Part -1

3.7K 268 6
                                    

"blind date!!!ဟုတ်လား!!?"

"အင်းလေ blind date "

ဝမ်ရိပေါ်သူ့အရှေ့ကသူကိုမကြည်ကြည့်ကြည့်လိုက်တော့ ထိုသူကချောင်းဟန့်လိုက်ပြီး

"blind dateဆိုပေမယ့်လည်း မင်းတို့ကငယ်ငယ်တည်းကစေ့စပ်ထားကြတာလေ အခု မင်းတို့လည်းအရွယ်ရောက်လာပြီဆိုတော့ .....လက်ထပ်လိုက်ရင်မကောင်းဘူးလား...?"

ထိုသူဟာဆက်ပြီးဖြောင့်ဖြဖို့စကားပြင်လိုက်စဉ် ဝမ်ရိပေါ်ပြောလာတာကိုကြားလိုက်ရသည်

"မကောင်းဘူး"

မင်ယဲ့ ဒီနေ့သူကံမကောင်းဘူးဆိုတာသိလိုက်ရသည်  ဘာလို့ဆို သူ့အဒေါ်ကသူ့ကိုဒီဘိုးဘေးလေးထံ လက်ထပ်ပွဲကျင်းပဖို့ ဖြောင့်ဖြခိုင်းလိုက်လေသည်

သူသက်ပြင်းသာအသာချလိုက်ရင်း

"မင်းငြင်းလို့မရဘူး အ‌ဖွားရဲ့နောက်ဆုံးအချိန်မှာ မင်းစိတ်ချမ်းသာအောင်မထားပေးနိုင်ဘူးလား??'

"အဖွားကဘာဖြစ်လို့လဲ???"

"အဖွားကအကြာကြီးမနေရတော့ဘူး"

"ဘယ်သွားမှာမို့လဲ??"

"အမေရိက"

မင်ယဲ့ သူ့အရှေ့ကဘိုးဘေးလေးရဲ့အမေးစကားတွေကိုဖြေရင်းဖြေရင်းနဲ့ ဘာတွေဖြေလို့ ဖြေမိမှန်းတောင်မသိတော့ချေ

"ဝမ်ရိပေါ် မင်းပေါက်ကရတွေလျှောက်မမေးပါနဲ့လား??!"

"ဘာမေးလို့လဲ?"

သူစိတ်လျှော့ရန်သာတတ်နိုင်တော့သည်မို့ သက်ပြင်းသာထပ်ချလိုက်ရင်း

"အဖွားကနှလုံးရောဂါရှိတယ် အသက်ကလည်းကြီးပြီဆိုတော့ သိပ်...  "

"အဖွားပြောခိုင်းလိုက်တာမလား?"

"အင်း....ဟမ် ဘာကိုလဲ?"

"အဖွားကသူ့မှာနှလုံးရောဂါရှိတယ်  အသက်ကြီးပြီဆိုတော့ မခံနိုင်တော့ဘူး ဆရာဝန်ကလည်းပြောလိုက်တယ် အဖွားစိတ်မချမ်းသာရင် ရောဂါကပိုဆိုးပြီး......"

ဝမ်ရိပေါ်သူ့စကားကိုရပ်လိုက်ပြီး မျက်ခုံးတစ်ချက်ပင့်ကာ သူ့အကိုဝမ်းကွဲကိုကြည့်လိုက်သည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now