Part -16

1.5K 133 1
                                    

ရှောင်ကျန့်တို့ ဟိုတယ်ပြန်တဲ့တစ်လျှောက်လုံးနှစ်ယောက်စလုံးစကားမစကြပေ သူရှက်လည်းရှက် မျက်နှာလည်းပူထူနေပြီး လေရလိုရငြား ပြတင်းပေါက်ဖက်မျက်နှာမူထားပေမယ့် ပိုပြီးပူလာသလိုပင် ဟိုတယ်ရောက်တော့ သူဝမ်ရိ‌ေပါ်ကိုကမန်းကတန်းနှုတ်ဆက်လိုက်ပြီး သူ့အခန်းကိုသာအမြန်ပြန်ခဲ့တော့သည်

'ရှောင်ရှောင်းကျန့် မင်းကတော့လေ ဘာလို့ မျက်နှာသွားမော့လိုက်တာတုန်း'

သူ့ဘာသာသူအပြစ်တင်သ‌ေယာင်ရေရွတ်နေပေမယ့် နှုတ်ခမ်းကတော့ သစ္စာဖောက်နေသယောင်ကွေးညွှတ်နေလေသည်

ဝမ်ရိပေါ်ကားထဲကနေ အချိန်အတော်ကြာတဲ့အထိထွက်မလာခဲ့ပေ သူစီတီယာတိုင်ကိုလက်တစ်ဖက်ကကိုင်ထားပြီး လက်တစ်ဖက်ကတော့ ဖုန်းကိုကိုင်ထားကာ ဖွင့်လည်းမဖွင့်ပဲဒီတိုင်းကိုင်ထားခြင်းဖြစ်သည် သေချာကြည့်မယ်ဆိုရင်တော့ သူ့နားတွေနီရဲနေတာကိုတွေ့ရမှာဖြစ်သည်

'ငါ တကယ်ပဲ နှလုံးရောဂါရနေတာလား??'

ဒေါက်...ဒေါက်....

သူရုတ်တရက် ကားပြတင်းခေါက်သံကြားလို့ ကြည့်လိုက်တော့ သူ့အကိုမင်ယဲ့က ပြတင်းတံခါးဖွင့်ရန်အချက်ပြတာကိုတွေ့လိုက်ရသည် သူကားမှန်ကို အနည်းငယ်ဖွင့်လိုက်ရင်း

"ဘာဖြစ်လို့လဲ?"

"ကားတံခါးဖွင့်ပေးစမ်းပါကွ"

သူ မျက်ဆံလှန်လိုက်ရင်း ကားတံခါးလော့ကိုဖွင့်ပေးလိုက်သည် ထိုအခါ မင်ယဲ့က ဝင်ထိုင်လိုက်ပြီး

"ဘာလို့ ငါ့ကိုထားသွားတာလဲ"

"ဓာတ်လိုက်နေလို့"

"ဟမ်"

"အဟမ်း ဘာမှမဟုတ်ဘူး"

"မင်းကျန့်ကျန့်ကျခေါ်သွားတယ်"

"တူမှမတူတာ"

မင်ယဲ့သက်ပြင်းချလိုက်ပြီး သူ့ညီဖြစ်သူကို ဆွေစောင်းကြည့်လိုက်ကာ

"မင်းကျန့်ကျန့်ကိုသဘောကျနေတာလား"

"မသိဘူး"

"မသိရင်လည်းသိအောင်လုပ်လေ"

"မလုပ်ချင်ဘူး"

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now