တချို့သော တိုက်ဆိုင်မှုတွေကို ဟာအိုမုန်းတယ်
ခုလည်း ကြည့်ပါလားဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
နက်ဖြန်ဆို ဟန်ဘင်းတစ်လခွဲလောက် ခရီးသွားမှာမို့ မသွားခင် ချိန်းထားတဲ့ရက်လေးမှာမှ မာမားကဆေးရုံတင်ထားရတယ်တဲ့
အရမ်းစိတ်မပူရတော့ပေမဲ့ နှလုံးခုန် မြန်ပြီး နှလုံးရောဂါတဲ့
သူဒီမနက် flight နဲ့ပဲ တရုတ်ပြည်ကိုအားချင်း ပြန်ရတော့မယ်Luggage ထဲလိုတဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေထည့်ရင်း ဟန်ဘင်း လာရင် ဘယ်လိုပြောရမလည်း စဉ်းစားနေတယ်
တနေကုန် လျှောက်သွားပြီး တူတူရှိကြမယ်ဆိုပြီး တိုင်ပင်ထားကြတာလေ
ဟာအိုတွေးရင်း ဝမ်းနည်းလာပြီး မျက်ရည်လေးတွေ ဝိုင်းလာတယ်အဲ့ချိန် အိမ်ရှေ့က တံခါး password ရိုက်သံ ကြားရပြီး သီချင်းသံ ချိုချိုလေး ကြားလိုက်ရတယ်
" you're my desire : take my hand "
သီချင်းလေး ညည်းပြီး ဟန်ဘင်းအိမ်ထဲ ဝင်လာတယ်" ဟာအိုလေးရေ မောင်ရောက်ပြီနော်"
ဟာအို အထဲကနေလှမ်းကြည့်လိုက်တော့ ဟန်ဘင်းက တံခါးဝ မှာဖိနပ်ချွတ်နေတယ်
ဟာအို ပြိုကျ ဆဲဆဲ မျက်ရည်လေးတွေကို လက်ဖမိုးလေးနဲ့ သုတ်လိုက်ပြီး အိမ်ရှေ့ ထွက်လာလိုက်တယ်"မောင် အစောကြီးပဲ "
" စောစောလာတော့ စောစောတွေ့ရတာပေါ့ ဂွန်းနု ဆိုင်သွားတဲ့ အချိန်မှန်းပြီး ထွက်လာလိုက်တာ
ဟာအိုလေးနဲ့ အိမ်မှာခဏလောက် အေးဆေး နေချင်လို့ "ဟန်ဘင်း ပြောပြီး ဟာအိုကို ပြေးပွေ့ကာ မျက်နှာလေးကို ကြည့်လိုက်တယ်
နိုးတာနဲ့ စိတ်ပင်ပန်းစရာဖြစ်သွားတဲ့ ဟာအိုက ဘာမှ မလိမ်းထားတဲ့ bare face လေးနဲ့တောင်
နုဖတ်ပြီးလှနေရော
စိတ်မပါဘဲ ကြုံရာ ကောက်ဝတ်ထားတဲ့
အဖြူရောင် hoodie ပွပွ ထဲမှာ လူလေးကသေးသေးလေးဖြစ်နေတယ်
အောက်ကတော့ ရိုးရိုး jean ဘောင်းဘီ ဒူးလောက်လေးနဲ့ဟန်ဘင်းကတော့ အပေါ်က အပြာရောင် Jean shirt လေးရယ် အောက်က အမဲရောင်ဘောင်းဘီ တို့နဲ့ style ကျနေပြီး ဆံပင်လေးတွေကတော့ သဘာဝအတိုင်း လျှော်လာပြီး ပုံမသွင်းထားတာကြောင့် ဝဲဝဲအုပ်အုပ်လေး ဖြစ်နေတယ်

YOU ARE READING
Be Mine 🎈🤍
أدب الهواةBinhao FanFic from Zero-cola Jie Jie 🌷Written in Burmese ❤️ 🎀အပြင် life ကအကြောင်းအရာလေးတွေ သူတို့ကြိုက်တတ်တာလေးတွေ moment လေးတွေကို အမှတ်တရအနေနဲ့ ထည့်သွင်းရေးသားထားတဲ့ fanfic လေးပါ🌸 💕Pure BinHao 💕