"ပြန်ဝင်စားတာ?"
ထိုအမျိုးသမီးကဘာမှမပြောပဲ သူ့ကိုသာကြည့်နေလေတယ် သူခေါင်းကုတ်လိုက်ပြီး
"လူတိုင်းကသေပြီးရင်ပြန်ဝင်စားကြတာပဲမဟုတ်ဘူးလား?"
"အင်း"
ထိုအမျိုးသမီးကကျောက်တုံးပေါ်ထိုင်နေရာကနေဆင်းလိုက်ပြီး သူ့ဆီဖြေးဖြေးချင်းလျှောက်လာကာ
"ဒါပေမယ့်....အချို့တွေကဝဠ်ကြွေးကြောင့်ပြန်ဝင်စားတာ..."
"ကျွန်တော်နားမလည်ဘူး"
"မင်း...."
"ဟင်"
"မင်း အခု မင်းအမျိုးသားကြောင့်ရောက်လာတာမလား?"
"ဟုတ်တယ်"
"ငါပြောခဲ့တယ် မင်းတို့ကပေါင်းဖက်လို့မရဘူး"
"ဘာလို့လဲ?"
"သိဖို့အချိန်မကျသေးဘူး"
ထိုအမျိုးသမီးက သူမလက်ထဲဘယ်တုန်းကရောက်နေမှန်းမသိတဲ့ အနီရောင် ပန်းတစ်ပွင့်ကိုပေးလာကာ
"ဒီပန်းကို မင်းခေါင်းအုံးအောက်မှာထားပြီးအိပ်"
ရှောင်းကျန့်မယူသေးပဲ အမျိုးသမီးကိုကြည့်လိုက် ပန်းကိုကြည့်လိုက်လုပ်နေမိသည်
ထိုအမျိုးသမီးကပြုံးလိုက်ပြီးသူ့နားတိုးလာကာသူ့လက်ထဲပန်းကိုထည့်ပေးလာရင်း
"တောင်းပန်ပါတယ်"
"ဟင်?"
ရှောင်းကျန့်သူ့လက်ထဲရောက်လာတဲ့ပန်းကိုကြောင်အစွာကြည့်နေမိရာမှ ထိုအမျိုးသမီးစကားကြောင့်မော့ကြည့်မိတော့ ဘယ်သူမှရှိမနေတော့ပဲ သူတစ်ယောက်တည်းပင် သူ့လက်ထဲကပန်းလေးသာမရှိရင် သူအိပ်မက်မက်နေတယ်ထင်မိတော့မှာသူပန်းကိုသေချာကြည့်မိတော့ အနီရောင် ပွင့်ဖတ်လေးနှစ်ခုသာရှိသည်ကိုတွေ့လိုက်ရသည် သူခေါင်းသာခါလိုက်ရင်း သူမယုံပေမယ့် ညကျရင်ခေါင်းအုံးအောက်သာထားအိပ်ဖို့ဆုံးဖြတ်လိုက်ပြီး ဆေးရုံကိုသာပြန်သွားလိုက်တော့သည်
ညရောက်တော့ သူပန်းကိုကြည့်ရင်းစဉ်းစားခန်းဝင်နေမိသည် ဝမ်ကောကလည်းနိုးမလာသေးတာကြောင့် သူပူပန်သောကရောက်နေသည် သူ့လက်ထဲကပန်းလေးကိုသာကြည့်ရင်း မျှော်လင့်ချက်သေးသေးလေးထားမိတာကတော့ တကယ်ပင် ဝမ်ကောပြန်နေကောင်းလာဖို့ကိုသာသူမျှော်လင့်တယ် ယုတ်စွအဆုံး သူ့အသက်ပေးရရင်တောင်မှပေါ့ သူဆုံးဖြတ်ချက်ချပြီးတဲ့မျက်ဝန်းတွေနဲ့အတူ ပန်းကိုခေါင်းအုံးအောက်ထားလိုက်ပြီး သူအိပ်ပျော်အောင်အိပ်ဖို့ကြိုးစားလိုက်သည်
YOU ARE READING
ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူး
Hayran Kurguဝမ်ရိပေါ်က အသက်၁၇နှစ်မှာအနုပညာလောကထဲဝင်ရောက်လာပြီး ၂၀အရွယ်မှာ ရုပ်ရှင်ဧကရာဇ်ဆုကိုရရှိခဲ့တယ် ချောမောလှတဲ့ရုပ်ရည် ထင်ရှားနေတဲ့ဗွီသဏ္ဍာန်မေးရိုးနဲ့ယောကျာ်းဆန်လှတဲ့လည်ဇလုပ် တို့ကြောင့် ကမ္ဘာ့အချောဆုံးယောကျာ်းေလးအနုပညာရှင်စာရင်းဝင်ခဲ့သည် ဘယ်သူမှဂရုမစို...