Part 4

96 12 0
                                    

" ဟျောင့်တွေ စာမေးပွဲပြီးပြီးဆိုတော့ ဘယ်ကိုလစ်ကြရင်ကောင်းမလဲ"
သူငယ်ချင်းသုံးယောက်ကျောင်းဝင်းထဲမှ အပြင်သို့ခပ်ဖြေးဖြေးလမ်းလျှောက်လာရာမှ ဟွန်း မှစကားအစချီလိုက်သည်၊
" အရင်ဆုံးဗိုက်ဖြည့်ချင်တယ် ဆာနေပြီးဟ"
ယော့ ကတော့ဗိုက်ဆာနေဟန်တူပါတယ်
ဂယူဘင်ကတော့တိတ်တဆိတ်သာ လမ်းကိုအသာလေးလျှောက်လှမ်းနေမိသည်၊သူသိနေတာက သူငယ်ချင်းတွေအရင်လိုမဆုံနိုင် တော့မှာကိုပါ၊ ငယ်ငယ်တည်းကအတူပုခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းတွေပါ၊ကျောင်းပြီးရင် ကိုယ့်လမ်းကိုယ်လျှောက်ရတော့မဲ့အချိန်ဆိုတော့ အရင်လိုပြန်ဆုံမိူ့က မသေချာတော့ဘူးမဟုတ်လား...
"ဟျောင့် ဘာလို့တိတ်နေတာလဲ မင်းမဆာဘူးလား တစ်ခုခုသွားစားရအောင်လေး"
ယော့မှ ဂယူဘင်ကိုမေးလိုက်သည်၊
" စားလေး ဘယ်မှာစားမလဲ "
" အစားအသောက်ရှယ်ကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ် ငါပြမယ်"
ဟွန်းက ဦးဆောင်ပြီး သူငယ်ချင်းသုံးယောက် စားသောက်ဆိုင်သို့ဦးတည်မောင်းနှင်လာခဲ့သည်၊
စကားတပြောပြောနဲ့ သူငယ်ချင်းသုံးယောက်မောင်းလာသည့်ကားမှာ ခနအတွင်းပင် စားသောက်ဆိုင်လို့ဆိုက်ရောက်လာခဲ့သည် ၊
"ကဲ မှာစရာရှိတာမှာကြလေး ငါသွားစရာရှိသေးတယ်"
ဂယူဘင်ကစကားစလိုက်သည်
"ဘယ်ကိုတုန်းဟ အခုမှဆိုင်ရောက်တာကို ဖင်ပူအောင်ထိုင်ပါအုံး၊အစားဆိုတာအလောတကြီးမစားရဘူး၊အရသာခံပြီးစားရတာ" ဟွန်းကတော့ အစားသောက်ကြိုက်သူပီပီ အပြီဆွဲမို့ စိတ်ပြင်ဆင်လာပုံပါ
" မင်းက ဘယ်သွားမို့လဲ ဒီမှာစားပြီးရင် တစ်နေရာရာလစ်ကြရအောင်လေး ငါတို့နဲ့အတူတူမသွားဘူး"
ယော့မှ စကားဆက်လိုက်သည်၊
" ငါတစ်ကယ်သွားစရာရှိလို့ပါ မင်းတို့နဲ့နောက်နေ့အတူတူသွားရင်ရပြီမလား ဒီနေ့တော့ငါ့ကိုခွင့်လွှတ် ၊အော် ပြီးတော့ မင်းတို့ဘာသာမင်းတို့ပြန်လို့ရတယ်မလား ငါကားယူသွားမယ် ဖြစ်တယ်မလား မဖြစ်လဲဖြစ်လိုက်တော့"
"ဟာ လုပ်ပြီး မင်းက၊ဘယ်သွားမို့လဲ ငါတို့လဲလိုက်မယ်လေး"
"မရလို့မခေါ်တာလေး ဘာတွေဖင်ရှည်၊ မင်းတို့နှစ်ယောက်ရှိတာပဲ သွားကြပေါ့ ၊အေးဆေးပဲကို"
"တစ်ကယ့်ကောင် မင်းအခုတလော အချိုးတွေပြောင်းနေတယ်နော်၊ငါတို့ကိုလျှိုထားတာမလား၊တစ်ခုခုပဲဒီကောင်မရိုးဘူး၊ပြော စော်ရနေပြီးလား မင်း"
" ရစရာသောက်ကြောင်းကို မရှိတာ ၊မင်းတို့တအားလျှာရှည်တာပဲဟာ၊မြန်မြန်စားကြ"
"အေးပါ၊လျှိုထားတာမိလို့ကတော့မင်းမလွယ်ဘူး"
ဒီလိုနဲ့စကားကိုရပ်ပြီးသူငယ်ချင်းသုံးယောက်အစားကိုခပ်သွက်သွက်လေးသာ စားလိုက်ကြသည်
"ကဲ စားပြီးပြီးဆိုတော့ ငါသွားပြီး ဟျောင့်တို့၊  ဘိုင့်"
" အေအေ ဂရုစိုက်မောင်း"
ဒီလိုနဲ့ဂယူဘင်တစ်ယောက် သူ့စိတ်စေရာ နေရာသို့တည့်တည့်မတ်မတ်မောင်းလာခဲ့လိုက်သည်၊အိမ်နဲ့မနီးမဝေး coffee ဆိုင်လေးတစ်ခုစီကိုပေါ့၊သူအရမ်းတွေ့ချင်တဲ့ တစ်ဦးတည်းသောတည်ရှိရာနေရာလေးပေါ့ ၊ စာအုပ်ဆိုင်ကအမပြောပြချက်တွေအရ ဒီနေရာလေးကိုသိလာရပြီး သူအမြဲတွေ့ချင်နေတဲ့ တစ်ဦးတည်းသောသူ၊ကျောင်းကိစ္စကြောင့် တွေ့ချင်စိတ်ကိုမြိုသိပ်ထားရပေမဲ့ အခုအချိန်မှာတော့ မြိုသိပ်ထားရတာတွေကို ဖွင့်ချလို့ရပြီးမဟုတ်လား၊အမြဲလိုလိုစည်းကမ်းတင်းကျပ်တဲ့ မိဘတွေကြောင့် မိဘတွေသဘောကျသလိုနေခဲ့သော်လည်း ကျောင်းပြီး ဘွဲ့ရတော့မဲ့သူတစ်ယောက်အနေနဲ့ သူလုပ်ချင်တာတွေကိုသူလုပ်ဖြစ်တော့မယ်ထင်ပါတယ်၊
ဒီလိုနဲ့ ကားအနတ်တစ်စီးက coffee ဆိုင်လေးအတွင်းသို့ တစ်လှိမ့်လှိမ့်နဲ့ရောက်လာခဲ့ချေပြီ၊ဆိုင်လေးက လူသူသိပ်မပေါက်လို့ အတွင်းမှာတော့တိတ်ဆိတ်နေဟန်တူပါတယ်၊‌ဆိုင်ရဲ့ဘေးဘက်မှာ သစ်ရိပ် ဝါးရိပ် တွေအရမ်းများတာကြောင့် သစ်ရွက်အချင်းချင်း ပွတ်တိုက်သံတောင်ကြားရတော့မလိုပါ၊ အချိန်က ညနေ 7 နာရီလောက်ရှိနေပြီး ညလေအေးလေးတွေကတဖြူးဖြူးတိုက်ခက်နေတဲ့အချိန်ပေါ့၊ဂယူဘင်တစ်ယောက်ကားကို ဆိုင်ရဲ့ ဘေးတစ်ဖက်နေရာလွတ်တစ်နေရာတွေရပ်လိုက်ပြီး ဆိုင်အတွင်းသို့တိတ်တဆိတ်ဝင်လာခဲ့သည်၊ ကံဆိုးချင်တော့ ဆိုင်ကပိတ်ခါနီးအချိန်မှ ဂယူဘင်ကရောက်လာတာပါ၊
" အမ ဆိုင်ကပိတ်တော့မှာလားဗျ"
ကောင်တာမှာထိုင်ပြီး လုပ်စရာရှိတာလုပ်နေတဲ့ အမကိုသူလှမ်းမေးလိုက်သည်
"ဟုတယ်မောင်လေး ဆိုင်ကပိတ်ပြီနော်၊အချိန်မသိလို့ထင်တယ် အားနာစရာကြီး ဆိုင်ကပိတ်တော့မယ်ဆိုတော့လေး..."
" အော် ဟုတ် ရပါတယ်ဗျ၊ဟိုလေး ဒီမှာအလုပ်လုပ်တဲ့ တစ်ယောက်လေး ဟန်ယူဂျင်း ဆိုတဲ့တစ်ယောက်လေး သူကပြန်သွားပြီလားဟင်"
"ဟုတ်တယ် အခုလေးတင် စက်ဘီးနဲ့ထွက်သွားတာ၊နဲနဲလေးလွှဲသွားတယ်ထင်တယ်၊ယူဂျင်းကိုလာရှာတာလား ကိစ္စရှိလို့လားဟင်၊အမ ဘာပြောပေးရအုံးမလဲ"
"ရတယ်အမ ကျေးဇူးပါနော်၊ ကျွန်တော့ကိုခွင့်ပြုပါဦး"
ပြောပြီးသည်နှင့်ဂယူဘင်းတစ်ယောက် ခပ်မြန်မြန်ကားပေါ်သို့ပြေးတက်လာခဲ့ပြီး  ယူဂျင်းပြန်သွားသည့်လမ်းအတိုင်း အရှိန်တင်ကာမောင်းနှင်လာခဲ့သည်၊မကြာပါဘူး စက်ဘီးနဲ့လူငယ်လေးတစ်ယောက်ကိုသူ့မျတ်စိထဲမြင်လာရသည်၊ဂယူဘင်တစ်‌ယောက် စက်ဘီးအရှေ့သို့ ကားကိုပိတ်ရပ်ပစ်လိုက်သည်၊
"ဟာ...."
ယူဂျင်းတစ်ယောက်အလန့်တကြားနဲ့ စက်ဘီးကို ရပ်ပစ်လိုက်ရသည်။လမ်းကမှောင်လဲမမှောင်သလို လင်းလဲမလင်းနေတဲ့အနေအထားမျိုးပါ ၊လမ်းသွားလမ်းလာ လူသိပ်မရှိတာကြောင့် အရာအားလုံးကတိတ်ဆိတ်နေသလိုပင်
ဂယူဘင်တစ်ယောက်ကားပေါ်ကဆင်းလာပြီး
"အိမ်ပြန်ပြီးလား ဆိုင်ရောက်ခဲ့သေးတယ်၊မင်းကိုမတွေ့လို့လေး လိုက်လာရတာ "
"ခင်ဗျား ရူးနေလား၊ခင်ဗျားပဲလား နှစ်ခါရှိပြီးနော် တမင်သပ်သပ်လိုက်နှောက်ယှက်နေတာလား၊စာအုပ်ကိစ္စကြောင့်လား"
"လိုက်နှောက်ယှက်နေတာမဟုတ်ပါဘူး၊မင်းကိုတွေ့ချင်လို့ ငါလာရှာတာ မင်းမရှိတာနဲ့မင်းရှိတဲ့နေရာထိငါလိုက်လာတာလေး"
"တွေ့စရာဘာကိစ္စရှိလို့လဲ၊တွေ့စရာဘာအကြောင်းမှလဲမရှိဘူးထင်တယ်"
ယူဂျင်းပြောပြီးသည်နှင့် ကားကိုရှောင်ကာ ဂယူဘင်ဆန့်ကျင်ဘက်သို့လှည့်ထွက်လာခဲ့သည်၊
"နေပါဦး..."
ဂယူဘင်သည် ဟန်ယူဂျင်းလက်ကို လှမ်းဆွဲလိုက်ပြီး
"ခနနေပါဦး ပြောစရာတွေကျန်သေးတယ် မပြီးသေးဘူး
ခနလောက်စကားပြောချင်တယ် ရမလား၊အခုဒေါသမထွက်ပဲတစ်ခါလောက် စကားပြောပေးပါလား"
"ခင်ဗျားနဲ့က တစ်ကယ်ရေစက်ဆိုးပဲ၊ပြောစရာတွေအဲ့လောက်များနေရအောင် ကျွန်တော်နဲ့အရမ်းခင်နေတာလား၊ ကျွန်တော်မပြောချင်ဘူး၊ကျွန်တော့လက်ကိုလွှတ်"
ယူဂျင်း ရုန်းသော်လဲ အားချင်းမမျှတာကြောင့် ရုန်းမို့ကခက်လှသည်
" ခနလေးပဲလို့ မင်းကိုပြောနေတယ်"
ဂယူဘင်သည် အေးစက်ခက်ထန်သောလေသံအမာကိုအသုံးပြုလိုက်တာကြောင့် ယူဂျင်းတစ်ယောက် နားမလည်နိုင်သော မျက်လုံးများဖြင့် ဂယူကိုအဆက်မပြက်ကြည့်နေမိသည်၊
" အရင်ဆုံးကျွန်တော့်လက်ကိုလွှတ်လိုက်၊ ပြီးမှစကားဆက်ပြော"
ဂယူဘင်သည် ယူဂျင်းလက်လေးအားဖြေးညှင်းစွာလွှတ်လိုက်ပြီး...
" မင်းငါနဲ့ ခနလိုက်ခဲ့၊စက်ဘီးက ဒီမှာပဲထားခဲ့လိုက်၊စကားကခနပဲပြောမှာပါ"
"ဘယ်ကိုလဲ ဒီမှာပြောလဲရတာပဲ၊စက်ဘီးကထားခဲ့ရင်သူများယူသွားမှာပေါ့၊ဒီမှာပဲပြော"
"ဒါဆိုလဲငါကားထားခဲ့လိုက်မယ်၊လမ်းလျှောက်ရင်းစကားပြောကြတာပေါ့၊မင်းကတော့စက်ဘီးယူသွား၊မင်းအိမ်ထိလိုက်ပို့ပေးမယ် စကားပြောရင်း"
"ပို့စရာမလိုဘူး၊ပြောပြီးတာနဲ့ပြန်"
"အမ် သဘောပါဗျာ..."
ဒီလိုနဲ့နှစ်ယောက်သား တစ်ဖြေးဖြေးလမ်းလျှောက်လာရာမှ
" မင်းငါ့ကိုဘာဖြစ်လို့ဒီလောက်ဒေါသထွက်နေရတာလဲ၊မင်းနဲ့တွေ့တဲ့အခါတိုင်း အမြဲရန်တွေ့ခံရတယ်၊ပြီးတော့ ငါ့ကိုမကျေနပ်နေတာတွေရှိလား တစ်ခါထဲပြောလေး ဒီနေ့အကုန်ကြေအေးချင်တယ်၊ပြီးတော့ သူငယ်ချင်းလဲဖြစ်ခွင့်ရှိမလားလို့ပါ"
"ခင်ဗျားနဲ့ တစ်ကယ်မဆုံချင်ဘူး ၊ သူငယ်ချင်းလဲမဖြစ်ချင်ဘူး"
"ဘာလို့လဲ ငါကတော့ မင်းကိုတွေ့ချင်လွန်းလို့ ငါ့သူငယ်ချင်းတွေကိုတောင်ပစ်ထားခဲ့တာ၊ပြီးတော့မင်းကိုစိတ်ပျက်အောင်ငါတစ်ခါမှလဲမလုပ်ဖူးပါဘူး"
" တစ်ဖက်သက်တွေလိုက်လုပ်မနေပါနဲ့၊ သူငယ်ချင်းလဲမဖြစ်ချင်ဘူး၊ဘာမှလဲမဖြစ်ချင်ဘူး၊ကျွန်တော်အေးဆေးပဲနေချင်တယ် ခင်ဗျားတို့လို့ငွေစကားအရမ်းပြောတဲ့သူ၊အရမ်းချမ်းသာတဲ့သူတွေနဲ့သူငယ်ချင်းဖြစ်မို့အချိန်လဲကျွန်တော့မှာမရှိဘူး"
" ပိုက်ဆံကအရေးမကြီးဘူး ၊ပိုက်ဆံရှိတာကိုဘေးဖယ်ပြီး သာမာန်လူတစ်ယောက်အနေနဲ့ ပဲကြည့်ပေး၊မင်းနဲ့ခင်ချင်တယ်"
ဂယူဘင်သည် ယူဂျင်းနဲ့မျတ်လုံးချင်းဆုံလိုက်ပြီး သူလိုချင်တောင်းတနေသည့် အဖြေအား ရရန်ကြိုးစားနေမိသည်
"ထားပါတော့၊ကျွန်တော်လဲအဲ့လောက်ဆိုးနေတဲ့သူမဟုတ်ဘူး၊ခင်ပါ"
"တစ်ကယ်လား..."
"အင် "
ဂယူဘင်တစ်ယောက် ဝမ်းသာပိတိဖြစ်နေသောအပြုံးကို ယူဂျင်းမြင်အောင်ပြုံးပြလိုက်သည်၊သူ့အတွက်တော့ အရမ်းပျော်ရွှင်ရတဲ့နေ့လေးပေါ့၊
" မင်းက ငါ့ထပ်ငယ်တယ်မလား၊ကြည့်ရတာငယ်မယ်ထင်တယ်၊အသက်ဘယ်လောက်ရှိပြီလဲ"
" အမ်.. ၁၆"
" အော် ငယ်တာပဲ၊ ဟျောင်း လို့ခေါ်ပါလား"
" မခေါ်ပါဘူး ၊ခေါ်စရာလား"
" ကိုယ့်ထပ်အကြီးကို ဟျောင်း လို့ခေါ်ရတယ် ကလေးလေးရဲ့"
" ဘယ်လိုတွေခေါ်နေတာလဲ၊ခင်မင်မှုကိုအခွင့်ကောင်းမယူနဲ့"
"အဲ့တာဆို ဟျောင်းလို့ခေါ်လေး မခေါ်ရင် ဟျောင်းအိမ်အထိလိုက်လာမှာ မရဲဘူးမထင်နဲ့"
" ဘယ်လိုလူနဲ့လာတွေ့နေတာလဲ၊ဒါမှန်းသိရင်အစတည်းကမခင်ဘူး သူငယ်ချင်းလဲမလုပ်ဘူး"
"ဒါလေးခေါ်တာဘာဖြစ်လို့လဲ ၊အပန်းမကြီးပါဘူးနော် နော်နော်၊ခေါ်ကြည့်"
"ဟျောင်း...၊ရပြီလား"

--- ------------- ------ -----
အမှားပါရင် ခွင့်လွှတ်ကြပါအူံးနော်🙇

ကိုကို့ရဲ့မူပိုင်~~~Where stories live. Discover now