12

1K 120 51
                                    

💕

" မောင့်အတွက်နဲ့ အရမ်း ပင်ပန်းနေပြီလား သဲငယ်..."

" အင်..ဟင်!... မောင်!! မောင်!! မောင့်!!!.. "

အံသြတကြီး...

တကယ့်ကိုမှ အံ့သြတကြီး...

မျက်ဝန်းလေးတွေ ပြူးကျယ်ဝိုင်းစက်သွားကာ ရင်ခွင်ထဲ ခွေခေါက်ပြီး တိုးဝင်နေတဲ့ ခန္ဓာကိုယ်လေးဟာ မတ်ခနဲ...။

မယုံနိုင် ဖြစ်နေသေးဟန် မျက်လုံးလေးတွေက စူးစမ်းနေသလို စူးစူးစိုက်စိုက်နဲ့ မော့ကြည့်လာကာ  လက်လေးနှစ်ဖက်ဟာ သူ့ပါးတွေပေါ် အုပ်ကိုင်လာပြီး မျက်လုံးချင်း ဆုံအောင် ကြည့်လာတယ်။

" မောင့်...တကယ်ပဲ မောင်က..."

သဲငယ်ရဲ့ အတည်ပြုဟန် အမေးစကားတွေကို သူ ခေါင်းတဆတ်ဆတ် ညိတ်ပြီး အဖြေပေးလိုက်တဲ့အခါ...

ချက်ချင်းဆိုသလို ဝေ့တက်လာတဲ့ မျက်ရည်ကြည်လေးတွေဟာ မျက်တောင်ဖျားတွေမှာ ခိုတွယ်လို့။

မျက်နှာလှလှလေးဟာ ငိုမဲ့မဲ့လေး ဖြစ်လာပြီး နှုတ်ခမ်းဖူးလေးတွေဆို တဆတ်ဆတ် တုန်လာကာ နှာခေါင်းထိပ်လေးတွေပါ ရဲတက်လာတယ်။

ပထမ အံ့သြသွားဟန်...

ပြီးနောက် မယုံနိုင်ဟန်...

နောက်ဆုံးမှာ ဝမ်းသာကြည်နူးမှုတွေဆီ ကူးပြောင်းသွားဟန် အမူအရာလေး...

" မောင့်..."

သူ့ပါးတွေကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ထားပြီး မျက်လုံးချင်း ဆုံနေရာမှ လည်ပင်းကို သိုင်းဖက်ပြီး ရင်ခွင်ထဲ တိုးဝင်လာသူလေး...

မောင်လို့ ခေါ်လိုက်သံတွေမှာ ဝမ်းသာလွန်းလို့ ဆို့နင့်နေတဲ့ တုန်ခိုက်သံတွေ ရောယှက်လို့...။

" မောင် ပင်ပန်းသွားပြီ... မောင် အရမ်း ပင်ပန်းသွားရပြီ... တာဝန်ကျေပါတယ် မောင်... ကိုယ့်ဆီကို အခုပဲ ဖြစ်ဖြစ် ပြန်ရောက်လာပေးလို့ မောင် တာဝန်ကျေပါပြီ...ကိုယ့်ကို ပြန်မှတ်မိလာပေးလို့ မောင် တာဝန်ကျေပါပြီ... မောင်ရယ်..."

မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)Where stories live. Discover now