" ဆောင်းဟန်ဘင်း တော်တော့ဆို အောက်မှာ ဧည့်သည်တွေ စောင့်နေကြတော့မယ် "
" ခဏလေးပါဆို ဟာအိုကလည်း"
" အာ့ "
" ဆောင်းဟန်ဘင်းးးးး"
ဟန်ဘင်း အသည်းတွေ ယားပြီး နမ်းနေရင်း ဟာအို့ နှုတ်ခမ်းလေးကို ကိုက်လိုက်မိတယ်" ဆောင်းဟန်ဘင်း ဘယ်လိုဖြစ်နေတာလည်း
အာ နှုတ်ခမ်းပေါက်သွားပြီလား မသိဖူး ဒုက္ခပါပဲ "
မှန်လေးကြည့်ရင်း ဟာအို ရေရွတ်မိတယ်ပြီးခဲ့တဲ့ အပတ်က သူတို့ တရုတ်ပြည်မှာ မင်္ဂလာပွဲ ခမ်းခမ်းနားနား လုပ်ခဲ့တယ်
ဟာအို့ပါးပါးရဲ့ စီးပွါးရေး မိတ်ဆွေတွေ တရုတ်ပြည်က နာမည်ကြီး company ကသူဌေးတွေ တက်ရောက်ကြတယ်
သူ့သားမက်လေး ဟန်ဘင်းရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ စီးပွါးရေး မှာတော်ပြီး သူ့company ခွဲကိုပင် အပ်ထားလို့ရကြောင်း အရမ်း အားကိုးရကြောင်းပါပါးက သူ့သူငယ်ချင်းတွေကို လိုက်ကြွားတော့ ဟာအို ကြားထဲကနေ ဂုဏ်ယူမိတယ်တရုတ်ကပွဲပြီးတော့ တစုံတဘင်း ကတော့ စိတ်တွေညစ်နေတယ်
မင်္ဂလာဆောင်ပြီးတာတောင် မင်္ဂလာဦးညက်ို မဖြတ်သန်းရဘဲ ဟာအိုက မာမားနဲ့ အိပ်ဦးမယ်
ကိုရီးယား ပွဲပြီးမှ တူတူနေကြမယ်ဆိုပြီး ပြောထားလို့ သူ့မှာ လက်ထပ်ပြီးတာတောင် တစ်ပတ်ကျော်လောက် တယောက်ထဲ အိပ်နေရတာဒီနေ့ သူတို့ ဂျယ်ဂျူက ဟန်ဘင်း မိဘတွေရှိတဲ့ မြို့ လေးမှာ beach wedding လုပ်မှာဖြစ်တယ်
ကမ်းခြေမှာ အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေရယ်နဲ့ မိသားစုတွေပဲ ပွဲလုပ်ကြမှာ
ပကာသနတွေ မပါဘဲ ပျော်စရာ ပွဲလေး ဖြစ်ဖို့စီစဉ်ထားကြတယ်ဒီပွဲပြီးမှ ဟာအိုက တူတူနေကြမယ် ပြောထားလို့ ဟန်ဘင်း တယောက် မနက်ထဲက ရင်ခုန် အူမြူးပြီး ဟာအို နားပက်ကျိလေးလို ကပ်ချွဲနေတယ်
ခုလည်း ဟန်ဘင်း အမေ coffee ဆိုင် အပေါ်ထပ် ဟန်ဘင်း အခန်းထဲမှာ ပွဲမစခင် ဟာအိုက သူ့ကို
ကိုယ်တိုင် make up ပြင်ပေးနေတုန်း ခါးကို ဖက်ကာ ပုကျိပုကျိ ကပ်ချွဲနေတယ်
ခဏနေတော့ အသည်းယားလို့ ဆိုကာ ထနမ်းပြီး နောက်ဆုံး နှုတ်ခမ်းကိုပါ ကိုက်လိုက်တယ်" မောင် အဲ့လိုဆိုးနေရင် ညကျရင် ထယ်ရယ် နဲ့ သွားအိပ်ပလိုက်မှာနော်"
YOU ARE READING
Be Mine 🎈🤍
FanfictionBinhao FanFic from Zero-cola Jie Jie 🌷Written in Burmese ❤️ 🎀အပြင် life ကအကြောင်းအရာလေးတွေ သူတို့ကြိုက်တတ်တာလေးတွေ moment လေးတွေကို အမှတ်တရအနေနဲ့ ထည့်သွင်းရေးသားထားတဲ့ fanfic လေးပါ🌸 💕Pure BinHao 💕