💕
မိုးရေတို့ရဲ့ စိုစွတ်မှုကြောင့် နက်မှောင် ပြောင်လက်နေတဲ့ တောင်တက်လမ်းတလျှောက်
တရိပ်ရိပ် ပြေးနေတဲ့ ကားအဖြူလေးတစ်စီးဟာ
လမ်းဘေးဝဲယာမှာရှိတဲ့ သစ်ပင်တွေကို ဖြတ်ကျော်ခဲ့ကာ မောင်းနှင်သူရဲ့ အလိုကျ မြန်နှုန်းမြင့်နေတဲ့ အရှိန်အဟုန်တွေနဲ့။စတီယာတိုင်ကို တင်းတင်း ဆုပ်ကိုင်ထားတဲ့ လက်တွေရဲ့ လက်ဖျံတစ်လျှောက် သွေးကြောစိမ်းတွေ ထင်းထွက်နေတာက ဒီလူရဲ့ ယောကျာ်းပီသမှုကို ပံ့ပိုးပေးနေသလို။
ရှေ့ လမ်းတလျှောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေရဲ့ စူးရှနေမှုကလဲ လုပ်ဆောင်နေတဲ့ အလုပ်အပေါ် ဘယ်လောက်ထိ အာရုံ အပြည့်ရှိတယ်ဆိုတာကို ဖော်ပြနေလေသလိုပါပဲ။
စိုးရိမ်စရာတစ်ခုကတော့ တောင်တက်လမ်း ဖြစ်နေရက်နဲ့ မြန်လွန်းနေတဲ့ အရှိန်ရယ်...
မျက်ခုံးတန်းတွေ တွန့်ချိုးပြီး စိတ်မရှည်ဟန်နဲ့ တွေ့သမျှကားတွေကို ကျော်တက်နေတာရယ်...
သေချာကြည့်မယ်ဆိုရင် အိပ်ရေးမဝဟန်ရှိတဲ့ ခပ်အစ်အစ် မျက်ခွံတွေအောက်က တစ်စုံတစ်ရာကို စိုးရိမ်နေဟန်ရှိတဲ့ မျက်ဝန်းတွေပါပဲ...
ဟုတ်တာပေါ့...
မနက်စောစော လက်ခံရရှိလိုက်တဲ့ ဖုန်းcall တစ်ခုကြောင့် အလောတကြီး ကားမောင်းထွက်လာခဲ့တဲ့ ဒေါက်တာ Park Jimin...
" အစ်ကိုလေး နေမကောင်းဘူး ဒေါက်တာ... ဖြစ်နိုင်ရင် အိမ်ကို အမြန်ဆုံး ပြန်လာခဲ့ပါ "
ဆိုတဲ့ အိမ်တော်ထိန်းဖြစ်သူ ဦးလေးချွဲရဲ့ ဖုန်းကို လက်ခံလိုက်ရကတည်းက အဖွဲ့သားတွေအတွက် ဆေးရုံကနေ ကားလွှတ်ပြီး ခေါ်ပေးဖို့ကို အကြောင်းကြားခဲ့ကာ သူကတော့ စိုစွတ်စွတ်လမ်းမထက် သတိကြီးစွာထားရင်း ကားကို ခပ်မြန်မြန်လေးသာ မောင်းလာခဲ့မိတယ်။
ရေကျော်နေတဲ့ ကားလမ်းတွေမှာလဲ အရှိန်လျှော့လိုက်ဖို့ကို သတိမရပါဘူး...
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanfictionစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....