နေ့တစ်နေ့ကိုအစပြုမို့ ယူဂျင်းအရှိန်ယူထမို့ပြင်နေစဉ် ခပ်နွေးနွေးနေရောင်ခြည်နဲ့ အခန်းထဲသို့တိုးဝင်လာတဲ့ လေပြေညှင်းလေးတွေက သူ့ကိုမနိုးစေမို့ တွန်းအားပေးနေသလိုပင်။
" သားလေး မထသေးဘူးလားကွဲ့၊အလုပ်ကနောက်ကျတော့မှာနော်"
" ခဏလေးပါမေမေရယ် ( ၅ ) မိနစ်လောက်ပါပဲ နော်..."
ယူဂျင်းလေးမေမေက သူ့အဖေဆုံးပါးပြီးတဲ့နောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး ပြုစုစောင့်ရှောက်လာခဲ့ရတာပါ၊တစ်ဦးတည်းသောသားလေးမို့ ပြည့်ပြည့်စုံစုံထားချင်သောလဲ ကျန်းမာရေးမကောင်းတဲ့ အမေကြောင့် ယူဂျင်းလေးက အမေကိုတစ်ဖန်ပြုစုလုပ်ကျွေးနေရတဲ့သားလိမ္မာလေးပေါ့၊ လူမှန်းမသိတက်တဲ့အရွယ်ကစ ဖခင်မေတ္တာကိုငတ်မွန်းခဲ့ရတာပါ၊
" ကဲ ထတော့သားလေး၊မေမေ မနက်စာ ပြင်ထားပေးတယ် ထတော့နော်"
ပြောပြီးသည်နှင့် ယူဂျင်းမေမေအခန်းထဲမှ တိတ်တစ်ဆိတ်ထွက်ခွာသွားလေသည်
" အလုပ်က သွားရအုံးမှာလား၊ အလုပ်ဖွင့်ရက်ဆို အိပ်ချင်တာမှတစ်ပိုင်းသေနေတာပဲ"
ယူဂျင်းပွစိပွစိငြီးရင်း အိပ်ယာမှနိုးလာခဲ့သည်။"မေမေ သားသွားပြီးနော် ၊အိမ်မှာ လုပ်စရာရှိတာတွေထားထားနော်၊သားပြန်လာရင်အကုန်လုပ်ပေးမယ်"
"ရပါတယ်သားလေးရယ်၊စိတ်ဖြောင့်ဖြောင့်နဲ့သာသွား၊အလုပ်မှာအစစအရာရာ ဂရုစိုက်နော်သား၊ကားတွေ ဆိုင်ကယ်တွေသတိထားနော်"
" ဟုတ်ကဲ့ မေမေ"
ပြောပြီးသည်နှင့်ယူဂျင်းစက်ဘီးလေးနဲ့ အမြန်နင်းထွက်ခဲ့သည်။ အလုပ်လုပ်တဲ့ဆိုင်နဲ့အိမ်နဲ့က ခပ်နီးနီးလေးပဲမို့ ယူဂျင်းစက်ဘီးလေးကိုပဲအားကိုးဖြစ်တယ်၊ လမ်းတစ်လျှောက်မှာ အပင်အရိပ်လေးတွေရှိတာကြောင့် လေထုက နဲနဲအေးစက်စက်ဘက်ရောက်နေသည်၊ဆံစလေးတွေထဲတိုးဝင်လာတဲ့ လေပြေလေညှင်းတွေကိုထိတွေ့ခံစားရင်း သဘောကျရသော စက်ဘီးလေးကိုနှင်းနေရသည်မှာ သူသဘောကျတဲ့အရာတွေထဲကတစ်ခုပေါ့၊
လမ်းအချိုးအကွေ့ တစ်ခုရောက်တော့...
" ကျစ်....ဟာ"
ယူဂျင်း ဘရိတ်ကိုအသာကုန်ညှစ်လိုက်ပြီး စိတ်တိုဒေါသထွက်သော မျတ်ဝန်းများဖြင့် တစ်ဖက် ကားအမဲကြီးကိုစိုက်ကြည့်လိုက်သည်။စိတ်တိုဒေါသထွက်နေတာကြောင့် လူက ကားအမဲကြီးစီကိုဘယ်လိုရောက်သွားမှန်းမသိ
" ဒီမှာ ဒီမှာ လာနောက်နေတာလား သေတက်တယ်နော်"
ယူဂျင်းကားတံခါးကို အားအကုန်ဖြင့်ထုနေလေသည်၊
"လူ့အသက်တစ်ချောင်းကို ကစားစရာလို့ထင်နေတာလား လမ်းကအကျယ်ကြီးမမြင်ဘူးလား ကန်းနေလား "
ယူဂျင်းအပြောအဆုံးမှာ ကားတံခါးမှန်ဖြေးဖြေးချင်းကျဆင်းလာပြီး...
" ဆူလိုက်တာ ဘာလို့ဒီလောက်ဆူနေတာလဲ"
ဂယူဘင်သာဖြစ်သည်၊ကားထဲမှ hoodie အနတ်ကိုခေါင်းစွတ်ထားပြီး ယူဂျင်းဘက်လို့ဖြေးညှင်းစွာလှည့်ကြည့်ပြီးပြောလိုက်သည်၊
"အော်ခင်ဗျားကို" ယူဂျင်းစိတ်မှတိတ်တစ်ဆိတ်ရေရွတ်လိုက်သည်
" ခင်ဗျားကန်းနေပြီးထင်တယ် လူတစ်ယောက်လုံးစက်ဘီးစီးလာတာမမြင်ဘူးလား၊ခင်ဗျားကတစ်ကယ်ကိုကျွန်တော့အတွက်နတ်ဆိုးပဲ"
"မင်း ငါ့ကိုမှတ်မိတာလား ဒါမှမဟုတ် အမှတ်ထားထားတာလား ဒါမှမဟုတ် စာအုပ်ကိစ္စကြောင့် အစာမကြေဖြစ်နေတာလား"
" ဘာနေနေ ခင်ဗျားအပူလဲပါမနေပါဘူး မှတ်မိနေတယ်ဆိုတာကောင်းတဲ့မှတ်မိနေခြင်းမဟုတ်ဘူး သဘောပေါက်၊
စတွေ့ကတည်းက ခင်ဗျားလိုလူကိုထပ်မတွေ့ပါစေနဲ့လို့ပဲဆုတောင်းမိတာ၊အမှတ်ထားမို့ကဝေး"
"ခင်ဗျား ခင်ဗျားနဲ့ မင်းငါ့ထပ်ငယ်တယ်မလား အရမ်းစွာတယ်နော်၊လူကြီးကိုအဲ့လိုတွေပြန်ပြောရင် ငရဲကြီးမယ်ဆိုတာမင်းမိဘတွေမသင်ပေးထားဘူးလား"
မိဘတွေဆိုတဲ့စကားပါလာတာမို့ ယူဂျင်းတစ်ယောက်ဒေါသ ထောင်းခနဲထွက်လာပြီး ကားထဲမှာရှိနေတဲ့ဂယူဘင်အား လည်ပင်းနားက အိမ်ကျီအစုံကိုသူ့အရှေ့သို့အသာကုန်ဆောင့်ကာ ဆွဲယူမိလိုက်တယ် ...
"ဟို့ထားဆရာ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဒေါသထွက်နေရတာလဲ ပြောငါဘယ်လောက်ရော်ပေးရမလဲ မင်းကိုစက်ဘီးတစ်စီး ပြန်ဝယ်ပေးရမလား ကြိုက်တာပြော .."
ဂယူဘင်ပြောပြီးသည်နှင့် ယူဂျင်းဆွဲထားသည့်အိမ်ကျီစများကို သူ့လက်ဖြင့်ပုတ်ချပစ်လိုက်သည်
"အရာရာကို ငွေနဲ့စကားပြောရမယ်လို့ ခင်ဗျား မိဘတွေကလဲသင်ထားပေးတဲ့ပုံပဲ "
ယူဂျင်းသည်ပြောပြီးသည်နှင့် လဲနေသည့်စက်ဘီးကိုထူပြီး သူ့အရှေ့မှ ခပ်သွတ်သွတ်နင်းထွက်ခဲ့သည်၊ဆက်ပြောနေလျှင်အလုပ်ချိန်နောက်ကျတော့မှာမို့ အမြန်သာလှည့်ထွက်လာခဲ့လိုက်သည်
" ဘာလေးလဲဟ"
ဂယူဘင်မှာ အပြစ်မယူသည့်အပြင် အဓိပ္ပါယ်ဖွင့်လို့မရတဲ့ အပြုံးတစ်ခုကိုထစ်ခနဲပြုံးလိုက်လေသည်။
ထို့နောက် သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့နေရာသို့တစ်စိုက်မတ်မတ်မောင်းနှင်လာခဲ့လိုက်သည်
"မလာတော့ဘူး ထင်နေတာ၊တော်သေးတယ်ပေါ်လာသေးလို့"
ပွစိပွစိ အမြဲနာပူအောင်ပြောတက်တဲ့ ဟွန်း ကစကားစလိုက်သည်
"မပေါ်လာလို့ငါသေပေးရမှာလား"
"အေ သေ"
"ေ*ာက်ခွက်ဖြတ်ရိုက်မှာနော် မင်း"
"တော်ကြပါတော့ဟာ လာတာနဲ့ကိုက်နေတာကြီး၊
ဟျောင့် ဂယူ မင်းလာတဲ့အချိန်က ဘာလို့နောက်ကျတာလဲ တစ်ခုခုဖြစ်လို့လား"
ဟော့ မှကြားဝင်မေးလိုက်သည်
" မင်း ဗေဒင်ဟောစားပါလား"
"ဟောစားရမလား"
"လုပ်ထည့်လိုက်ရ၊ဟုတ်တယ် မင်းပြောသလိုပဲ လမ်းမှာလူတစ်ယောက်ကို ကားနဲ့ညှိတော့မလို့ အဲ့တာဖြေရှင်းနေတာနဲ့ နောက်ကျသွားတာ"
"မင်းဘာဖြစ်သွားသေးလဲ ၊ဘယ်လိုဖြစ်တာလဲ "
" ငါမသေလို့တွေ့နေရသေးတယ်မလား၊ဘာမှမဖြစ်ဘူး"
"တော်သေးတာပေါ့"
ကြားမှာ သူတို့နှစ်ယောက်စကားများနေသည်ကိုကြည့်နေသည့် ဟွန်းက
" မင်းတို့မနတ်စာ စားအုံးမှာလား၊ ဒီကကောင်ကဆာလှပြီး"
"ဆာရင်စား ဘယ်သူမှအငက်မထားဘူး"
ယော့မှဝင်ပြောသည်
"ပြီးတာပဲ"
ဟွန်း တစ်ယောက်တော့ စိတ်ရှိလက်ရှိ အတိုးချစားနေ၏။
"စကားဆက်အုံး ဘယ်ကကောင်နဲ့ သွားညှိတာလဲ ၊ငါ့
ကောင်ကိုထိရင်ငါမငြိမ်ဘူးနော်"
ယော့ မှစကားဆက်သည်
"ဒါနဲ့ ငါမေးစရာရှိတယ် ယော့"
"အင် မေးလေး"
"ငါ့ညှိခဲ့တဲ့ တစ်ယောက်က ငါ့အိမ်ကျီကိုဆောင့်ဆွဲတာသိလား သူ့အားလေးနဲ့ ဒေါသထွက်နေတဲ့မျတ်နှာကလဲ ကလေးစိတ်ဆိုးနေတဲ့အတိုင်းပဲ ပါးတွေကအနီရောင်သမ်းနေတာလေး မင်းသိလား၊သူနဲ့တွေ့တာ ဒါနဲ့ဆိုနှစ်ခါရှိပြီး ငါ့ကိုတောင်ပြောသွားသေးတယ် ငါကနတ်ဆိုးတဲ့ ခစ် ခစ်..."
"ဟင်။ မင်းဘာဖြစ်နေတာလဲ ဘာကိစ္စကြောင့် သွား၃၂ချောင်းပေါ်အောင်ရီနေတာလဲ ၊ရီစရာလဲမပါပါဘူး"
" သူ့ရဲ့မျက်လုံး ဝိုင်းဝိုင်းနဲ့ နူတ်ခမ်းဖူးဖူးလေးတွေက ငါအသဲယားတယ်ဟ ၊ ပြီးတော့ဒေါသတကြီး ငါ့ကိုဆူငေါာက်နေတာကော ခစ် ခစ်..."
"ဒီကောင် ဆေးစားမှားလာတာလား၊မရိုးတော့ဘူး၊ဟျောင့် ဟွန်း .."
ယော့က ဟွန်းကိုအလန့်တကြားအော်ခေါ်လိုက်သည်
"ငါ့ကိုခေါ်မနေနဲ့ တစ်ဝိုင်းထဲထိုင်နေတာငါအကုန်ကြားတယ် ပါးစပ်ကစား နားကနားထောင်နေတာ"
"ကြားရင်လဲ ပြောအုံး၊ဒီကောင်တော့ မရိုးတော့ဘူး"
"ထားလိုက်ပါ ၊ရင်ခုန်ရမဲ့အချိန်ရောက်ပြီးထင်တယ်၊လွှတ်ထားပေးလိုက်၊အေ ပြီးမှလာငိုယိုရင်တော့ ပိတ်ကန်မှာ"
သူတို့နှစ်ယောက်ပြောနေသည်ကိုဂယူဘင်တစ်ယောက်ကြားပုံမပေါ်၊သူ့အတွေးထဲမှာ ယူဂျင်းအကြောင်းကိုသာစဉ်းစားနေမိသည်၊ ယူဂျင်းကိုနောက်ထပ်တွေ့ရမို့အတွက် သူမျှော်လင့်နေမိသည်~~~~