သူတုန်လှုပ်သွားပြီး သူ့မျက်ဝန်းတွေနီရဲလာကာ နှာထိပ်တွေလည်းနီလာပြီး မျက်ရည်တွေကျဆင်းလာသည်
သူပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကိုလက်နဲ့သုတ်လိုက်ရင်းဝေခွဲမရစွာနဲ့ ရပ်နေမိတယ်
'ဒါအရင်ကဖြစ်ဖူးသလိုပဲ'
သူ့နားထဲအသံတွေကိုကြားနေရသည် မသဲကွဲပေမယ့် တစ်စုံတစ်ယောက်က သူ့နားလာပြောနေသလိုခံစားရသည်
"သခင်လေး..."
ခေါ်သံကြားမှသူသတိပြန်ဝင်လာပြီး သူ့သတို့သားလောင်းနေအိမ်ကိုသွားလိုက်သည်
အိပ်ရာပေါ်လှဲလျောင်းနေတဲ့ရှဲ့ယွင်ကိုမြင်ရတော့ သူ့နှာခေါင်းချဉ်စူးလာပြီး ငိုချင်လာပြန်သည်
'သူဒီနေ့ဘာဖြစ်နေတာလဲ? စိတ်နုနေတာလား ဒါလည်းမဖြစ်နိုင်ပါဘူး'
သူကုတင်ဘေးကခုံလေးပေါ်ထိုင်လိုက်ရင်း သူ့သတို့သားလောင်းမျက်နှာကိုအသေးစိတ်ကြည့်လိုက်မိတော့ တဒိတ်ဒိတ်ခုန်လာတဲ့သူ့နှလုံးသားလေး သူရင်ဘတ်ကိုအသာလေးဖိလိုက်ပြီး အကြည့်လွှဲလိုက်ကာ ရေနွေးကြမ်းကိုအာရုံစိုက်ပြီးဖြေးဖြေးချင်းငှဲ့ရင်းသောက်နေလိုက်သည်
"ယင်အာ....?"
သူရေနွေးကြမ်းသောက်နေရင်းကြားလိုက်ရတဲ့အသံကြောင့် အသံကြားရာလှည့်ကြည့်လိုက်တော့ကုတင်ပေါ်ထထိုင်ကာသူ့ကိုပြုံးပြပြန်နေတဲ့သူ
"ကိုယ့်ကိုနှိုးလိုက်တာမဟုတ်ဘူး"
"ငါကလူမှုရေးနားမလည်တဲ့သူမဟုတ်ဘူး"
"ကိုယ်တို့ကြားမလိုပါဘူးအဲ့ဒါ "
ရှဲ့ယွင်ကုတင်ပေါ်ကဆင်းလိုက်ပြီး ရှစ်ယင်ရဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်လိုက်တယ်
"မင်းဒဏ်ရာကစိုးရိမ်ရတယ်ဆို"
"အင်း စိုးရိမ်ရတယ်"
"အဲ့ဒါဆို အိပ်ရာမှာ သွားအိပ်နေလေ"
"ကိုယ့်ဇနီးေလာင်းလေးကကိုယ့်ကိုစိတ်ပူလို့ လာတာကို ကိုယ်က လှဲပြီးကြိုဆိုရမှာလား"
"မင်းသက်သာပြီဆို ငါပြန်ပြီ"
ရှစ်ယင် သူပြောလည်းမရတဲ့ထိုသူကို ထားခဲ့ပြီး ပြန်ဖို့တံခါးဆီလျှောက်သွားစဉ် ကြားလိုက်ရတဲ့အသံတိုးတိုး
YOU ARE READING
ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူး
Fanfictionဝမ်ရိပေါ်က အသက်၁၇နှစ်မှာအနုပညာလောကထဲဝင်ရောက်လာပြီး ၂၀အရွယ်မှာ ရုပ်ရှင်ဧကရာဇ်ဆုကိုရရှိခဲ့တယ် ချောမောလှတဲ့ရုပ်ရည် ထင်ရှားနေတဲ့ဗွီသဏ္ဍာန်မေးရိုးနဲ့ယောကျာ်းဆန်လှတဲ့လည်ဇလုပ် တို့ကြောင့် ကမ္ဘာ့အချောဆုံးယောကျာ်းေလးအနုပညာရှင်စာရင်းဝင်ခဲ့သည် ဘယ်သူမှဂရုမစို...