယ်....''
ဒေါ်လေးကထိုသို့ ညည်းညူရင်း စိတ်ပျက်လက်ပျက်ဖြစ်နေရှာသည်။
"ပျို ဘယ်လိုကူညီပေးရမလဲဟင်....''
"ဒေါ်လေးကအရင်းအနှီးလေးခဏစိုက်ထုတ်ပေးစေချင်တာပါ ဒါပေမယ့် ငါ့တူမဘက်ကအဆင်ပြေမှပါ ဒေါ်လေးလဲ အားကိုးစရာဆိုလို့ ပျိုပဲရှိတော့တာ.....''
ဒေါ်လေးကအဲ့လိုတွေပြောလေ ပျိုက ဒေါ်လေးကိုသနားလေပါပဲ။
"ဒါပေမယ့် ပျို့လက်ထဲမှာပိုက်ဆံမရှိတော့ ဘယ်လိုကူညီရမလဲဒေါ်လေးရာယ်....''
ပျိုက ဝမ်းနည်းသလိုလေးဆိုလိုက်သည်။
"ဒါမ်ား ငါ့တူမရာယ် ဒီလက်ဝတ်လက်စားတွေက ငါ့တူမလေးအပိုင်မလား ဒေါ်လေးကိုခဏလောက်လေးမချေးနိုင်ဘူးလား....''
"ဒါက အန်တီဆင်ပေးထားတာ ပျို့ဟာတွေမဟုတ်တော့ ပျို....''
"အိုအေ...ညည်းကိုဆင်ပေးမှတော့ ညည်းဟာပေါ့ ဒေါ်လေးကအပိုင်တောင်းတာမှမဟုတ်ပဲ အဆင်မပြေတုန်းခဏှည့်ထားတဲ့သဘောပါ....''
ချိုချိုသာသာပြောနေရာမှ ဒေါ်လေးက စိတ်မရှည်သလိုဖြစ်ဖြစ်သွားသည်မို့ ပျိုက ဒေါ်လေးတော်တော်စိတ်ရှုပ်နေရပုံပဲဟု တွေးလိုက်မိသည်။ဒါကြောင့်ပဲ ဒေါ်လေးတောင်းသည့် လက်ဝတ်လက်စားတွေအားပျို ချွတ်ပေးလိုက်သည်။ ထိုအခါမှဒေါ်လေးက မျက်နှာလေးရွှင်သွားလေသည်။ ဒေါ်လေးရဲ့အခက်အခဲကို ပျို ကူညီပေးလိုက်နိုင်တာကြောင့် ပျော်မိသည်။
~~~~~~~
"ဟွန့်....ထင်တဲ့အတိုင်းပဲ မမြင်ဖူးမဝတ်ဖူးတာတွေ အလွယ်တကူ ဆင်ယင်ပေးလိုက်တော့ တန်ဖိုးရှိတဲ့အရာမှန်း တန်ဖိုးထားရမှန်းမသိတော့ဘူး....ပါးစပ်ကဘယ်ချိန်ထိပိတ်နေမှာလဲ နွေရိပ်ပျို ငါ့သားလာတဲ့အထိလား ဟမ် ပြောစမ်းပါ နင့်ကိုဆင်ပေးထားတဲ့လက်ဝတ်လက်စားတွေက ဘယ်ပျောက်သွားတာလဲလို့....''
ဒေါ်ကေသီတင့် တစ်ယောက် ဧည့်ခန်းထဲတွင် ရှေ့လျှောက်နောက်လျှောက်ဖြင့် ဒေါသထွက်ကာဆူညံနေတော့သည်။ ပျိုကတော့ ဒေါ်ကေသီတင့် ဆူသမျှအော်သမျှကို ခေါင်းငိုက်စိုက်ချပြီး ရေငုံနှုတ်ပိတ်နားထောင်နေလေသည်။ ပျို့မှာ ပြောစရာစကားမရှိပေ။ ဒေါ်လေးကို ပစ္စည်းတွေပေးပြီးလို့ တော်တော်လေးကြာတော့ အန်တီကအိမ်ရောက်လာသည်။ ပျို့မှာ ပစ္စည်းတွေမရှိတော့တာကို အန်တီချက်ချင်းသိသွားလေသည်။ ဒေါ်လေးကိုပေးလိုက်တယ်လို့ပြောရင်လဲ ဒေါ်လေးကိုတမျိုးမြင်ပြီး မကောင်းအပြောခံရမည်ဆိုးသည်။ ဒီ့အပြင်လဲ ပျိုမလိမ်တတ်မညာတတ်။ထို့ကြောင့်ပဲ ပြောသမျှကို ရေငုံနှုတ်ပိတ်နေနေမိတော့သည်။
"ဒီယုန်မြင်လို့ ဒီချုံထွင်လိုက်ခြင်းပင်...'' သူမစိတ်ဓာတ်ကို  အခုတော့သိရပြီလေ။ ဒါများ လက်ဝတ်လက်စားဆင်ပေးတုန်းကတော့ မလိုချင်ပါဘူးမယူချင်ပါဘူးဆိုပြီး ဖြူးဖြူးခါအောင် ငြင်းသေးသည်။ခုကျတော့ အစနပါမကျန်အောင် လက်စဖျောက်ပစ်လိုက်ပြီ။ အစကတည်းက ငါ့သားကိုငွေမျက်နှာကြောင့်လက်ထပ်ခဲ့တဲ့ ပိုင်းလုံးမပဲ ။ ပုံစံကြည့်တော့ ရိုးပုံရိုးပန်းနဲ့။
"ပြောစမ်းပါဦး ညည်းဒီလိုပဲရေငုံနှုတ်ပိတ်နေနေတော့မှာလား အဲ့ပစ္စည်းတွေ ညည်းဘယ်နေရာမှာသုံးလိုက်တာလဲ.... ''
ဒေါ်ကေသီတင့် အသံသာ တစ်စတစ်စကျယ်လာသည်။ ပျို့အသံကတစ်စက်မှမထွက်။ ပျို အန်တီ့ကိုကြောက်လွန်းလို့ အသက်ပင်မရှုရဲပေ။ ဒေါ်လေးကိုကူညီခွင့်ရတုန်းလေး ကူညီလိုက်ရသည်မို့ ဒေါ်လေးနာမည်ကိုလဲမတပ်ချင်ပေ။
"ညည်းအခုချက်ချင်း ငါ့အိမ်ပေါ်ကဆင်း....''
ပျို ခေါင်းလေးထောင်ပြီး မော့ကြည့်ကာအံသြနေသလို နောက်မှာချောင်းနားထောင်နေသော ဒေါ်ကြင်နှင့်အိဖြူလဲမျက်လုံးပြူးသွားရသည်။ဒီကိစ္စကဒီလောက်ထိလုပ်ဖို့လိုလို့လား ဟု ဒေါ်ကြင်ကစဉ်းစားနေမိသည်။ဝင်တော့မပြောဝံ့ပေ။
"ငါ့ကို လာပြီးသနားစရာမျက်နှာတွေလုပ်ပြမနေနဲ့....ဘာလဲ ညည်းလိုသလောက်မရလိုက်လို့လား....''ဒေါ်ကေသီတင့် က ပိုင်ပိုင်နိုင်နိုင်ပြုံးလျှက် ပြောလေသည်။
အန်တီစကားတွေက ပျို့ ရင်ကို လှံချွန်နှင့်ထိုးစွနေသည့်နှယ်။ ပျို့ကိုငွေမက်တဲ့သူလို့ အန်တီထင်နေလေသည်။ ပျိုဘယ်လိုဖြေရှင်းချက် ထုတ်ရမည်မသိ။ အလိုလိုဝမ်းနည်းသိမ်ငယ်စိတ်တွေဝင်လာကာ မျက်ရည်ကျမိသည်။
"ဟွန့်...မာယာတော့အများသား...''အန်တီ့ရဲ့လှောင်ရယ်သံနှင့်အတူ ပျို့ကိုရွံရှာမုန်းတီးသည့် အကြည့်များအောက်မှာ ပျိုဆက်မနေရဲ့တော့ပေ။
"အိဖြူ...''
"ရှင်....''
မြန်မြန်ဆန်ဆန်ထူးလိုက်မိပြီးမှ ခိုးနားထောင်နေတာလူမိသလိုဖြစ်သွားတာကြောင့် အိဖြူဇာတ်လေးပုသွားရသည်။ ရောပြီးအဆူခံရမှာကလဲကြောက်သေးသည်။
"သွား သူ့အဝတ်တွေသွားထုတ်ပေးလိုက်...''
သူဋ္ဌေးကတော်ရဲ့ အမိန့်အားမလွန်ဆန်ရဲတာကြောင့် အိဖြူခေါင်းလေးငုံပြီး အဝတ်အစားပြင်ရန်ထွက်လာသည်။
"ရော့.....ဒီမှာ  ချက်လက်မှတ် နောက်ထပ်ငါ့အိမ်အရိပ်ကိုတောင်လာမနင်းနဲ့....''ချက်လက်မှတ်ပေးပြီးတာနှင့် အန်တီကအိမ်ပေါ်တတ်သွားသည်။ ပျို ချက်လက်မှတ်လေးအား ထိပင်မကြည့် အန်တီထားသည့်အတိုင်းလေးသာ ပုံမပျက်ထားထားသည်။ ပျို ဒီငွေတွေမမက်ပါဘူး။ ပျို ခြံဝန်းထဲမှမထွက်ခင် ည အားမျှော်မိသည်။ သူသာရှိရင် ပျို့ကိုထွက်မသွားဖို့ ပြောမှာလား။ ပစ္စည်းတွေအကြောင်းမဲ့ပျောက်သွားတဲ့အတွက် ပျို့ကိုရောယုံမှာလား။ သူပျို့ဘက်ကရပ်တည်ပေးမှာလား သိချင်တယ်။ သူခုချိန်ထိပြန်မလာသေးတာ ဓာတ်ပုံထဲက မိန်းကလေးနဲ့ တွေ့နေလို့ဖြစ်မှာပေါ့လေ။ပျို ဝမ်းနည်းမျက်ရည်တွေအား လက်ခုံဖြင့် အသာအယာသုတ်လိုက်သည်။ ပျို က ည အတွက် အရေးပါရဲ့လားကွယ်.....။

"နွေအိမ်မက်ရဲ့ညအက္ခရာ..."(𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞)Where stories live. Discover now