"ဂယူဘင် မင်းအတန်းတက်အုံးမှာလား"
ကန်တင်းမှာထိုင်နေတဲ့သူတို့သူငယ်ချင်းသုံးယောက်ထဲမှကျောင်းစာအပြင်ဘာမှမသိတဲ့သူ့သူငယ်ချင်း ယော့ ကမေးလိုက်သည်။
"သူလား လိုက်မှာမဟုဘူး ။သူဘယ်တုန်းက သောကြာနေ့အတန်းတက်ဖူးလို့လဲ အဲ့နေ့ကျောင်းတက်ရင်ပဲတစ်ခုခုဖြစ်တော့မလိုနဲ့ ငါတို့ပဲသွားတက်မယ် "
ဟောင်ဖွာ ဟောင်ဖွာလုပ်နိုင်လွန်းသည့် နေရာတကာစပ်စုစိန် သူမသိတဲ့အရာဘာမှမရှိဘူးဆိုတဲ့ ဟွန်း ကသူ့အစားဝင်ဖြေလိုက်သည်။
"ဟျောင့် မင်းကိုမေးနေတယ်လေး" ဟွန်း ကစိတ်မရှည်တော့သည့်လေသံဖြင့် ဂယူဘင်အား မေးလိုက်သည်။
ထိုစဉ်ဂယူဘင်မှ
"မင်းတို့တိတ်တိတ်နေမလား ဒီဝိုင်းရှင်းမလာ. .." ဂယူဘင်စကားအဆုံး သူ့သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျတ်နှာတစ်ယောက်ကြည့်ပီး မျတ်လုံးချင်းစကားပြောနေကြလေရဲ့။
" မရှင်းချင်ရင်တိတ်တိတ်လေးငါ့အနားကထွက်သွားပြီး အတန်းတက်ချင်ရင်သွားတက်ကြပါလား ငါအတန်းမတက်မှာသိသိကြီးနဲ့မေးနေတာမမောဘူးလား.."
ဂယူဘင်က တစ်ဦးတည်းသောသားဖြစ်တဲ့အပြင်မိဘတွေရဲ့အလိုလိုက်မှုကိုခံထားရတော့ ဆိုးချင်တိုင်းဆိုးနေတာတော့အမှန်ပါ။အချိန်ပြည့်ငွေရှာနေတဲ့သူ့မိဘတွေကြောင့် အမြဲအိမ်မှာတစ်ယောက်ထဲကျန်ခဲ့ရတာများပါတယ်။ ငွေကိုရေလိုသုံးနိုင်တယ်။ သုံးနိုင်သမျှကိုလဲ ရှာနိုင်တဲ့အထက်တန်းမိသားစုကပါ။ညီအကိုမောင်နှမမရှိတဲ့
ဂယူဘင် ဟာ အထီးကျန်တဲ့ဒဏ်ကို ငယ်စဥ်ကတည်းကခံစားလာခဲ့ရတဲ့သူပေါ့။
"ဒါဆိုလဲ ငါတို့အတန်းထဲသွားတော့မယ်" ယော့ မှထိုင်ရာကထပီး သူတို့နှစ်ဦးကြားဝင်ပြောလိုက်သည်။
"မင်း အတန်းမတက်တာ ဘယ်သွားမို့လဲ ၊တစ်ယောက်ထဲလျှို့ဝှက်ထားလိုက် ငါတို့သေသွားရင်တောင်ပြောပြပါ့မလား ။ငါ့ကိုလက်မှတ်ခိုးထိုးထားခိုင်းမို့တော့မပြောနဲ့ မထိုးပေးဘူး"
ဟွန်း ကပြောရင်းဆိုရင်း သူတို့ဝိုင်းထဲမှလှည့်ထွက်လာခဲ့သည်။ဒီလိုပါပဲ final yearsရောက်နေပြီးတာတောင်
ကလေးတွေလိုပါပဲ။
ယော့ ကတော့အေးအေးဆေးဆေးလေသံဖြင့်_
"စိတ်ထဲထားမနေနဲ့အဲ့ကောင်ကပြောသာပြောတာ မင်းအတွက်ဆို ထိပ်ဆုံးကရပ်တည်ပေးမဲ့ကောင်ဆိုဒါသိတယ်မလား ။သွားပြီး၊ဘိုင့်"
"အင်း"
ဟုပါတယ် သူတို့သုံးဦးကငယ်ငယ်ကတည်းကပေါင်းသင်းလာခဲ့တဲ့သူငယ်ချင်းတွေပေါ့။အိမ်နီးနားချင်းပြောမနာဆိုမနာတွေဆိုလဲမမှားဘူး၊ရင်ဘက်ကြီးနဲ့ပေါင်းသင်းတဲ့သူငယ်ချင်းတွေပါ။အကိုလိုတစ်မျိုးသူငယ်ချင်းလိုတစ်မျိုးပေါင်းသင်းလို့ရတဲ့သူတွေမို့ သူ့အတွက်တော့ကံအကောင်းဆုံးလက်ဆောင်တစ်ခုလိုဖြစ်နေလေရဲ့..။
ဒီလိုနဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကန်တင်းမှထွက်ခွာသွားကြလေသည်။
ဂယူဘင်ကတော့ ငြိမ်သက်နေတဲ့ ကန်ရေပြင်ကိုကြည့်ပီး အတွေးနယ်ချဲ့နေလေရဲ့.........