💕
အင်ချွန်းလေဆိပ်တွင်...
ထွက်ခွာဂိတ်ရဲ့ လက်မှတ်စစ်နေရာနဲ့ မလှမ်းမကမ်းက ခုံတန်းတစ်နေရာမှာတော့...
အတူနေရတာမှ မကြာသေး ထပ်ပြီး ခွဲရဖို့ ဖြစ်လာပြန်ပြီမို့ စိတ်မကောင်းစွာနဲ့ မျက်ရည်တွေကျနေတဲ့ မာမီနဲ့ မာမီ့ပုခုံးလေးကို ဖက်ထားပေးပြီး ချော့နေတဲ့ Jimin။
လိုက်ပို့တဲ့ အငယ်လေးကလည်း မာမီ့လက်လေးတစ်ဖက်ကို ကိုင်ထားပေးလို့ပေါ့။
" အချိန်ခဏလေးပါပဲ မာမီရယ်... ဟိုမှာ မောင့်အတွက် ကိစ္စတွေ အားလုံးပြီးရင် သားက မာမီ့ဆီကိုပဲ ပြန်လာခဲ့မှာမို့ မငိုတော့နဲ့နော် "
မိသားစု တစ်စုတစ်စည်းထဲ နေချင်တဲ့ မာမီနဲ့ မာမီ့ရင်ခွင်ထဲကနေ ခဏခဏ ခွဲပြီး အပြင်မှာပဲ လှည့်ထွက်နေကြတဲ့ သားတွေနဲ့...
အငယ်လေးတစ်ယောက်သာ မာမီ့နားမှာ အနီးကပ်နေပေးနိုင်ပေမယ့် ကိုကြီးနဲ့ Jimin ကတော့ ပညာတွေ သင်ယူဖို့ ခွဲလိုက်ရ၊ တာဝန်တွေ ထမ်းဆောင်ဖို့ ခွဲလိုက်ရနဲ့ မာမီ့ရင်ခွင်မှာ အမြဲ မနေနိုင်ခဲ့ကြ။
" သား Jeon ခွဲစိတ်မယ့်ရက်ကျရင် မာမီ လိုက်လာမှာနော်... ရက်အတိအကျသိရရင် မာမီ့ကို ဖုန်းဆက်ပေးနော် သား Jeon "
ငိုနေရင်းနဲ့ မာမီ့က မောင့်ကို လှမ်းပြောတော့ လေဆိပ်အပေါက်ဝကိုပဲ လှည့်ကြည့်လှည့်ကြည့် လုပ်နေတဲ့ မောင်က မာမီ့ဘက်ကို လှည့်လာပြီး
" ဟုတ်ကဲ့ပါ အန်တီ... ကျွန်တော် သေချာသိရပြီဆိုတာနဲ့ ဖုန်းဆက်ပေးပါ့မယ် "
မာမီ့ကို ပြုံးပြနေတဲ့ မောင့်အပြုံးတွေမှာလည်း အသက်မပါခဲ့။
လျော့တိလျော့ရဲ အဲ့ဒီ အပြုံးတွေရဲ့နောက်ကွယ်မှာ မောင့်ရဲ့ မျှော်လင့်ချက် ရောင်ခြည် ခပ်ပါးပါးလေးကို Jimin မြင်နေရတယ်လေ။
မနေ့က ညကတည်းက မောင့်အမေကို သူ ဖုန်းဆက်ပြောပေးထားတာ။
YOU ARE READING
မျှော်လင့်ခြင်း မနက်ဖြန် (JIKOOK) (SEASON 2)
Fanfictionစောင်းငဲ့ ကြည့်လိုက်ရုံပါ မောင် မင်း ဘေးမှာ ငါ အမြဲတမ်း ရှိတယ်....