💕
" ခင်ဗျား ဘယ်သူလဲ... ဘာအတွက်နဲ့ ကျုပ်အခန်းထဲကို ခွင့်မတောင်းဘဲ ဝင်လာရတာလဲ "
အကြည့်စိမ်းတွေနဲ့ အတူ မနှစ်မျို့လေဟန် မောင့်စကားတွေ...
ကြားလိုက်ရတဲ့ စကားသံက နားဝမှာ ဗုံးပေါက်ကွဲလိုက်သလိုပါပဲ...
သဲငယ် မျှော်လင့်ထားတာ ဒီလို အခြေအနေမျိုး မဟုတ်ဘူးလေ မောင်ရဲ့...
ခုတော့...
မျှော်လင့်ထားသမျှတို့ အလကားဖြစ်ကုန်ပြီပေါ့....
ဆုတောင်းခဲ့ရသမျှတို့က အရာမထင်တော့ဘူးပေါ့...
တို့နှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံခြင်းဟာ တကယ်ကို ရုပ်ပျက်ဆင်းပျက် နိုင်ခဲ့ပါပြီ...
မောင်~~~
နှုတ်က ဖွင့်ဟပြီး ခေါ်လိုက်ချင်ပေမယ့် လည်ချောင်းဝမှာပဲ ပျောက်ရှသွားခဲ့ရတဲ့ နာမ်စားလေး...
မောင့်ရဲ့ သဲငယ်ပါလို့ ပြောလိုက်ချင်ပေမယ့် ခပ်စိမ်းစိမ်းစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကြောင့် နှုတ်ခမ်းတို့ဟာ တလှုပ်လှုပ်နဲ့ အသံတို့ထွက်လာဖို့ အားစိုက်ပြီး ရွယ်နေရုံသာ....
ကိုယ့်ရဲ့ တုန်တုန်လှုပ်လှုပ်နဲ့ ဘာစကားတစ်ခွန်းမှ ထွက်မလာတဲ့ ပုံစံကြောင့် မောင်ဟာ စိတ်မရှည်တော့ဘူးထင်ပါရဲ့...
မျက်မှောင်တွေကို ပိုပြီး တွန့်ကာ ကျုံ့ကာ အော်လေတော့တယ်...
" ခင်ဗျားကို မေးနေတယ်လေ... ဘယ်သူလဲလို့!!... ဦးလေး ဦးလေးချွဲ... ဦးလေးချွဲ ဘယ်မှာလဲ!!!... ကျွန်တော့်အခန်းထဲထိ ဘေးသူစိမ်းလူတွေ ဝင်ချင်တိုင်းဝင်နေတာကို ခင်ဗျားတို့ မသိကြဘူးလား ဟမ်!!!"
ဘေးသူစိမ်းတဲ့လား....
မောင်က သဲငယ်ကို သူစိမ်းထင်နေတာလားကွယ်....
ဟုတ်တော့လဲ ဟုတ်ပါတယ်... သဲငယ်က မောင့်ရဲ့ သူစိမ်းပါ...
ဒါပေမယ့် အရင်းနီးဆုံး သူစိမ်းလေး ပါ မောင်...
ဟောဒီက သဲငယ်ဟာ မောင့်ရဲ့ အရင်းနီးဆုံး သူစိမ်းလေးပါပဲ။
မောင့် အော်သံကြောင့် အိမ်ရှိလူတွေအကုန် ပြေးလာကြတာ ခြေသံတွေ ဝရုန်းသုန်းကား...
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanficစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....