ဘဝရဲ့စည်းစိမ်ကိုခံစားနေရတဲ့ရှောင်ကျန့်တစ်ယောက် မနက်ဆို၁၁နာရီလောက်ထိအိပ်ပြီး စားလိုက်သောက်လိုက်နဲ့ အချိန်ကုန်ဆုံးနေခဲ့သည် သူ့ဘွဲ့ ယူရမယ့်ကိစ္စတွေကလည်းရှိနေသေးတာကြောင့် သူ့ကိုဝမ်ကောက အလုပ် မပေး ဒါကြောင့် သူ အားလပ်ရက်တွေမှာ ဝမ်အိမ်တော်သွားလိုက် မုန့်သွားစားလိုက် ကျောင်းသွားလိုက်နဲ့ စည်းစိမ်ခံစားနေခြင်းပင် သူ့မားမားနဲ့ပါးပါးလား ? ကမ္ဘာပတ်တာမပြီးသေးဘူးတဲ့လေ
သူTvမှာလာနေတဲ့ရသစုံရှိုးပွဲကိုကြည့်နေရင်း သူ့ဖုန်းကတုန်မြည်လာသည် သူစခရင်ကိုလှမ်းကြည့်လိုက်တော့ ပေါ်နေသည်က ဝမ်ကျယ် ဆိုတဲ့စာတန်းလေး သူ့ပေါင်ပေါ်ကအာလူးကြော်အထုတ်ကြီးကိုချလိုက်ရင်း လက်ကိုအမြန်သုတ်ကာ သူဖုန်းကိုကိုင်လိုက်သည်
"ဟယ်လို?"
"ဟယ်လို"
"ဝမ်ကော ဘာဖြစ်လို့လဲဗျ"
"ကိုယ်ကကိစ္စရှိမှဆက်ရမှာလား?"
"အဲ့လိုမဟုတ်ပါဘူး...."
'ဝမ်ကောမှတစ်ခါမှမဆက်ဖူးတာ'
သူစိတ်ထဲမှာပြောလိုက်ပြီး
"ဘာဖြစ်လို့လဲဟင်"
"ကိုယ်မေးစရာရှိလို့"
"ဟုတ်မေးပါဝမ်ကော"
"မင်းgameဆော့လား? ကိုယ်ပြောတာကကွာ Honor Of King "
"အာ....ဖုန်းထဲတော့downထားတယ် တစ်ခါမှ မဆော့ဖူးဘူး"
"အင်း ကိုယ့်အဖွဲ့ထဲ တစ်ယောက်လိုလို့"
"ဝမ်ကောကဂိမ်း...."
သူပြောနေရင်းတစ်ခုစဉ်းစားမိသွားသည် ဝမ်ရိပေါ်က ဂိမ်းဆော့သည်ပင်HOKကလည်း သူ့ကိုပြောရေးဆိုခွင့်ရှိသူအနေနဲ့ခန့်အပ်ထားသေးသည် သူတောင် ဝမ်ရိပေါ်ဆော့လို့ ဂိမ်းကူးထားတာ ဒါကိုတော့ သူထုတ်မပြောတော့....သူစကားလမ်းကြောင်းလွှဲလိုက်ပြီး
"ကျွန်တော်က သူတို့ပြတဲ့ကျူတိုလောက်ပဲလိုက်လုပ်ဖူးတာ "
"ရတယ် လူလိုလို့ဝင်ပေးရုံပဲ"
သူတို့စကားအနည်းငယ်ဆက်ပြောလိုက်ပြီးသူဂိမ်းဆော့ဖို့သဘောတူလိုက်သည် ဂိမ်းကညမှဆော့မှာမို့ သူရေမိုးချိူးပြီး တစ်ရေးလောက်အိပ်လိုက်သေးသည် ညရောက်တော့ဝမ်ရိပေါ်ကwechatကidပို့လာသည်မို့ သူဝမ်ရိပေါ်ပြောတဲ့အတိုင်းရှာကာသွားအပ်လိုက်သည် ခနနေတော့ဝမ်ရိပေါ်ကသူ့ကိုလက်ခံလာကာ စာတန်းလေးတစ်ခုပေါ်လာသည်
YOU ARE READING
ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူး
Fanfictionဝမ်ရိပေါ်က အသက်၁၇နှစ်မှာအနုပညာလောကထဲဝင်ရောက်လာပြီး ၂၀အရွယ်မှာ ရုပ်ရှင်ဧကရာဇ်ဆုကိုရရှိခဲ့တယ် ချောမောလှတဲ့ရုပ်ရည် ထင်ရှားနေတဲ့ဗွီသဏ္ဍာန်မေးရိုးနဲ့ယောကျာ်းဆန်လှတဲ့လည်ဇလုပ် တို့ကြောင့် ကမ္ဘာ့အချောဆုံးယောကျာ်းေလးအနုပညာရှင်စာရင်းဝင်ခဲ့သည် ဘယ်သူမှဂရုမစို...