💕
မိနစ်နှစ်ဆယ်လောက် ကားမောင်းအပြီးမှာတော့ တောင်ကုန်းလေးပေါ်ကဆောက်လုပ်ထားတဲ့ အနောက်တိုင်းဆန်ဆန် တစ်ထပ်တိုက်လေးရှေ့မှာ ကားက ရပ်သွားတယ်။
တောင်ကုန်းလေးပေါ်မှာ သီးသန့်တည်ရှိနေတဲ့ ဒီတိုက်အိမ်လေးဟာ အထီးကျန်တယ် ထင်ရပေမယ့် ဒီအိမ်လေးကို ကြည့်ပြီး Jimin ရင်ထဲ နွေးထွေးသွားရတာ ဘာကြောင့်ပါလိမ့်...
" ဒီအိမ်ပဲ ဒေါက်တာ Park "
ဦးတည်ရာကို ရောက်ပြီမို့ Jimin ကားပေါ်ကနေ ကပျာကယာ ဆင်းလိုက်တော့ အိမ်ထဲကနေ အသက်ငါးဆယ်ဝန်းကျင် ဦးလေးကြီးတစ်ယောက် အပြေးရောက်လာပြီး
" ဒေါက်တာလေးတို့ ရောက်လာပြီလား "
" လူနာအခြေအနေ ဘယ်လိုရှိလဲ ဦးကြီး "
Jimin ရဲ့ ခပ်လောလော အမေးမှာ ဦးလေးကြီးက
"သတိတော့ပြန်ရလာပြီ ဒေါက်တာလေး... ခုတော့ အိပ်ရာထဲမှာ မှေးနေတယ်"
"ဟုတ်ကဲ့ ဦးကြီး ကျွန်တော့်ကို နေရာလေးပြပါ"
"ကျွန်တော့်နောက်က လိုက်ခဲ့ပါ ဒေါက်တာလေး "
သတိပြန်ရလာပြီဆိုတော့ စိတ်ကလေးတော့ နည်းနည်းအေးရပါတယ်။ ခုချိန်ထိ သတိမရသေးဘူး ဆိုရင်သာ နောက်ဆက်တွဲ လက္ခဏာတွေအတွက် စိုးရိမ်ရမယ် မဟုတ်လားလေ...
Jimin ဦးလေးကြီး နောက်က လိုက်ခဲ့တော့ ဒေါက်တာ Min ဟာ ဆေးအိတ်တွေဆွဲပြီး ဘေးကနေ ပါလာခဲ့တယ်။
အိမ်ထဲကို ဝင်ဝင်ချင်း ရှူရှိုက်လိုက်မိတာက ပန်းချီရေးတဲ့ ဆေးနံ့...
ပြီး အထဲကိုဆက်ဝင်သွားတဲ့အချိန်မှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့ စက္ကူအပိုင်းအစတစ်ချို့။
ပုံတွေဆွဲပြီး စိတ်တိုင်းမကျလို့ ဖြဲပြီး လွှင့်ပစ်ထားတယ် ထင်ပါရဲ့...
တစ်ခုသတိထားမိလိုက်ပြန်တာက တစ်အိမ်လုံးဟာ အလင်းရောင် ကောင်းကောင်းမရဘဲ ခပ်မှောင်မှောင်ဖြစ်နေတာကိုပဲ...။
တစ်နေရာအရောက်မှာ ဦးကြီးက
" ဒေါက်တာလေး အောက်မှာ ပုလင်းကွဲတွေရှိနေလို့ သတိထားပါ... စောနက အစ်ကိုလေး သောင်းကျန်းပြီး ပုလင်းတွေ ခွဲထားလို့လေ.... ကျွန်တော်တို့လဲ အစ်ကိုလေးနားမှာပဲ နေပေးနေရတာမို့ ဘာမှ မရှင်းလင်းရသေးဘူး "
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanfictionစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....