ဒီနေ့က ဟာအိုနဲ့ ဟန်ဘင်းတိို့ရဲ့ ချစ်သူဖြစ်တာ
ရက်တစ်ရာပြည့်တဲ့နေ့လေး 🌻ဟန်ဘင်းမနက်အစောကြီးဂျယ်ဂျူ သွားဖို့ လာခေါ်မယ်ဆိုလို့ ဟာအို ထူးထူးဆန်းဆန်း အစောကြီးထပြီး ပြင်ဆင်နေတယ်
နိုးတာနဲ့ မျက်နှာသစ် face mask လေးကပ်ပြီး skincare လိမ်း foundation လိမ်း ပေါင်ဒါလေး ပုတ် lip balm ပါးပါးလေးဆိုးလိုက်တယ်
ညထဲက ရင်ခုန်ပြီး သိပ်အိပ်မပျော်လို့ မို့နေတဲ့ မျက်လုံးလေးတွေနဲ့ မျက်ရစ်လေး သိပ်မပေါ်လို့ သူ့ပညာလေးတွေ သုံးပြီး ပြင်ဆင်လိုက်တဲ့ အခါမျက်လုံးလေးတွေက ကြည််ကြည် တောက်တောက်လေး ဖြစ်သွားတယ်
"ဟီး လှတယ် " သူ့ဘာသာသူ ကျေနပ်ပြီး သဘောတွေကျနေတယ်
ဆံပင်လေးတွေကိုတော့ လေတိုက်ရင် သဘာဝ အတိုင်းလေး လွင့်စေချင်လို့ ပုံမသွင်းဘဲ ဒီတိုင်းထားလိုက်တော့ ခပ်အုပ်အုပ်လေး ဝိုင်နီရောင် ဆံပင်လေးတွေနဲ့ အသားဖြူဖြူလေးက လိုက်ဖက်နေရော
ဟန်ဘင်းနဲ့ ဆင်တူလေး ဝတ်ချင်ပေမဲ့ လေဆိပ်မှာ လူတွေ တွေ့မှာဆိုးလို့ အသွားကို မတူတာဝတ်ပြီး ဟိုရောက်မှ ဆင်တူလေး ဝတ်ကြမယ်လို့ တိုင်ပင်ထားကြတယ်
ဟာအို daisy ပန်းလေးတွေပါတဲ့ အမဲရောင် sweat shirt လေးကို အောက်က အမဲရောင် jean လေးနဲ့ ဝတ်ပြီး အပေါ်က အမဲရောင် beanie လေး ဆောင်းထားတယ်
Cross bag အဖြူလေး လွယ်ပြီး ပြင်ထားတဲ့ hand carry အိတ်လေးနဲ့ အဆင်သင့်စောင့်နေလိုက်တယ်ဂွန်းနုကတော့ ညက သူငယ်ချင်းအိမ် သွားအိပ်လို့ အိမ်မှာ မရှိ
ဟာအို ဟန်ဘင်းကို စောင့်နေရင်း Coffee သောက်ရင် ကောင်းမလား ဆိုပြီး coffee ဖျော်ဖို့ အထတီးတောင်——
Bell သံကြားတော့ ဟာအို တံခါးနောက်လေးကကွယ်ပြီး ပုန်းနေလိုက်တယ်ဟန်ဘင်း အိမ်ရှေ့တံခါး password ရိုက်ဝင်လာပြီးဟာအို မနိုးသေးဖူးထင်လို့ ဟာအို့အခန်းကို ခြေဖွဖွလေး နင်းပြီးအသွား အခန်းဝ ရောက်တော့ ဟာအိုက ပုန်းနေရာက ထွက်လာပြီး သူ့ခါးကို အနောက်ကနေ ဖက်လိုက်ကာ
" ဟန်ဘင်းနီးးးးး"
ဟန်ဘင်းလည်း ရုတ်တရက်လန့်သွားတယ်
ပြီးတော့မှ အသိပြန်ဝင်လာပြီး ဟာအိုနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ပြီး ဟာအို မျက်နှာလေးကို မြတ်မြတ်နိုးနိုး ကြည့်လိုက်တယ်

YOU ARE READING
Be Mine 🎈🤍
Hayran KurguBinhao FanFic from Zero-cola Jie Jie 🌷Written in Burmese ❤️ 🎀အပြင် life ကအကြောင်းအရာလေးတွေ သူတို့ကြိုက်တတ်တာလေးတွေ moment လေးတွေကို အမှတ်တရအနေနဲ့ ထည့်သွင်းရေးသားထားတဲ့ fanfic လေးပါ🌸 💕Pure BinHao 💕