Part 3 : Start to Melt ❄️

482 43 0
                                    

" ရတယ်လေ ရေကူးမှာဆိုတော့လည်း ရေကူး make up ပေါ့ "

ဟန်ဘင်း လည်း အံဩ သွားပြီး
" ရေကူး make up ဆိုတာရှိတာလား ဟာအိုဟျောင် "

ရှိတာပေါ့ " ရေကူး makeup ဆိုတာ ရေစိုခံ makeup လိမ်းမှာကို ပြောတာလေ ရေကူးကန် ထဲမှာ ရှိတဲ့ chemical တွေ နဲ့ ထိမှာ ဆိုတော့ အသားအရေ မပျက်စီးအောင်လုပ် skin care လိမ်းရမယ်လေ"

" wow ဟျောင်က တော်လိုက်တာ ကျွန်တော် အရင်က ရေကူးရင် တစ်ခါမှ make up မလိမ်းဖူးဘူး အဲ့လို လိမ်းလို့ရတာ ခုမှ သိတယ် ဟီးဟီး "

သူတို့စကား ကောင်းနေတာကို ထယ်ရယ်က မျက်စောင်းတထိုးထိုး နဲ့ သူက ရွဲ့ပြီး makeup လိမ်းမှာကို ရေကူးမှာဆိုပြီ ဖြေလိုက်ပေမဲ့ ဟာအိုရဲ့ ကျွမ်းကျင် စွာ ပြန်ဖြေမှုကိုတော့ သူ အသိအမှတ် ပြုပါတယ်
ဒါမဲ့ နှုတ်ခမ်း  လေးက နည်းနည်း စူနေသေးတာမို့ Ricky ကလှမ်းချော့နေတာကို ဟန်ဘင်းက တွေ့လိုက်ပြီး ပြုံးလိုက်မိသေးတယ်

" ညနေက ဘယ်ချိန်လည်း "

" ညနေ ၆ နာရီ ဟာအိုဟျောင်း "

" ကောင်းပြီ အာ့ဆို ၄ နာရီကျော်လောက် တွေ့ကြမယ် ဒီနေ့တော့ ဆောင်းဟန်ဘင်း က ငါတို့ studio ကိုပဲ လာခဲ့ပါလား နောက်နေ့တွက်လည်း နေရာသိအောင်လို့ ဖုန်းနဲ့ map ပို့ထားလိုက်မယ်
Ricky —မင်းက သူ့ဖုန်းနံပါတ် ငါ့ကို ပို့ထားပေးနော် "

" ဟုတ် ဟောင့်ကော "

ဖုန်းနံပါတ်က သူ့ဆီက တိုက်ရိုက် တောင်းရင် ရတာကို Ricky ဆီက လှမ်းတောင်းလို့ ဟန်ဘင်းနှုတ်ခမ်းစူချင်သွားတယ်

စိတ်ထဲကလည်း " ချေလိုက်တဲ့ ဟျောင် ပိစိ " ဆိုပြီး တွေးလိုက်သေးတယ်
အင်း ချေတာလေးလည်း ချစ်စရာကောင်းနေတာပဲ

ဆောင်းဟန်ဘင်းးးးးးးးး
" အမလေး ဘာတွေ တွေးနေပြန်တာလည်းကွာ "
"မင်းဖုန်းလာနေတယ်လေ"

" အမ် ဟာအိုဟျောင် ဆက်တာလား "
" ငါက မင်းရှေ့မှာ ဘာလို့ ဆက်ရမှာတုန်း "

ဟာ သေပြန်ပြီ မှားပြောမိပြန်ပြီ
အရှက်ပြေ ဖုန်းကောက်ကိုင်စရာ ရှိလို့ တော်သေးတယ်

" hello ဂျီအွန်း ဟျောင် ပြော "
" ဪ ပြန်လာပြီလား ခု meeting ပြီးပြီ ဆင်းလာမယ် company ရှေ့ parking မှာပဲ စောင့်တော့နော် "

Be Mine  🎈🤍Where stories live. Discover now