ဂယူဘင်တစ်ယောက်ယူဂျင်းနဲ့စကားပြောပြီးသည်နှင့်အိမ်သို့ပြန်ခဲ့သည်၊သူငယ်ချင်းတွေနဲ့မုန့်သွားစားတာကောယူဂျင်းလေးနဲ့သွားေတွ့တာကောကြောင့် အိမ်ကိုတော့အတော်လေးနောက်ကျမှပြန်ရောက်လာခဲ့သည်၊အတော်လေးလဲညဉ့်နတ်နေပါပြီး၊အိမ်ရောက်သည်နှင့် ဧည့်ခန်းထဲတွင် မာကြော အေးစက်နေသည့်မျက်နှာအနေအထားနဲ့ တည့်တည့်မတ်မတ်ထိုင်စောင့်နေသည် ဂယူ ရဲ့ အဖေ၊ဘေးနားတွင်ဘာကိုမှပြောလို့ရဟန်မတူသည့် စိတ်ပူနေသည် အမေ၊ သူမျတ်စိထဲတန်းတွေ့တာကတော့ သူရဲ့အဖေကိုပါ ကိစ္စတစ်ခုခုဖြစ်တော့မယ်ဆိုတာသူသိနေပါပြီး၊ဘာမှမပြောလိုတာကြောင့် ဂယူဘင်တစ်ယောက် သူ့အခန်းရှိရာလို့ လျှောက်သွားစဉ်-
" ဂ ယူ ဘင် "
သူ့အခန်းစီသို့သွားမို့ပြင်နေသည့်ခြေထောက်သည် သူ့အဖေ၏ခေါ်သံကြောင့် ဆက်မသွားဖြစ်တော့ချေ။
"သားလေး အဖေခေါ်နေတယ်လေးကွဲ့"
နှစ်ယောက်ကြားထဲမှာမပါလို့မရတော့တဲ့အခြေအနေ ကြောင့် သူ၏အမေကထိုင်ရာကနေ ဂယူဘင်ရှိရာလို့လျှောက်ထွက်လာခဲ့သည်၊စည်းကမ်းတင်းကျပ်လွန်းသည့်သူ၏အဖေနှင့်ပြသာနာမတက်စေချင်သော်ကြောင့်ဂယူဘင်၏အမေသည် သူ၏လက်ကိုဆွဲကာဆိုဖာပေါ်တွင် ထိုင်စေလိုက်ပြီး ဘေးတွင်သူ၏အမေသည်ဝင်ထိုင်လိုက်သည်၊
အခြေအနေကအရမ်းကိုတိတ်ဆိတ်နေတာပါ၊ ဘာစကားမှမပြောပဲ ဂယူဘင်၏အဖေဟာ တစိုက်မက်မက်သူ့ကိုစိုက်ကြည့်နေသည်၊စက္ကန့်တွေ၊မိနစ်တွေသာကုန်သွားတယ် စကားမပြောကြချေ၊အချိန်အတော်အတန်ကြာမှ
"ပြောစရာမရှိရင် မခေါ်နဲ့"
ဂယူဘင်က ခက်ထန်သည့်လေသံနဲ့ တိတ်ဆိတ်မှုကိုဖြိခွဲလိုက်သည်၊
"မင်း ပြန်လာတဲ့အချိန်ဘယ်အချိန်ရှိပြီလဲ" အေးစက်ခက်ထန်သည့်အသံနှင့်ဂယူဘင်၏အဖေ
" ဘယ်အချိန်ရှိနေပါစေ အိမ်ပြန်ရောက်ရင်ရပြီးမလား"
" မင်းငါ့ကိုတစ်ခွန်းမကျန် ပြန်မပြောနဲ့ မင်းဘာတွေလုပ်နေလဲ မင်းအဖေငါအကုန်သိတယ်၊ စာမေးပွဲကဒီနေ့ပဲပြီးတယ် အဆင့်အတန်းမတူတဲ့သူတွေနဲ့လိုက်ရောနေပြီး၊ မင်းမှာအဲ့သလောက်အချိန်ပေါသလား ၊ ကျောင်းလဲပြီးပြီး ကိုယ့်အဖေ COMPANY မှာကူပေးမို့စိတ်ကူးကောရှိသေးရဲ့လား"
"နေပါဦး ကျွန်တော်ဘာတွေလုပ်နေလဲ ဘာဖြစ်တာတွေကအစ လိုက်ကြည့်နေတာ မဟုတ်သေးဘူး ကလေးမဟုတ်တော့ဘူး လွတ်လွတ်လပ်လပ်ပေးနေ၊အခုမှ ကျောင်းကပြီးတာ၊အလုပ်မှာဝင်ကူပေးမယ်လို့တော့ မစဉ်းစားထားနဲ့"
"ဘာကွ...၊အာခံနေတာဘယ်သူအားကိုးနဲ့လဲ၊အလိုလိုက်ထားလို့ရောင့်မတက်နဲ့၊မင်းနဲ့ အသက်အရွယ်အတူ မင်းသူငယ်ချင်းတွေတောင် US သွားကြတော့မှာ၊မင်းကဒီမှာနေပြီး အလေလိုက်ချင်နေသေးတာလား"
"သူတို့သွားတာ သူတို့ကိစ္စ စိတ်မဝင်စားဘူး"
"မင်းကိုဒီတိုင်းမထားဘူး၊US ကိုမင်းသူငယ်ချင်းတွေနဲအတူတူပို့မို့ အမြန်စီစဉ်ရမယ်"
" အ ဖေ "
ဂယူဘင်တစ်ယောက်ဒေါသထွက်တဲ့စိတ်ကော၊စိတ်တိုတဲ့စိတ်ကောရောနေပြီး၊ကြားထဲကဝမ်းနည်းတဲ့စိတ်ကပါကြီးစိုးလာခဲ့သည်၊မွေးကတည်းက မိဘစိတ်တိုင်းကြနေခဲ့သော်လဲ ဘယ်သောအခါမှသူ၏စိတ်ကိုနားမလည်ပေးကြချေ၊စီးပွားရေးအတွက်သာအမြဲဦးစားပေးတဲ့သူ၏အဖေ သားကိုတစ်နေ့နေလို့ တစ်ခါတောင်မတွေ့ရချေ၊ဒါတွေကိုသူကြိတ်မှိတ်သည်းခံလာခဲ့သည်မှာ သူ့တစ်သက်ရှိနေပါပြီး၊
" မသွားနိုင်ဘူး ဒီတစ်ခါတော့ငြင်းပါရစေ၊အမြဲအဖေတို့စိတ်တိုင်းကြ အဖေတို့သဘောအတိုင်းနေခဲ့ပြီးပြီး၊ လွတ်လွတ်လပ်လပ်နေပါရစေ၊ဝါသနာပါတာတွေ၊ကိုယ်ဖြစ်ချင်တာတွေလုပ်ချင်တယ်၊အဲ့မို့အစီအစဉ်ကိုဖျက်လိုက်ပါ"
" သွားကိုသွားရမယ်၊အေ မင်းလွတ်လွတ်လပ်လပ်ေနချင်တယ်ဆိုလို့မင်းကိုအချိန် သုံးလပေးလိုက်မယ်၊သက်မှတ်ထားတဲ့အချိန်ပြည့်ရင်တော့ အစီအစဉ်ကိုလက်ခံပြီး US ကိုမင်းသွားရမယ်၊ အဲ့အချိန်ကျမှစီစဉ်တာတွေကို ဆက်ငြင်းရင် မင်းငါ့အဆိုးမဆိုနဲ့"
ဂယူဘင် အဖေသည်ပြောပြီးသည်နှင့် ဧည့်ခန်းထဲမှထွက်သွားလေသည်၊
ဘာမှကြံရာမရပဲ ထွက်နေတဲ့ဒေါသကိုသာပြန်ဖြေနေရတဲ့ဂယူဘင်တစ်ယောက်၊နှစ်သိမ့်ပေးစရာလူမရှိဘူး၊နွေးထွေးတဲ့ရင်ခွင်တစ်ခု၊ကြင်ကြင်နာနာနဲ့သူကိုနားချပေးမို့ တစ်စုံတစ်ယောက်မျှမရှိခဲ့ချေ၊
"သားရယ်၊ မင်းအဖေပြောတာကိုလက်ခံလိုက်ပါကွယ်၊သားအတွက်၊သားဘဝအတွက်ပဲပြောခဲ့တာပါ၊မင်းအဖေကိုစိတ်မဆိုးရဘူးနော်၊သွား အခန်းထဲသွားပြီး အနားယူတော့၊Goodnight နော်သား"
ပြောပြီးသည်နှင့်ဂယူဘင်အမေသည်လဲ ဧည့်ခန်းထဲမှ ထွက်ခွာသွားလေသည်၊
ဂယူဘင်ကတော့အတွေးများနေပြီး ဒီမိသားစုမှာဘာလို့လူလာဖြစ်တာလဲဆိုတာသူစဉ်းစားခန်းဝင်နေတုန်း၊သူ့ဘက်ကကော ဘယ်သူကနေပြီးစဉ်းစားပေးခဲ့ဘူးလို့လဲ သားထပ်အလုပ်ကိုအမြဲဦးစားပေးတဲ့ သူ့မိဘတွေကြောင့် သူတစ်ယောက်ထဲအမြဲလိုလိုအထီးကျန်နေခဲ့ရတာ အခုဆို သူ့တစ်သက်လောက်ရှိပါတော့မယ်၊ ဧည့်ခန်းကနေ လေးလံသောခြေလှမ်းများဖြင့် သူ့အိပ်ခန်းစီသို့အတွေးများနဲ့အတူတိတ်တဆိတ်ဝင်ရောက်လာခဲ့သည်၊အချိန်က ည 12 နာရီဝန်းကျင်လောက်ရှိနေပါပြီး၊ ဂယူဘင်တစ်ယောက်ဘာမှဆက်မလုပ်ဖြစ်ပဲ အိပ်ယာပေါ်သာပက်လက်ပစ်လှဲချလိုက်သည်၊ "ငါဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ"ဆိုတဲ့အတွေးကိုနယ်ချဲ့နေပြီး၊အားငယ်ဝမ်းနည်းနေတဲ့စိတ်ကြောင့် ဒီညလဲဂယူဘင်တစ်ယောက်အိပ်မပျော်နိုင်ချေ၊ ထိုအချိန်မှာပဲ ပါးထပ်သို့ပူနွေးသော မျက်ရည်များက စီးကျလာပြန်ပြီလေး~~~~