💕
Seoul မြို့
Park မိသားစု၏ စံအိမ်အတွင်းရှိ ဧည့်ခန်းထဲတွင် ဖြစ်သည်။
ကြီးမားကျယ်ဝန်းလှတဲ့ ဧည့်ခန်းကြီးနဲ့ လိုက်ဖက်စွာ ခန်းနားလှတဲ့ နောက်ဆုံးပေါ် ပရိဘောဂတွေနဲ့ အသုံးအဆောင်တွေကိုသာ သုံးစွဲထားခြင်းကို ကြည့်ခြင်းအားဖြင့် ဒီမိသားစုရဲ့ ကြွယ်ဝမှုကို ခန့်မှန်းလို့ ရနိုင်သလို အမိုးထက်က မီးပန်းဆိုင်းကြီးတွေနဲ့ ဂန္တဝင်ဆန်လှတဲ့ ဧည့်ခန်းအပြင်အဆင်ကို ကြည့်ခြင်းအားဖြင့်လည်း ဒီမိသားစုရဲ့ လူနေမှုအဆင့်အတန်းကိုလည်း သိသာစေပါတယ်။
ဒေါက်တာ Park Jimin တောင်ပေါ်မြို့လေးမှာ တာဝန်ထမ်းဆောင်ဖို့ သွားမယ့်ကိစ္စ ခွင့်တောင်းစဉ် အချိန်ကာလတုန်းကလည်း ဒီ ဧည့်ခန်းကြီးထဲမှာ မိသားစုတွေ စုံစုံညီညီ ရှိခဲ့ဖူးကြသလို...
ယခု အခါမှာလည်း ဒီနေရာမှာပဲ ဒေါက်တာ Park Jimin အဝေးကိုထွက်သွားမယ့် ကိစ္စကို ဆွေးနွေးနေကြတာဆို မမှား။
ထွက်သွားတာခြင်း တူပေမယ့် ယခုအခါထွက်ခွာခြင်းမှာတော့ အရင်လို ရှောင်ပုန်းချင်စိတ်နဲ့ တစ်ယောက်တည်း ထွက်သွားမှာ မဟုတ်တော့သလို ဒီ ဧည့်ခန်းထဲက မိသားစု ဆွေးနွေးပွဲမှာလည်း လူသားတစ်ယောက်က ပိုတိုးလို့ လာခဲ့ပြီလေ။
ထိပ်ဆုံးက ဆိုဖာမှာတော့ ဖခင်ဖြစ်သူ Professor Park Minho က ထိုင်နေပြီး ညာဘက် ဆိုဖာရှည်ပေါ်မှာတော့ မိခင်ဖြစ်သူနဲ့ သားငယ် Taehyung။
Taehyung ဟာတော့ဖြင့် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပေမယ့်လည်း အိမ်ရဲ့ အငယ်ဆုံးလေး ပီပီ ဘေးက မိခင်ဖြစ်သူရဲ့ လက်မောင်းကို လက်နှစ်ဖက်နဲ့ တွယ်ချိတ်လို့ မိခင်ရဲ့ပုခုံးလေးထက်လည်း ခေါင်းကို မှီတင် ထားပါသေးတယ်။
ဘယ်ဘက်က ဆိုဖာရှည်မှာ သားကြီးဖြစ်သူ Seokjin ရှိနေပြီး ဖခင်ကြီး Park Minho နဲ့ မျက်နှာချင်းဆိုင် ဆိုဖာမှာက Park Jimin။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanfictionစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....