Part -14

1.5K 121 5
                                    

"ကျန့်ကျန့် "

ရှောင်းကျန့်သူဇာတ်ညွှန်းဖတ်‌ေနတုန်း‌ေခါ်သံကြားလိုက်ရတာ‌ေကြာင့် အသံကြားရာလှမ်းကြည့်လိုက်တော့ သူ့ကျောင်းကသူငယ်ချင်း ပိုင်မင်‌ေဟာက်ကို‌ေတွ့လိုက်ရသည် သူမတွေ့ရတာကြာပြီဖြစ်တာကြောင့် ဇာတ်ညွှန်းစာရွက်ကိုချကာ ပိုင်မင်‌ေဟာက်ဆီ‌ေလျှာက်သွားပြီး နှုတ်ဆက်လိုက်သည်

"မတွေ့ရတာကြာပြီ"

ပိုင်မင်ဟောက်ကသူ့ကိုပြုံးပြပြီး

"မတွေ့ရတာကြာပေမယ့် ငါမင်းကိုweiboမှာ အမြဲတွေ့ပါတယ် မင်းနာမည်ကြီးနေပြီပဲ"

ရှောင်းကျန့် ရှက်ပြုံးလေးပြုံးလိုက်ပြီး

"မဟုတ်တာ ငါကအခုမှ ကြိုးစားဆဲပဲရှိပါသေးတယ် မင်းက ဒီလိုဘယ်လိုရောက်လာတာလဲ?"

"ငါ့ဦးလေးရိုက်ကွင်းတွေမှာ ငါက လက်ထောက်အနေနဲ့ဝင်လုပ်တယ်လေ ဒီရောက်တော့မင်းကိုတွေ့လိုက်ရတာပဲ"

"အဲ့ဒါဆို...."

"ဟုတ်တယ် ငါ့ဦးလေးလေ ပြီးခဲ့တဲ့ရိုက်ကွင်း‌တွေက ငါနိုင်ငံခြားခရီးရောက်နေလို့ အခုမှ လာဖြစ်တာ "

"အော်"

ပိုင်မင်ဟောက်က အဝေးမှာရိုက်ကူးရေးလုပ်နေတဲ့သူ့ဦးလေးကိုကြည့်လိုက်ပြီး

"ငါအခု ငါ့ဦးလေးဆီသွားရဦးမယ် ညကျ မင်းကိုညစာဖိတ်ကျွေးမယ်လေ အားတယ်မလား?"

ရှောင်ကျန့်မသိစိတ်ရဲ့စေ့ဆော်မှုကြောင့်ရိုက်ကူး‌ေရးလုပ်‌ေနတဲ့ဝမ်ရိပေါ်ကိုလှမ်းကြည့်မိသွားပြီး

"ကောင်းပြီလေ ငါအားတယ်"

"အဲ့ဆို ညကျ ငါလာခေါ်မယ်"

"အွန်း"

သူနှာခေါင်းစည်းအမဲလေးကိုတပ်ကာ တီရှပ်အဖြူလေးဝတ်လိုက်ပြီးပိုင်မင်ဟောက်နဲ့အတူ ဟိုတယ်အနီးနားကစားသောက်ဆိုင်ဆီထွက်လာခဲ့သည် ပိုင်မင်ဟောက်ကသီးသန့်ခန်းတစ်ခန်းကြိုမှာထားပြီး သူတို့ဟော့ပေါ့စားကြသည်

သူတို့စားသောက်နေတုန်း ဖုန်းကနိုတီဝင်လာတာကြောင့်သူကြည့်လိုက်တော့ စခရင်ပေါ်မှာစာတန်းလေးပေါ်နေသည်

ငါ့ဇနီးလေးကငါ့ကိုဖွင့်မပြောသေးဘူးWhere stories live. Discover now