"အမ ဒီစာအုပ်ဘယ်လောက်လဲဗျ"
ည ၇ နာရီဝန်းကျင်အိမ်နဲ့ခပ်လှမ်းလှမ်းမှာရှိနေတဲ့စာအုပ်ဆိုင်လေးထဲမှာ စာအုပ်ပေါင်းများစွာကို လိုက်ကြည့်ပီး သူ့စိတ်ကြိုက်စာအုပ်ကလေးတွေ့သွားသော ယူဂျင်၊ လိုချင်တာရရင်မျတ်နှာလေးကပြုံးနေတက်တယ်။ပြံုးလိုက်ရင် တစ်ခုခုကဆွဲဆောင်လိုက်သလို ဖြူစင်တဲ့မျတ်နှာလေးနဲ့ ပြုစားတက်တယ်လို့တောင် တင်စားရလောက်တယ်။အရွယ်မရောက်ခင်ကတည်းက အမေတစ်ခုသားတစ်ခုနေခဲ့ရတဲ့ယူဂျင်လေးဟာ အရာရာမှာစဉ်းစားချင့်ချိန်ပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက်သူလေးပါ။ကျောင်းကိုအထက်တန်းထိပဲ တက်ခဲ့ရပီး စီးပွားရေးမပြေလည်တာကြောင့် အမေကိုလုပ်ကိုင်ကျွေးနေရတဲ့ သားလိမ္မာလေးပေါ့။
" ၇၀၀၀ မောင်လေး ။မောင်လေးကံကောင်းသွားတယ်၊စာအုပ်ကတစ်အုပ်ပဲကျန်တော့တာ"
"တကယ်လားဗျ တော်သေးတာပေါ့"
"ရုပ်လေးကလဲချော၊စိတ်ထားလဲကောင်းဆိုတော့ကံကောင်းတာပေါ့၊ပီးတော့အမြဲလာဝယ်နေတာလဲပါမှာပါ"
"အာ မဟုပ်တာဗျ၊ ကျတော့်ကိုအဲ့စာအုပ်လေးထည့်ပေးနော်"
ပြောပြီးသည်နှင့်ယူဂျင်သည်စာအုပ်ကိုကောင်တာပေါ်တင်ပေးလိုက်သည်။ကျောပိုးအိတ်ထဲမှ ပိုက်ဆံကိုထုတ်ယူနေစဉ် -
"အမ ဒါကျတော်မှာထားတဲ့စာအုပ်ပဲ ကျတော်ယူမယ်"
အနောက်ကနေဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ ဂယူဘင်တစ်ယောက် ဘေးနားကလူကိုတောင်မကြည့်ပဲ သူဝယ်ချင်ဇောအတိုင်း စာအုပ်ကိုဆွဲယူလိုက်သည်။
ထိုစဉ် ယူဂျင်မှ -
"ဘာလုပ်တာလဲ"
ဂယူဘင်ဆွဲယူထားသည့်စာအုပ်ကိုကိုယ့်ဘက်သို့ပြန်ဆွဲယူလိုက်သည်။ဂယူဘင်သည်တစ်ဖက်ကိုကြည့်လဲမကြည့်သိလဲမသိပဲ -
"စာအုပ်က ၇၀၀၀ မလား၊ကျတော် ၂၀၀၀၀ပေးမယ်"ဂယူဘင်သည်ဘယ်သူ့ကိုမှဂရုမစိုက်သည့်ပုံစံဖြင့်ဆက်ပြောနေလေသည်။တစ်ဖက်သားဘာဖစ်နေလဲသူမသိ ၊သူသိတာ ဒီစာအုပ်ကိုရမို့ပဲ။
ဆိုင်ရှင်အမက - "မောင်လေး ဒါကဒီဘက်ကမောင်လေးယူလိုက်ပြီနော်၊အမနောက်နေ့ကျ ချန်ထားပေးပါ့မယ်၊ပြီးတော့မောင်လေးက ဒီနေ့ယူမယ်လို့လဲမပြောထားဘူးလေး မှာပဲမှာထားတာမလား"
"ကျတော် သူ့ထပ်ဈေးပိုပေးထားတယ်၊မရဘူးလား၊ဘယ်လောက်ထပ်ပေးရမလဲ၊၃၀၀၀၀လား ၄၀၀၀၀လား"
ဂယူဘင်သည်တစ်ဖက်သူကိုလုံးဝမကြည့်၊သူဖြစ်ချင်တာကိုပဲပြောနေလေရဲ့။
ယူဂျင်သည်စိတ်တိုဒေါသထွက်သောလဲငယ်ရွယ်ပြီးတည်ငြိမ်ရင့်ကျက်သောကောင်လေးပီပီဘာမှမပြောနေတော့ပဲ -
"အမ ဒီမှာ၇၀၀၀"
ယူဂျင်သည်ပိုက်ဆံပေးပြီးသည်နှင့်စာအုပ်ကိုဆွဲယူကာလှည့်အထွက်
" ခန "
ဂယူဘင်မှယူဂျင်လက်အားဖမ်းဆွဲလိုက်သည်။ယူဂျင်သည်ဖမ်းဆွဲထားသောလက်အားပုတ်ချလိုက်ပြီး ဂယူဘင် ဘက်သိူ့မျတ်နှာမူလိုက်သည်။ထိုစဉ်ဂယူဘင် သည် ယူဂျင်မျက်နှာအား ပထမဆုံး စတွေ့လိုက်သည်နှင့် အချိန်တွေအကုန်ရပ်တန့်သွားပြီး ကမ္ဘာကြီးမှာ သူတို့နှစ်ယောက်ပဲရှိတော့သလိုမျို့ အတော်အတန်ကြာအောင် ယူဂျင်း အားစိုက်ကြည့်မိနေလေသည်။
" အချိန်တွေတော်တော်အားနေတာလားဗျ "
ယူဂျင်ပြောလိုက်မှ ဂယူဘင် သည်သတိပြန်ဝင်လာပြီး -
" အော် အားတယ်လေး "
"ခင်ဗျားအားပေမဲ့ ကျတော်မအားနေဘူး၊တခြားဆိုင်မှာသွားဝယ်လဲရတာပဲဗျ ဘာလိုအချိန်ကုန်ခံနေတာလဲ"
" အပေါဆုံးက ငွေနဲ့အချိန်ပဲ "
ဂယူဘင်ပြန်ပြောသည့်စကားကြောင့် ယူဂျင်းထောင်းခနဲဖြစ်သွားပြီး တော်တော်ဒေါသထွက်သွားသည်။အတက်နိုင်ဆုံးစိတ်ကိုလျှော့လိုက်ပြီး -
" ဒါဖြင့် ဒီစာအုပ်ကိုလိုချင်တာလား၊ရတယ်လေး ကျတော်ပေးလိုက်မယ် ၊ပြန်မအမ်းနဲ့ "
"ငါကသူများပစ္စည်းကိုအလကားယူမယ်လို့ထင်နေတာလား ပိုက်ဆံပြန်ပေးမယ် ၊ဒါနဲ့ နာမည်က "
သောက်ကျိုးနဲမဆီမဆိုင် စကားကြောင့် ယူဂျင် ရုတ်တရက်အံ့ဩသွားပြီး -
"သိစရာမလိုဘူး" ဟု
ယူဂျင်သည်ပြောပြီးသည်နှင့်စာအုပ်ကို အတင်းထိုးပေးခဲ့ပြီး ဆိုင်အတွင်းမှထွက်ခွာလာခဲ့သည်။ထိုအချိန်သူ့ကျောပြင်အနောက်သို့ ဂယူဘင်တစ်ယောက်မျတ်လုံးကျွတ်ကျမတက် ငေးကျိနေမိသည်။
"မောင်လေး မောင်လေး "
"ဗျာ ဗျာ "
ဆိုင်ရှင်အမခေါ်သံကြောင့်အတွေးကမ္ဘာထဲကနေ ဂယူဘင်တစ်ယောက်ရုန်းထွက်လာနိုင်ခဲ့သည်။
"အမ ဆိုင်ပိတ်ချိန်ရောက်တော့မှာမို့ ဒီစာအုပ်ကမောင်လေးယူသွားမှာလား"
"ကျတော် မယူဘူး၊သူ့ကိုပဲပြန်ပေးလိုက်၊နောက်နေ့ကျရင်တော့ ကျတော့်အတွက်ထားထားပေး၊ဒါနဲ့ အမတို့ဆိုင်ကိုသူလာနေကြလား၊တခါမှမဆုံဖူးဘူး၊ကျတော်လဲအမဆိုင်ကိုလာနေကြပဲဟာ"
"အော် အဲ့ဒါလား ယူဂျင်းလေးတို့ကအမတို့ရပ်ကွက်ကိုပြောင်းလာတာမကြာသေးဘူးလေး၊ရောက်ကတည်းကအမဆိုင်ကိုအမြဲလာတယ်၊ဖောက်သည်လိုဖြစ်နေပြီး၊မောင်လေးထပ်တော့ သုံးနှစ်လောက်ငယ်မယ်ထင်တယ်၊မောင်လေးနဲ့ဆိုဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်ပေါ့"
"ဘယ်သူမေးလို့လဲ"
"......."
ဆိုင်ရှင်အမသည်စိတ်ပျက်သောမျတ်နှာထားဖြင့်
ဂယူဘင်အားကြည့်နေလေသည်။
ဂယူဘင်သည် ဆိုင်ထဲမှခပ်သွက်သွက်ထွက်ခွာခဲ့ပြီးစိတ်ထဲတွင် "ယူဂျင်"ယူသောနာမ်းစားလေးကိုပဲတစ်တွတ်တွတ်ရေရွက်မိနေလေသည်။.......
YOU ARE READING
ကိုကို့ရဲ့မူပိုင်~~~
حركة (أكشن)ဇာက်လမ်းအိမ်ကရေးတက်သလောက်ရေးထားတာပါ ဖတ်ပေးကြပါအုံးနော်🤎