💕
တိတ်ဆိတ်မှုတို့သာ လွှမ်းမိုးနေပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် ငြိမ်သက်နေတဲ့ ဧည့်ခန်းကျယ်တစ်ခု...
ဘယ်လောက်တောင် တိတ်ဆိတ်နေပါသလဲဆိုရင် လေအဝှေ့မှာ လှုပ်ခတ်နေတဲ့ ခန်းဆီးလိုက်ကာဆီမှ မြည်သံတဖြတ်ဖြတ်ကို ရံဖန်ရံခါ ကြားနေရတဲ့အထိပင်....
လူသူလေးပါ ရှိမနေလို့ တိတ်ဆိတ်နေခြင်းတော့ ဟုတ်မနေခဲ့ပါဘူး။
ထို ဧည့်ခန်းကျယ်ကြီးထဲမှာ ကျောက်ရုပ်တွေပမာ မလှုပ်မယှက် ထိုင်နေကြတဲ့ လူ ငါးဦးတော့ ရှိနေခဲ့ပါတယ်။
အတိအကျ ပြောရမယ်ဆိုရင်တော့ Park မိသားစုဝင်တွေပေါ့။
သူတို့အားလုံးရဲ့ မျက်နှာတွေဟာလဲ တစ်စုံတစ်ရာကြောင့် စိတ်မကောင်း ဖြစ်နေကြဟန်တွေ အတိုင်းသားလား။
မိသားစုဝင်တွေ အားလုံး ဒီလို မျက်နှာမကောင်းစွာနဲ့ ငြိမ်သက်သွားကြရတဲ့ အကြောင်းအရင်းကတော့ မကြာသေးမီကမှ US ကနေ ပြန်ရောက်လာခဲ့တဲ့ Jimin ရဲ့ နှုတ်ထွက်စကားတစ်ခွန်းကြောင့်ပေါ့...
အတွေးကိုယ်စီနဲ့ အတန်ကြာ တိတ်ဆိတ်နေခဲ့ကြပြီးမှ ထို တိတ်ဆိတ်မှုကို ဖြိုခွင်းပြီး ဖခင်ကြီး Park ရဲ့ စကားသံက ဖြေးညှင်းစွာ တိုးထွက်လာခဲ့လေတယ်။
" သား တောင်းဆိုတာကို ဒယ်ဒီ သဘောမတူချင်ဘူး သားရယ်..."
" သား ဆုံးဖြတ်ပြီးပြီ ဒယ်ဒီ... ကျေးဇူးပြုပြီး သား ဆုံးဖြတ်တာကို လိုက်လျောပေးပါ"
စိတ်မကောင်းပေမယ့် Jimin အားတင်းပြီး ထပ်မံခွင့်တောင်းလိုက်မိတယ်။
ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ Jimin မိဘတွေ ဆီက ဒီခွင့်ပြုချက်ကို ရမှ ဖြစ်မည်မဟုတ်လားလေ....
" မာမီလဲ သဘောမကျဘူး သား.... မာမီ သားကို စိတ်မချဘူး "
မာမီကပါ တားမြစ်စကားတို့ ဆိုလာလေတာကြောင့် Jimin မာမီ့ကိုပါ ဖျောင်းဖျ ရပါအုံးမယ်။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanfictionစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....