Part 19 : missing you ✈️

352 43 1
                                    

" ကိုယ်တို့ လမ်းခွဲကြရအောင် ဟန်ဘင်း"
ဟန်ဘင်းရင်ထဲ မီးစနဲ့ ထိုးခံလိုက်ရသလို နာကျင် ပူလောင်သွားရတယ်
နားကို မိုးကြိုးများ ပစ်ချလိုက်တာလား
သူတို့ နှစ်ယောက်ကြားထဲ ဘယ်တော့မှ မရှိလာလောက်ဖူး ထင်ထားခဲ့တဲ့ စကားမျိုး

" ဟာအို"
မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ သူခေါ်လိုက်မိတယ်
" ဟန်ဘင်း လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ်တို့ နှစ်ယောက် ဘယ်လိုမှ မဖြစ်နိုင်တော့ဖူး"

" အာ ဟာအို မောင့်ကို အဲ့လိုမနောက်ပါနဲ့ "

" ကိုယ့်ပုံကနောက်နေတဲ့ ပုံပေါ်လို့လား ကိုယ်သေချာ စဉ်းစားပြီးမှ ပြောတဲ့ စကားမို့လို့ ဟန်ဘင်းက လေးစားပေးပါ"
" ဟင့်အင်း မဖြစ်ရဖူး မောင် မကြားလိုက်ဖူးပဲ
မှတ်လိုက်မယ် ပြန်တော့မယ် "

ဟာအိုပြောတာတွေကို လက်မခံချင် ဆက်နားမထောင်ချင်တဲ့ ဟန်ဘင်းက နားနှစ်ဖက်ကို လက်နဲ့ အုပ်လိုက်ပြီး ပြန်ဖို့ တံခါးဆီလျှောက်လာလိုက်တယ်

" ဟန်ဘင်း အဲ့လိုရှောင်ပြေးလို့ မရဖူး "

ဟာအိုပြောပြီး ဟန်ဘင်း နဲ့ မျက်နှာချင်းဆိုင်ကို ပြေးသွားလိုက်တယ်
မျက်နှာ တခုလုံးရဲနေပြီး မျက်ရည်တွေ ဝိုင်းနေတဲ့ ဟန်ဘင်းကို ကြည့်ပြီး သူလည်း စိတ်မကောင်း
ဒီစကားပြောရင် ခုလိုတည်ငြိမ်ဖို့ သူလည်းသေမတတ် ငိုထားရတယ်လေ

ဟန်ဘင်း မျက်နှာကြည့်ပြီး ဟာအို တချက်ငိုင်သွားတုန်း
ဟန်ဘင်း ဟာအို့ ပခုံး နှစ်ဖက်ကို ကိုင်လိုက်ပြီး ဟာအိုကို အခန်း တံခါး နံရံ မှာဆွဲကပ်လိုက်တယ်

မျက်နှာနှစ်ခုကို နီးကပ်အောင် လုပ်လိုက်ပြီး
" အကြောင်းပြချက်က ဘာလည်း ဟာအို့ အိမ်က သဘော မတူလို့လား
အဲ့တွက် မောင်ကြိုးစားမယ်လေ ဟာအိုလေးက ဘာမှ စိတ်ညစ်စရာ မလိုဖူး မောင့်ကိုပဲ ယုံပေးပြီး ခဏလေးစောင့်ပေးပါ"

" မလိုတော့ဖူး ဟန်ဘင်း ကိုယ်ကိုယ်တိုင်ကလည်း စိတ်ကုန်နေပြီ ကိုယ် တရုတ်ပြည် ပြန်တော့မယ် သံယောဇဉ်တွေ မရှိချင်တော့ဖူး မဖြစ်နိုင်တာကို ရှေ့ဆက်ခဲ့တဲ့ ကိုယ်တို့တွေ မှားတယ် "

Be Mine  🎈🤍Where stories live. Discover now