Part -5

1.9K 163 5
                                    

အလင်းမဲ့ ဇာတ်လမ်းဟာ လူကြိုက်များတဲ့novelတစ်ပုဒ်ဖြစ်ပြီး Laကိုရိုက်ကူးဖို့ စီစဉ်ခဲ့သည်မှာကြာလှပြီဖြစ်သည် ဒီဝတ္ထုကိုဝယ်စဉ်က စာရေးဆရာမက ဇာတ်လိုက်နေရာဝမ်ရိပေါ်ကိုထားမှ ရောင်းမည်လို့ သဘောတူစာချုပ်မှာထည့်သွင်းခဲ့သည် ဒီလိုနဲ့ပဲ ဝမ်ရိပေါ်ရဲ့ အချိန်ဇယားလွတ်မယ့်အချိန်ကိုစောင့်ရင်း စောင့်ရင်း ကြာသွားခဲ့သည်ပင်

အလင်းမဲ့ မှာရှောင်ကျန့်က စတုတ္ထဇာတ်လိုက်နေရာမှာသရုပ်ဆောင်ရမှာဖြစ်ပြီး ဝမ်ရိပေါ်ကတော့ အဓိကဇာတ်လိုက် ရှောင်ကျန့်ဆရာအဖြစ်သရုပ်ဆောင်ရမှာဖြစ်သည် ထူးဆန်းတာကတော့ ဇာတ်လိုက် မင်းသမီး လုံးဝ လုံးဝ မရှိခြင်းဖြစ်သည်

ရှောင်ကျန့်ဇာတ်ညွှန်းအစအဆုံးကိုတစ်ညထဲနဲ့အပြီးဖတ်လိုက်ပြီး သူဖတ်ပြီးသွားချိန် နာရီကြည့်လိုက်တော့  3နာရီတောင်ထိုးနေပြီဖြစ်တာကြောင့် သူသွားတိုက်မျက်နှာသစ်ကာအိပ်ရာဝင်လိုက်တော့သည်

အလင်းမဲ့ရုပ်ရှင်ကားရိုက်ဖို့အချိန်သိပ်မကြာလိုက်ပေ နှစ်ရက်ကြာတော့ ရှောင်ကျန့်အထုပ်အပိုးသိမ်းကာ အလင်းမဲ့ရိုက်ကူးရေးအဖွဲ့ဆီသွားရသည် ဝမ်ရိပေါ်ကတော့ သူနဲ့ပြန်လာတဲ့နောက်တစ်ရက်မှာပဲနိုင်ငံခြားမှာ brandကြော်ညာရိုက်ဖို့သွားလေသည်

ရှောင်ကျန့်ရိုက်ကူးရေးအဖွဲ့ကိုရောက်တော့ ဒါရိုက်တာယဲ့ဘေးနားမှာပင်ပန်း‌ေနဟန်‌ေပါ်ကာထိုင်နေတဲ့ဝမ်ရိပေါ်ကိုတွေ့လိုက်ရသည် လူစုံတော့ဖွင့်ပွဲကျင်းပလိုက်ကြပြီး ကာရိုက်တာပိုစတာပုံတွေရိုက်ဖို့ရှောင်ကျန့်တို့ အဝတ်အစားလဲပြီး မိတ်ကပ်ပြင်ရတော့သည်

ဝမ်ရိပေါ်ဖွင့်ပွဲနောက်ကျလည်းဘာမှမဖြစ်ပေမယ့် သူ့ကြောင့်ရိုက်ကူးရေးနောက်ကျသွားမှာမျိုးအဖြစ်မခံနိုင်ပေ ဒါကြောင့်သူလေဆိပ်ကိုရောက်ရောက်ချင်း အိမ်မပြန်ပဲ ရိုက်ကူးရေးကိုတန်းလာခဲ့ခြင်းဖြစ်သည် သူဒါရိုက်တာနဲ့ စကားပြောနေတုန်း ကောင်လေးဝင်လာတာကိုတွေ့လိုက်ရသည် နှုတ်ဆက်ချင်ပေမယ့် ကောင်လေးကသူ့ကြောင့် ဒီဇာတ်ရုပ်ကို‌ရတာလို့အပြောခံရမှာသူမလိုချင် သူမသိချင်ယောင်သာဆောင်လိုက်ပြီး ဒါရိုက်တာနဲ့ပဲစကားဆက်ပြောလိုက်တော့သည် သူတို့စကားပြောနေစဉ် အဝတ်လဲခန်းတွေဘက်မှ ဝိုးခနဲအသံတွေထွက်လာတာကြောင့်လှမ်းကြည့်လိုက်စဉ် မိုးပြာရောင်ဝတ်ရုံရှည်နဲ့ ဆံပင်ကိုစုကာစည်းနှောင်ထားတဲ့ ကောင်လေးကိုတွေ့လိုက်ရသည် ဖြူဖွေးတဲ့အသားအရည် ဖြူစင်ပြီးကြည်တောက်နေတဲ့မျက်ဝန်းအစုံနဲ့ လူငယ်ဆန်ဆန်တက်တက်ကြွကြွပုံစံလေးပေါက်နေတဲ့‌ထိုကောင်လေးက အလင်းမဲ့ဝတ္ထုထဲက ရှန့်ထျန်းကာရိုက်တာအပြင်ထွက်လာသည်လို့ပင်ထင်ရသည် သူကြောင်အစွာကြည့်နေမိစဉ်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now